Print

အမျိုးသမီးသုံးကွန်ဒုံး

  16-Jan-2019
Preview Image

ခြုံငုံသုံးသပ်ခြင်း

သုတ်ကောင်စုဖို့ မိန်းမကိုယ်ထဲ ထည့်သွင်းရတဲ့အိတ်ငယ်၊ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးခြင်း။ သုံးရလွယ်ကူပြီး စွန့်ပစ်ရင်လည်း လွယ်ကူပါတယ်။ ဈေးမကြီးပါဘူး။ကွန်ဒုံးတစ်ခုစီဟာ တစ်ခါသုံးအတွက်သာဖြစ်ပါတယ်။ ပြည့်စုံအောင်သုံးရင် ၉၅% အကျိုးသက်ရောက်မှုရှိပြီး စနစ်တကျသုံးရင် ၇၉% ထိရောက်မှုရှိပါတယ်။


အမျိုးသမီးသုံးကွန်ဒုံးဆိုတာ ဘာလဲ?

အမျိုးသမီးသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံနေစဉ် သုတ်ကောင်တွေစုဆောင်းပြီး ကိုယ်ဝန်ရှိတာကို ကာကွယ်ဖို့နဲ့ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အမျိုးသမီးရဲ့မိန်းမကိုယ်တွင်းမှာ အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းထားတဲ့ polyurethane နဲ့ လုပ်ထားတဲ့အိတ်ငယ်တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးကွန်ဒုံးဟာ နှစ်ဖက်စလုံးမှာ သေးငယ်တဲ့ပလတ်စတစ်အစွပ်လေး ၂ ခုပါတဲ့အိတ်ငယ်နဲ့ တူပါတယ်။ တစ်ခုက ယောနိလမ်းကြောင်းထဲမှာ အံဝင်ခွင်ကျဖြစ်အောင်လုပ်ထားပြီး ကျန်တစ်ခုက အပြင်မှာအံဝင်ခွင်ကျဖြစ်အောင် လုပ်ထားပါတယ်။ အစွပ်တွေဟာ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးနေရာတကျဖြစ်အောင် လုပ်ပေးပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးတွေဟာ ကိုယ်ဝန်ရှိတာကာကွယ်ဖို့နဲ့ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးတွေအတွက် လိင်မှုရေးရာကျန်းမာရေးကို ထိန်းချုပ်ပေးနိင်ပါတယ်။ လိင်မဆက်ဆံခင် ကွန်ဒုံးကို ၈ နာရီကျော်ကြာ ထည့်ထားနိုင်ပြီး ကာမစိတ်အမြင့်ဆုံးရောက်ရှိနေချိန်မှာလည်း မိမိအဖော်ကို ကွန်ဒုံးဝတ်ဆင်ဖို့ တောင်းဆိုစရာမလိုပါဘူး။


တစ်ကြိမ်တည်းမှာ အမျိုးသားသုံးကွန်ဒုံးနဲ့အတူ အမျိုးသမီးသုံးကွန်ဒုံးကိုတွဲသုံးခြင်းက လိင်ဆက်ဆံတာကို ပိုမိုဘေးကင်းလုံခြုံအောင် မလုပ်ပေးပေမယ့် ပွတ်မှုအားဖြစ်စေပြီး ကွန်ဒုံးကိုပျက်စီးစေနိုင်ပါတယ်။ အချိန်တိုင်း မှန်မှန်ကန်ကန်သုံးစွဲပါက အမျိုးသမီးသုံးကွန်ဒုံးဟာ ၉၅% အကျိုးသက်ရောက်မှုရှိပါတယ်။ ညွှန်ကြားတဲ့အတိုင်း မသုံးရင်တော့ ၇၉% အကျိုးသက်ရောက်မှု ရှိပါတယ်။


ဘယ်လိုလုပ်ဆောင်ပေးလဲ

အမျိုးသမီးသုံးကွန်ဒုံးတွေဟာ မိန်းမကိုယ်အတွင်းကို ဖုံးကာပေးပြီး ကိုယ်ဝန်ရှိတာကို ကာကွယ်ပေးပါတယ်။ အမျိုးသားက သုတ်ရည်စွန့်ထုတ်တဲ့အခါ အမျိုးသမီးသုံးကွန်ဒုံးဟာ သုတ်ရည်ကို စုဆောင်းပေးပါတယ်။ မိန်းမကိုယ်ထဲကို သုတ်ကောင်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး ဖိုမျိုးစေ့ဟာ သားဥနဲ့မပေါင်းစပ်ရင်တော့ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။

မိန်းမကိုယ်ထဲကိုဖုံးကာထားပြီး သုတ်ရည်အပြင်ထွက်လာအောင် ကာကွယ်ပေးထားတာကြောင့် ကွန်ဒုံးတွေဟာ လိင်ဆက်ဆံရာကဆင့် ကူးစက်နိုင်တဲ့ရောဂါတွေရဲ့ဆိုးကျိုးကို လျှော့ချပေးပါတယ်။


ဘယ်လိုသုံးရမလဲ

အမျိုးသမီးသုံးကွန်ဒုံးတွေဟာ တကယ်သုံးရလွယ်ကူပြီး သုံးလေ့သုံးထရှိဖို့ လေ့ကျင့်ယူရပါမယ်။ သတိပြုရမှာက အမျိုးသမီးသုံးကွန်ဒုံးတွေကို အားထားပြီးသုံးနေမယ်ဆိုရင် တစ်ကြိမ်မှာတစ်ခါသာ သုံးရပါမယ်။ အမျိုးသမီးသုံးကွန်ဒုံး မသုံးခင် သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးအထုပ်ငယ်ကို သေချာ ထုပ်ပိုးထားမထား စစ်ဆေးပါ။


၁။ တစ်ဖက်ပိတ်ကွန်ဒုံး အပြင်ဘက်မှာ ချောဆီအနည်းငယ် ထည့်ပေးပါ။

၂။ သက်သောင့်သက်သာနဲ့ ကြွက်သားတွေကို ဖြေလျော့ပါ။

၃။ တစ်ဖက်ပိတ်ထားတဲ့ အစွပ်ရဲ့အနားတွေကို အင်္ဂလိပ်အက္ခရာ 8 ပုံစံ ညှစ်ကြည့်ပြီး မိမိလက်ချောင်းနဲ့ မိန်းမကိုယ်ထဲကိုထည့်သွင်းပါ။

၄။ မိန်းမကိုယ်ရဲ့ သားအိမ်ခေါင်းထဲရောက်တဲ့အထိ အစွပ်ကိုတွန်းထုတ်ပေးပါ။

၅။ လက်ချောင်းကိုဆွဲထုတ်ပြီး မိန်းမကိုယ်အပြင်ဘက် တစ်လက်မလောက် အပြင်ဘက်အစွပ်ကိုထားပါ။ ရယ်စရာကောင်းပေမယ့် အဲဒီလိုလုပ်တာဟာ ဘေးကင်းစိတ်ချရပါတယ်။


အမျိုးသမီးသုံးကွန်ဒုံးကို ဘယ်လိုဖယ်ထုတ်ရမလဲ။

၁။ အပြင်ဘက် ကွင်းအစွပ်ကိုညှစ်ပြီး အလုံပိတ်အိတ်ကြီးလိုမျိုး လိမ်ရစ်လိုက်ပါက သုတ်ရည်တွေ အပြင်မထွက်နိုင်တော့ပါ။

၂။ ညင်ညင်သာသာနဲ့ ကွန်ဒုံးကို အပြင်ဆွဲထုတ်ပါ။

၃။ အမှိုက်ပုံးထဲစွန့်ပစ်ပါ။ ကလေးသူငယ်၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးတဲ့နေရာမှာထားတာက ပိုကောင်းပါတယ်။သန့်စင်ခန်းထဲမပစ်ချပါနဲ်။


ကောင်းကျိုးများ

ရော်ဘာမသုံးထားတဲ့အတွက်ကြောင့် ရော်ဘာနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် ဘေးကင်းစိတ်ချရပါတယ်။ ဟော်မုန်းမရှိပါဘူး။လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ အပြင်ဘက်အစွပ်ဟာ အမျိုးသမီးရဲ့လိင်စေ့ကိုလှုံ့ဆော်ပေးတာကြောင့် လိင်ဆက်ဆံရာမှာ ပိုပြီး စိတ်ကျေနပ်မှုရရှိစေပါတယ်။ ဆေးညွှန်းစာ မလိုအပ်ပါဘူး။ ဆီအခြေခံထုတ်ထားတဲ့ချောဆီနဲ့ ရေအခြေခံထုတ်ထားတဲ့ချောဆီ နှစ်မျိုးစလုံးကို သုံးနိုင်ပါတယ်။ မိမိအဖော် လိင်အင်္ဂါမတောင့်တင်းတော့ရင်တောင် ကွန်ဒုံး နေရာတကျရှိပါတယ်။


ဆိုးကျိုးများ

သုံးနေစဉ် အသံထွက်စေပါတယ်။ တစ်ကြိမ်မှာ အသစ်တစ်ခုသာ သုံးရပါမယ်။ ယားယံတာတွေ ဖြစ်စေပါတယ်။ ကွန်ဒုံးထည့်ထားတာဟာ လှည့်စားထားသလို ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံနေစဉ် ရယ်စရာကောင်းပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေလောက် ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် မရနိုင်ပါဘူး။


Credit : Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18