Print

ဆီးချို သမားများ၏ သွေးတိုး

  20-May-2019
Preview Image

အကယ်၍ သင့်မှာ သွေးတိုးရောဂါရော၊ ဆီးချိုရောဂါပါ တွဲဖက်ရှိနေပီဆိုရင် ထိတ်လန့်လှုပ်ရှားမသွားပါနဲ့။ ဒါမျိုးဖြစ်တာ သင်တစ်ဦးတည်း မဟုတ်ကြောင်းသတိရပါ။ လေ့လာတွေ့ရှိချက်များအရ ဆီးချိုရောဂါရှင် (၃) ဦးလျှင် (၁) ဦးတွင် သွေးတိုးနေတတ်ကြောင်း သိရသည်။ ဆီးချိုရောဂါရှင်များရှိအပ်သော သွေးပေါင်ချိန်မှာ ၁၃၀-၈၀ မီလီမီတာ မာကျူရီအောက်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကျန်းမာရေးဌာနနှင့် အမေရိကန် ဆီးချိုရောဂါဆရာဝန်များ အဖွဲ့အစည်းမှ သတ်မှတ်ထားသည်။ သွေးပေါင်ချိန်ကို ကောင်းစွာထိန်းထားခြင်းအားဖြင့် နှလုံးအလုပ်လုပ်ရခြင်းကို သက်သာစေသောကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားသော ဆီးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ထိန်းချုပ်ပြီးသားဖြစ်သည်။


သွေးတိုးရောဂါကိုကာကွယ်ရန် အကောင်းဆုံးမှာ အငန်လျော့စားခြင်းပင်ဖြစ်သည်။ သို့သော် လေ့လာချက်များအရ အငန်ဓာတ်မလျော့သည့်တိုင် အဆီဓာတ်နှင့် ကယ်လိုရီနည်းသည့် အစားအစာကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်များစွာနှင့် တွဲဖက်စားသုံးပါကလည်း သွေးတိုးခြင်းမှ ကာကွယ်နိုင်ကြောင်းတွေ့ရသည်။ အကြောင်းမှာ ၎င်းတို့တွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ်ဓာတ်တို့သည် သွေးပေါင်ကျစေသော အစွမ်းရှိသောကြောင့်ဖြစ်သည်။ အစားအသောက်နှင့်သွေးတိုးကို ထိန်းလိုပါက တစ်နေ့လျှင် ဟင်းသီးဟင်းရွက် ပန်းကန်လုံးအသေးနှင့် ၄-၅ ခွက်ခန့် စားပါ။ -တစ်နေ့လျှင် အသီးအနှံ ၄-၅ လုံး (သို့) ၄-၅ မျိုးခန့်စားပါ။ -အဆီထုတ်ထားသော နွားနို့ (Skimmed milk)၊ ဒိန်ချဉ်၊ cheese တို့ကို နှစ်ခွက်ထက် ပိုမသောက်ပါနှင့် အသားကိုတစ်နေ့လျှင် ၆ အောင်စ (၁၀ ကျပ်သားထက်) ပိုမစားပါနှင့်။ အသားကို တတ်နိုင်သမျှ လျော့စားပါ။ ဆိုဒီယမ် (အငန်ဓာတ်) များသော အစားအစာ (ဥပမာ Readymade အစားအစာ) များကို ရှောင်ပါ။

Credit : လပ်ကီးမြို့တော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18