Print

မရည်ရွယ်ထားသော ကိုယ်ဝန်။ ကိုယ်ဝန်ဖျက်ချခြင်း၏ ဆိုးကျိုးများ

  26-Oct-2018
Preview Image


ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် ကိုယ်ဝန်ဖျက်ချမှုပေါင်း ခန့်မှန်းချေ ၁၂၅,၀၀၀ ရှိပြီး ၎င်းသည် မရည်ရွယ်ဘဲ ရသော ကလေးအတွက် အဓိက ဖြေရှင်းချက် ဖြစ်နေသည်။ ကိုယ်ဝန် ဖျက်ချခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေရုံ သာမက စိတ်ကျန်းမာရေးနှင့်ဆိုင်သော ထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေသည်။

 

ကိုယ်ဝန်ဖျက်ချခြင်း၏ အဓိကဆိုးကျိုးများ ကို အောက်တွင် ဖော်ပြထားပါသည်။

ကင်ဆာ

ကိုယ်ဝန်ဖျက်ချထားသော အမျိုးသမီးများတွင် မဖျက်ချ ထားသော အမျိုးသမီးများထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ၂.၃ မှ ၄.၉၂ ဆ ပိုများသည်။ အသည်းနှင့် သားဥအိမ် ကင်ဆာများလည်း အလားတူ ဖြစ်နိုင်ချေ မြင့်တက်သည်။ ၎င်းသည် ဟော်မုန်းများ ပုံမမှန်ဖြစ်ပြီး သားအိမ်ခေါင်းနှင့် ကိုယ်ခံအားစနစ်ကို ဖျက်စီးသောကြောင့် ဖြစ်ပွားသည်ဟု ဆရာဝန်များက ဆိုသည်။

 

သားအိမ်ခေါင်း စုတ်ပြဲခြင်း

ကိုယ်ဝန်ဖျက်ချခြင်း လုပ်နည်းတွင် အမျိုးသမီး သားအိမ် ခေါင်းကို တတ်နိုင်သလောက် ကျယ်အောင် ဆွဲဆန့်ရန် လိုအပ်သည်။ ၎င်းသည် သားအိမ်ခေါင်း ကြွက်သားများကို စုတ်ပြဲစေပြီး အချို့အခြေအနေများတွင် ( အထူးသဖြင့် ဆယ်ကျော်သက်များ၊ ကိုယ်ဝန် ဒုတိယသုံးလ ရှိသော အမျိုးသမီးများ၊ ဖျက်ချပေးသူမှ သားအိမ်ဝကျယ်စေရန် laminaria မသုံးမိပါက) အားဖြင့် ချဲ့ကားခြင်းသည် သားအိမ် နံရံကို ဆိုးရွားစွာ ဆုတ်ပြဲစေသည်။

 

ထိုထိခိုက်မှုများသည် သားအိမ်ခေါင်းကို အားနည်းစေပြီး နောက်ပိုင်းတွင် သားအိမ်ခေါင်းမလုံခြင်းကို ဖြစ်စေနိုင်သည်။ ၎င်းသည် သားအိမ်ခေါင်း အလွန်အားနည်းလာပြီး သားအိမ်ကို မထိန်းနိုင်သော အခြေအနေကို ခေါ်သည်။ လမစေ့မီ မွေးခြင်း၊ ကိုယ်ဝန် ပျက်ချခြင်း ဖြစ်နိုင်ချေကို ၃၀၀ ရာခိုင်နှုန်းမှ ၅၀၀ ရာခိုင်နှုန်း အထိ မြင့်တက်စေသည်။ သြစတြေးလျ ဆေးပညာ ဂျာနယ် တွင် ဖော်ပြထားသော လေ့လာမှုတစ်ခု အရ ကိုယ်ဝန် ဖျက်ချ ထားသော အမျိုးသမီး ၇၅ ရာခိုင်နှုန်းသည် cervical incompetent လက္ခဏာများ ပေါ်သည်ဟု ထောက်ပြထား သည်။

 

ကျန်းမာရေး အားနည်းလာခြင်း

မိခင်ကျန်းမာရေးအပေါ် ကိုယ်ဝန်၏ သက်ရောက်မှုများကို လေ့လာရန် ဦးတည်သော ကနေဒါ လေ့လာမှုတစ်ခုသည် ကိုယ်ဝန်ပေါင်း၂၉၆၁ ရှိသော အမျိုးသမီး ၁၄၂၈ ယောက်ကို လေ့လာခဲ့ရာ ကိုယ်ဝန် ဆုံးရှုံးမှုအရေအတွက်နှင့် ကျန်းမာရေး အားနည်းလာမှု သည် ဆက်နွယ်မှုရှိသည်ဟု ပြသနိုင်ခဲ့သည်။

 

အကြောင်းရင်းများစွာတွင် ကိုယ်ဝန်ဖျက်ချခြင်းနှင့် သဘာဝ အတိုင်း ပျက်ကျခြင်းသည် မိခင် ကျန်းမာရေးကို အားနည်း စေသော ဒုတိယနှင့် တတိယအကြီးဆုံး အကြောင်းရင်းများ ဖြစ်သည်။ လေ့လာမှုအရ အိမ်ထောင်ဖက်၏ ထောက်ပံမှု မရှိခြင်းသည် ကိုယ်ဝန်ဖျက်ချခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချနှုန်းသည် အိမ်ထောင်ဖက် မရှိသော မိခင်များတွင် ၆ဆ ပိုများကြောင်း တွေ့ရှိခဲ့သည်။

 

တိုက်ရိုက်ဖြစ်သော ဆိုးကျိုးများ

တိုက်ရိုက်ဖြစ်သော ဆိုးကျိုးများမှာ အော့အန်ခြင်း၊ အဖျား ကြီးခြင်း၊ ရက်ရှည် ဗိုက်နာခြင်း၊ သွေးထွက်ခြင်း၊ သားအိမ်ခေါင်း ပြဲခြင်း၊ တုန်ရီခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ကိုယ်ဝန်ဖျက်ချချိန်နှင့် ဖျက်ချပြီး နောက်ပိုင်းတွင် အဖြစ်များသည်။

 

ကိုယ်ဝန်ဖျက်ချခြင်းကို ရွေးချယ်သော အမျိုးသမီးများတွင် သွေးထွက်ခြင်း၊  တက်ခြင်း၊ သွေးကြောဆို့ခြင်း စသော ပြင်းထန်သော ဆိုးကျိုးများ သို့မဟုတ် မေ့ဆေး အသုံးပြုခြင်း ကြောင့်ဖြစ်သော ဆိုးကျိုးများ ဖြစ်နိုင်ချေ ၂ ရာခိုင်နှုန်း မြင့်တက်ပါသည်။ တိုက်ရိုက်ဖြစ်သော ဆိုးကျိုး အများစုကို ကုသ၍ ရသော်လည်း သားအိမ်ခေါင်း ပျက်စီးခြင်း၊ မြုံခြင်း စသည်တို့ကို ကုသ၍ မရပါ။

 

သေဆုံးခြင်း

ကိုယ်ဝန်ဖျက်ချခြင်းသည် ကမ္ဘာတစ်ဝန်း မိခင် သေဆုံးမှု ၏ ၁၃ ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးမှုကို ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချဖူးသော အမျိုးသမီးများသည် နောက်တစ်ခါ ကိုယ်ဝန်အတွင်း သေဆုံး နိုင်ချေ ၅၈ ရာခိုင်နှုန်းလောက် ပိုများသည်ဟုလည်း ဆိုသည်။

 

ပိုဆိုးသည်မှာ အထက်ပါ အချက်အလက်များသည် လုံခြုံ စိတ်ချရသော ကိုယ်ဝန်ဖျက်ချမှု လုပ်သူများတွင်သာ ရယူထား ခြင်း ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူဦးရေ ၉၄ ရာခိုင်နှုန်း သည် ဘေးကင်းသော ကိုယ်ဝန်ဖျက်ချမှု နည်းလမ်းများကို ရရှိနိုင်သော်လည်း အနောက် အာဖရိကနှင့် တောင်အမေရိက တွင် လူဦးရေ၏ ဝ.၅ ရာခိုင်နှုန်းသည်သာ ဆေးပညာ ထောက်ပံ့မှု၊ တရားဝင်ခွင့်ပြုထားသော ပစ္စည်းကိရိယာများ ဖြင့် သန့်ရှင်းသောနေရာတွင် ကိုယ်ဝန်ဖျက်ချမှုကို ရရှိနိုင်သည်။

 

Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18