Print

သခွားသီးရဲ့ အကျိုးကျေးဇူးများ

  30-Aug-2019
Preview Image

သခွားသီးတစ်လုံးမှာ ဗီတာမင် B 1၊ B2 ၊ B6 ၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် C ၊ဗီတာမင် K ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ အစုံပါဝင်ပါတယ်။သခွားသီးဟာ ရေဓာတ်တွေ အများကြီးပါဝင်တာကြောင့် အသားအရေကို စိုပြည်လှပစေတယ်ဆိုတာတော့ လူတိုင်းက သိပြီးသားဖြစ်ပါလိမ့်မယ်။ သခွားသီးဟာ အသားအရေအတွက်သာမကဘဲ အခြားသော နည်းအမျိုးမျိုးနဲ့လည်း လူတွေကို အကျိုးပြုနေပါသေးတယ်။ သခွားသီးစားခြင်းဟာဆိုရင် အဝလွန်တဲ့ပြဿနာတွေ ၊ ဆီးချိုရောဂါတွေနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတယ်လို့လည်း သိရပါတယ်။ သခွားသီးရဲ့ ၉၀ ရာနှုန်းလောက်မှာ ရေဓာတ်တွေပါဝင်နေတာကြောင့် နေပူအိုက်စပ်ထဲကပြန်လာတဲ့ အချိန်မျိုးမှာ တခြားအချိုရည်တွေ သောက်မနေဘဲနဲ့ သခွားသီးကို ၇ စိတ်လောက် စားပေးတာနဲ့ လန်းဆန်းမှုကို ပြန်လည် ရရှိစေမှာပါ။ အကယ်လို့ သင်ဟာ အများကြီးမစားချင်ရင်တော့ ရေစိမ်ထားတဲ့ သခွားသီး သုံးစိတ်လောက်ကို စားလိုက်တာကလည်း သင့်ကို ပြန်လည်လန်းဆန်းလာစေမှာပါ။

အသားအရေအတွက်ကတော့ သခွားသီးက ကောင်းကျိုးများပါတယ်။ သူဟာ အသားအရေ ကျိန်းစပ်တာတွေ ရောင်ရမ်းတာတွေကို ဖြည်းဖြည်းလေးပွတ်ပေးတာနဲ့ သက်သာစေပါတယ်။ နေလောင်နေတဲ့ သင့်အသားအရေကိုလည်း သခွားသီးစိတ်လေးတွေကို ကပ်ထားလိုက်တာနဲ့ ပြန်လည်ဝင်းပလာစေပါလိမ့်မယ်။ အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချုင်ရင်တော့ သခွားသီးကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးလိုက်ပါ။ သခွားသီးမှာ ပါတဲ့ phyto ဆိုတဲ့ ပစ္စည်းဟာ အရေပြားကို တင်းရင်းစေပြီး အပေါ်ယံအလွှာကို ကျစ်လစ်စေတာကြောင့် အဆီတွေကို လျော့ပါး
သွားစေပါတယ်။ ပါးရည်တွန့်နေတာတွေကိုလည်း ထိရောက်စွာ ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။

 

အစားအစာ စားပြီးလို့ ခံတွင်းန့ံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ရင်တော့ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေဆုံးသွားစေနိုင်တယ်လို့လည်း သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်နေရင်လည်း သခွားသီးအနည်းငယ်စားပြီး အိပ်လိုက်ပါ။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတဲ့ အာရုံကြောကို အကျိုးပြုတဲ့ ပစ္စည်းတွေ ပါဝင်နေတာကြောင့် အိပ်ရာထလာတာနဲ့ ခေါင်းကိုက်ဝေဒနာကို သိသိသာသာ လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် သခွားသီးဖျော်ရည်
တစ်နေ့တစ်ခွက် သောက်ပေးတာဟာ ခန္ဒာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။

Credit : MNT


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18