အစားမစားနိုင်သောရောဂါ (Anorexia Nervosa)
29-Sep-2018
အစားမစားနိုင်သောရောဂါ (Anorexia Nervosa) ဟာ စိတ်ကြောင့်ဖြစ်တဲ့ အစားမစားနိုင်ခြင်းဖြစ်ပါတယ်။ စားရမဲ့ သောက်ရမဲ့မို့မစားနိုင်တာ၊
ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် (ဥပမာ အစာအိမ်ရောဂါ) ကြောင့် မစားနိုင်တာမျိုး
မဟုတ်ပါဘူး။
အရိုးတွေပေါ်အောင် ပိန်နေမှ လှတယ်ထင်တာကြောင့် လိုလို၊
ဝပြီး အဆီပိတ်ရောဂါထူမှာ ကြောက်တာကြောင့်လိုလိုနဲ့ အစားတွေရှောင်တာက စတတ် ပါတယ်။ တဖြည်းဖြည်းနဲ့
ပုံမှန်မဟုတ်တော့တဲ့ ကိုယ်အလေးချိန် လျှော့နည်းတွေ၊ အမူအကျင့်တွေကို ရောက်လာတာပါပဲ။
ကိုယ်အလေးချိန်လျော့အောင်လို့ လေ့ကျင့်ခန်းတွေကိုလည်း
မတရား လုပ်တတ် ပါသေးတယ်။ သူများအမြင်မှာ ဘယ်လောက်ပဲ ပိန်ပိန် သူတို့စိတ် သူတို့အမြင်မှာတော့
ပုံပျက်ပန်းပျက် ဝတယ်လို့ပဲ ယုံကြည်နေတတ်လို့ ကိုယ်အလေးချိန်လျော့အောင် အစားမစား၊ လေ့ကျင့်ခန်း
နင်းကန်လုပ်နဲ့ အတောမသတ်ပါဘူး။ ခန္ဓာကိုယ်ကလည်း အရိုးပြိုင်းပြိုင်း၊ အရောင်အသွေးခန်းခြောက်၊
မျက်တွင်း ငေါငေါနဲ့ ကြောက်စရာဖြစ်လာပါတယ်။
ဆယ်ကျော်သက်တွေကြား ဒီရောဂါအဖြစ်များပြီး ယောက်ျားလေး
မိန်းကလေး ဖြစ်နှုန်းက ၁း၁၀ ရှိပါတယ်။ သုံးပုံနှစ်ပုံမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါ
လက္ခဏာတွေ ပြတတ်ပြီး သုံးပုံတစ်ပုံ သတ်သေနှုန်း ရှိလို�

