Print

မျက်ကြည်လွှာထိခိုက်မှု

  31-Jul-2019
Preview Image

Corneal Dystrophy ကို Fush’s Dystrophy လို့လည်း ခေါ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် -
(၁) Epithelial Dystrophy၊
(၂) Stromal Dystrophy နဲ့၊
(၃) Endothelial Dystrophy ဆိုပြီး အုပ်စုကြီးသုံးခုရှိပါတယ်။ အဲဒီအုပ်စုကြီးရဲ့ အောက်မှာမှ Fush’s Dystrophy ဆိုပြီးရှိပါတယ်။

Fush’s Dystrophy ကဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲဆရာ။

Fush’s Dystrophy ဖြစ်တာက အသက် ၄၀ ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။ အများအားဖြင့် အသက်ကြီးတဲ့ သူတွေဖြစ်တာများပါတယ်။ အသက်ကြီးတဲ့သူတွေမှာ မျက်ကြည်လွှာ (Cornea) ရဲ့ Endothelial Cell အရေအတွက်နည်းတဲ့ ပြဿနာ (Cornea Guttata) ဖြစ်လာပါတယ်။ မျက်ကြည်လွှာရဲ့ Endothelial Cell တွေက လုပ်ငန်းတာဝန်အနေနဲ့ Pump Function ကို လုပ်ဆောင်ပါတယ်။ မျက်ကြည်လွှာနဲ့ သူငယ်အိမ် (Pupil) ကြားမှာရှိတဲ့ ရေထုထည် (Aqueous) က မျက်ကြည်လွှာအထဲကို ရေစိမ့်မဝင်အောင် Pump အမြဲလုပ်ပေးပါတယ်။ အဲဒီလို လုပ်ပေးတဲ့အတွက် မျက်ကြည်လွှာက ရေနဲ့ နောက်မနေတော့ဘဲ အမြဲကြည်လင်နေပါတယ်။ တကယ်လို့ Endothelial Cell အရေအတွက်က နည်းသွားလို့ အဲဒီ Pump က ပျက်သွားရင် Corneal Edema ဖြစ်လာပါတယ်။  Fush’s Dystrophy ဖြစ်တဲ့အခါ Endothelial Cell တွေရဲ့ လုပ်ငန်းဆောင်တာက ထိခိုက်လာပါတယ်။ အဲဒီတော့ Stroma ထဲမှာ Endema ဖြစ်လာပါတယ်။ Stroma ထဲမှာ Endema ရောက်လာပေမယ့် ဒါက Sroma ရဲ့ ပြဿနာမဟုတ်ပါဘူး။ Endothelial Cell တွေရဲ့ အခြေခံပြဿနာဖြစ်သည်။

ဒီပြဿနာကဖြစ်ရင် မျက်စိတစ်ဖက်တည်းမှာ ဖြစ်တာလား၊ နှစ်ဖက်စလုံး ဖြစ်တာလားဆရာ။

ဖြစ်ရင် မျက်စိနှစ်ဖက်လုံးဖြစ်တာများပါတယ်။ Bilateral ဖြစ်ပါတယ်။ လူနာတွေမှာ ဒီပြဿနာဖြစ်တာကိုလည်း တွေ့ရပါတယ်။

Fush’s Dystrophy ရှိတဲ့လူတစ်ဦးက ဘယ်လိုလက္ခဏာရှိတတ်ပါလဲဆရာ။

Fush’s Dystrophy ဖြစ်တဲ့ လူနာတစ်ဦးဟာ Stroma က မကြည်လင်ေတော့တဲ့အတွက် အမြင်ကျလာမယ်။ Irritation ဖြစ်ပြီး မကြာခဏ မျက်ရည်ကျနေမယ်။ မျက်စိက ခိုးလိုးခုလု ဖြစ်နေမယ်။ မျက်စိက Irritation ဖြစ်ပြီး မျက်ရည်ကျတာ၊ မျက်စိခိုးလိုးခုလုဖြစ်တာ သက်သာစေဖို့အတွက် မျက်ရည်ထု (Artificial Tear) ထည့်ပေးပါတယ်။
တကယ်လို့ ကုသမှုအနေနဲ့ လုပ်ရမှာကတော့ ဒီလိုရှိပါတယ်။ အဲဒါကတော့ Corneal Graft (အရေးပေါ် မျက်ကြည်လွှာ အစားထိုးကုသမှု) လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။ အရင်ကတော့ မျက်ကြည်လွှာတစ်ခုလုံးထည့်တဲ့ Full Thickness Comeal Graft လုပ်ပါတယ်။ အဲဒါကို PKP (Penetrating Keratoplasty) လို့ ခေါ်ပါတယ်။ နောက်ပိုင်းခေတ်မီလာတော့ Lamellar Graft ဆိုတဲ့ နည်းကိုလုပ်ဆောင်ပါတယ်။ ဒါက တစ်လွှာချင်းထည့်တဲ့နည်းပါ။ ဥပမာပြောရရင် Epithelium၊ Stroma နဲ့ Endothelium ဆိုပြီး သုံးလွှာရှိတယ်။ တကယ်လို့ Endothelial ပျက်ရင် Endothelial Transplant ဆိုတာ တစ်ခုထည့်ပါတယ်။
Stroma အဆင့်ထိ ထိခိုက်မှုဖြစ်တယ်ဆိုရင် ဘယ်လိုကုသမှုပေးရမလဲဆရာ။ Stroma အဆင့်အထိ ဖြစ်တယ်ဆိုရင် နည်းနည်းနက်သွားပါတယ်။ အပေါ်အထိ ရောက်သွားတာဖြစ်တဲ့ အတွက် Anterior Lamellar Corneal Graft ဆိုတဲ့ နည်းကိုသုံးရပါတယ်။ အဲဒီမှာမှ ထိခိုက်တဲ့အဆင့်က Epithelium ပဲဆိုရင် Superficial Anterior Lamellar Graft လုပ်ပြီး အပေါ်အထိရောက်နေရင်တော့ Deep Anterior Lamellar Keratoplasty (DALK) လုပ်ပေးရပါတယ်။ အရင်တုန်းက
Endothelial transplant ဆိုတဲ့နည်းကို လုပ်တဲ့အခါမှာ DSEK (Descemet Sripping Endothelial Keratoplasty) ဆိုတဲ့နည်းကို လုပ်ပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ အတွင်းတိမ်ခွဲသလိုပေါ့ အတွင်းတိမ်ကို လက် (manual) နဲ့ ခွဲစိတ်ကုသတာ ရှိသလို ခွဲကြောင်းသေးသေးလေးပေးပြီး စက်နဲ့ခွဲစိတ် ကုသမှုပေးတာလည်း ရှိပါတယ်။
အရင်ကတော့ PKP လုပ်ရင် ချုပ်ရိုး (Suture) ၁၆ ချက်ထည့်ရပါတယ်။ အခုတော့ ချုပ်ရိုး (Suture) မထည့်လည်း ရပါတယ်။ ချုပ်ရိုး (Suture) နှစ်ချက် - သုံးချက်လောက်ပဲ ထည့်ရတာမျိုးလည်းရှိပါတယ်။ လူနာရဲ့ မျက်လုံး မျက်ကြည်လွှာကို Slit – Lamp နဲ့ ကြည့်ရပါတယ်။ လူနာမျက်စိအခြေအနေကို ကြည့်ပြီး အပေါ်ယံလောက်ပဲ ထိခိုက်ရင် Superficial Anterior Lamellar Graft လုပ်ပေးရပါတယ်။ နက်နေရင်တော့ Deep Anterior Lamellar Keratoplasty (DALK) လုပ်ပေးရပါတယ်။ ဒါကလူနာရဲ့ အခြေအနေကို ကြည့်ပြီး လိုအပ်သလို ကုသမှု ပေးရတာဖြစ်ပါတယ်။


Credit : ပါမောက္ခဦးတင်ဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18