Print

ခေါင်းထိခိုက်မိသောအခါလုပ်ဆောင်ရမည့်အရေးပေါ်နည်းလမ်းများ

  30-Oct-2016
Preview Image

- ခေါင်းထိခိုက်မိသော အခါ ၏ ဦးခေါင်းခွံနှင့် ဦးနှောက်ကိုထိခိုက်စေနိုင်ပါသည်

။ ဒဏ်ရာကြောင့်အခြေအနေ မှာ သာမန်အဆင့်မှ ဆိုးရွားသည့် အဆင့်ထိ ဖြစ်နိုင်ပါသည်။

- ပွင့်ထွက်သည့်ဒဏ်ရာ (သို့မဟုတ်) ပိတ်နေသည့် ဒဏ်ရာ (၂) မျိုးရှိပါသည်။ ချွန်ထက်သောအရာနှင့်ထိခိုက်မိလျှင် ပွင့်ထွက်သည့်ဒဏ်ရာကို ဖြစ်စေနိုင်ပြီး တုံးသည့်ပစ္စည်းကြောင့် ဆိုလျှင် ပိတ်သည့်ဒဏ်ရာမပွင့်ထွက်သော ဒဏ်ရာကိုဖြစ်စေပါသည်။အပြင်ရှိဒဏ်ရာမှာမဆိုးရွား မပွင့်ထွက်သော်လည်း ဦးခေါင်းခွံ အတွင်းတွင် ပြင်းစွာသော သွေးယိုစိတ်မှု ဖြစ်နိုင်သည်ကို သတိပြုစေချင်ပါတယ်။

 

လက္ခဏာများ

*************

- ခဏ (သို့မဟုတ်) အကြာကြီး သတိမေ့ခြင်း။ (coma)

-မူးဝေနေခြင်း။

- သွေးယိုခြင်း။

- အန်ခြင်း။

- နှာခေါင်းမှအရည် (သို့) သွေးထွက်ခြင်း။

- မျက်စိအမြင်၊ နားအကြား၊ လျှာအရသာ ထိခိုက်ခြင်း။

- နှလုံးခုန်မမှန်ခြင်း။

- တက်ခြင်း။

- ခြေ၊ လက်၊ ကိုယ်မလှုပ်နိုင်တော့ခြင်း။

- စိတ်အနေအထား မမှန်တော့ခြင်း။

 

လုပ်ဆောင်ရန်များ

******************

- ထိခိုက်ဒဏ်ရာအား ရေခဲတင်ပါ။

- ဒဏ်ရာအရွယ်အစား သေးသော်လည်း အခြေအနေဆိုးရွားခြင်းလည်းဖြစ်နိုင်ပါသည်။

- သွေးထွက်ခြင်းရှိမရှိ စစ်ဆေးပါ။ (သွေးထွက်လျှင်ဖိထားပေးပါ)

- နှလုံးမခုန် အသက်မရှူမရှူ စစ်ဆေးပါ။ (နှလုံးမခုန်၊ အသက်မရှူတော့လျှင် အရေးပေါ် အသက်ကယ်နည်းစလုပ်ပါ။)

- အန်နေလျှင်၊ သတိလစ်နေလျှင် ကိုယ်တစ်ဖက်စောင်းထားပေးပါ။

- မအန်ပါက လူနာကို တည့်တည့်အနေအထား အိပ်ပါစေ။

- လူနာကို မလှုပ်ရှားစေရပါ။ (ဦးထုပ်ဆောင်းထားလျှင် မချွတ်ပစ်ပါနှင့်)

- ၂၄ နာရီစောင့်ကြည့်ပါ။ (အန်ခြင်း၊ သတိမကောင်းတော့ခြင်း၊ နားနှာခေါင်းမှ သွေးယိုခြင်း၊ တက်ခြင်း) များဖြစ်လျှင် ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ပေးပါ။

 

ဒေါက်တာ ခြူ းမျက်ချယ်

၈.၁၀.၂၀၁၅

Ref: First Aid



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18