Print

လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်း

  10-Jan-2019
Preview Image

လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်းဆိုတာ စိတ်လှုပ်ရှားစရာ လိင်ပိုင်းဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ ယောနိလမ်းကြောင်းမှတဆင့် လိင်ဆက်ဆံခြင်း၊ ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံခြင်း၊ မိမိကိုယ်ကို ကာမဆန္ဒဖြေဖျောက်ခြင်း အစရှိတဲ့လုပ်ငန်းတွေမှာ ပါဝင်တဲ့အခါလူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်ပါ။ မတူညီတဲ့ သုတေသီပညာရှင်တွေက မတူညီတဲ့ လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်းကို လေ့လာတွေ့ရှိပေမဲ့ ယခု ဖော်ပြထားတာကတော့ အတွေ့များတဲ့ပုံစံပါ။ ယခုပုံစံမှာ လူတွေအားလုံးနဲ့ကိုက်ညီနိုင်မှာ မဟုတ်ပေမယ့် (မကိုက်ညီခဲ့ရင်လည်း ပုံမှန်ဖြစ်ပါတယ်) ပိုမိုနားလည်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။


လိင်ပိုင်းဆိုင်ရာ စိတ်ပျော်ရွှင်ရတဲ့အချိန်တွေနဲ့ ဖော်ဆောင်နေစဲအဆင့်များအတွင်း သင့်ခန္ဓာကိုယ် ဘယ်လိုတုံ့ပြန်လဲဆိုတာကို နားလည်ခြင်းက လိင်မှုကိစ္စအတွေ့အကြုံကို ပိုမိုတိုးတက်စေပြီး နှစ်ကိုယ်တူဆက်ဆံရေး တိုးမြင့်စေဖို့၊ လိင်ပိုင်းဆိုင်ရာ ပြဿနာရဲ့ အကြောင်းရင်းကို အတိအကျ ဖော်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။


လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်းမှာ အဆင့် ၄ ဆင့်ရှိပါတယ်။ ကနဦး နှိုးဆွချိန်၊ ကြားအခြေအနေ၊ ပြီးမြောက်ချိန်နဲ့ အနားယူချိန် တို့ပဲဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ အမျိုးသားများအတွက် ဖြစ်ပေါ်တဲ့အချိန်အားဖြင့် မတူညီနိုင်ကြပေမယ့် အဆင့်တွေကတော့ တူညီတတ်ကြပါတယ်။ ဥပမာအားဖြင့် အဖော်နှစ်ဦးစလုံးဟာ တစ်ချိန်တည်းမှာ ကာမဆန္ဒအမြင့်ဆုံးအရှိန်ရောက်ရှိပြီး ပြီးမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် လိင်စိတ်တုံ့ပြန်မှုပြင်းအားနဲ့ တစ်ဆင့်ချင်းဆီမှာ အသုံးပြုရတဲ့အချိန်တွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲပါတယ်။ ဒီခြားနားမှုတွေကို နားလည်ခြင်းက ဆက်ဆံဖော်တွေ တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ တုံ့ပြန်မှုကို တစ်ယောက်က ကောင်းကောင်းနားလည်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို တိုးမြှင့်ပေးဖို့ ကူညီပေးပါတယ်။


ဒီအဆင့် လေးခုလုံးကို လူတိုင်းတွေ့ကြုံခံစားရနိုမည်မဟုတ်ဘဲ ဒီလိုဖြစ်လာခဲ့ရင် သာယာပျော်ရွှင်မှုတွေ ဆုံးရှုံးမသွားနိုင်ဘူးဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။


Credit : WebMD



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18