Print

လိင်ဆက်ဆံမှုဖြစ်စဉ်

  02-Jan-2019
Preview Image

လိင်ဆက်ဆံမှု၏ပထမဆုံးအဆင့်သည် လိင်စိတ်ဖြစ်ပေါ်လာအောင် နိုးဆွသောအဆင့်  ဖြစ်ပါသည်။လိင်လှုံဆော်မှုကြောင့် နိုးထလာသောခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လည်ပင်း၊ နားရွက်အောက်ပိုင်းအသားနုနေရာများ၊ ပါးစပ်နှုှုှုှုှုှုှုှုတ်ခမ်းများ၊ ရင်သားများ၊ လိင်အင်္ဂါ၊ တင်ပါးများ၊ ပေါင်အတွင်းဘက်နေရာများ၊ ဒူးခေါက်ခွက်များ၊ လက်ချောင်း ခြေချောင်းများဖြစ်သည်။


လိင်စိတ်ကိုနှိုးထလာစေရန် တစ်ဦးတစ်ယောက် သို့မဟုတ် မိမိကိုယ်တိုင် နှိုးဆွပေးခြင်း ဖြစ်သည်။ ကိုယ်ပေါ်မှအဝတ်အထည်များချွတ်လိုက်ခြင်း၊ လိင်ဆက်ဆံသည့် အမှုအရာများ ပြုလုပ်ပြခြင်း၊ သို့မဟုတ် လိင်စိတ်လှုံ့ဆော်စေသော စာပေဖတ်ရှူခြင်း၊ ရုပ်ရှင်ကြည့်ရှူခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိတွေ့ပွတ်သပ်နမ်းရှုံ့ခြင်း (Foreplay)၊ စိတ်ကူးယဉ်ခြင်းတို့သည် လိင်စိတ်ဆန္ဒကိုထကြွစေပါသည်။


မိမိဘာသာလိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း(Masturbation)

အပိျုဖော်၊ လူပျိုုဖော်ဝင်ချိန်တွင် ဇီဝကမ္မပြာင်းလဲမှုှုကြောင့် ဖြစ်ပေါ်လာသော လိင်စိတ်ဆန္ဒကို မိမိ၏လိင်အင်္ဂါကို စေ့ဆော်ကိုင်တွယ်ခြင်းဖြင့် ဖြေဖျောက်သော နည်းလမ်းဖြစ်ပါသည်။


လိင်စိတ်လှုပ်ရှားတက်ကြွခြင်းအဆင့်

လိင်စိတ်လှုပ်ရှာခြင်းသည် လိင်ဆက်ဆံမှု၏ ဒုတိယအဆင့်ဖြစ်ပါသည်။


၎င်း၏လက္ခဏာများမှာ နှလုံးခုန်နှုန်းမြန်လာခြင်းနှင့် သွေးဖိအားမြင့်တက်ခြင်း၊ ခန္ဓာကိုယ် ရှိ ကြွက်သားများ တောင့်တင်းလာခြင်းနှင့် လိင်စိတ်လွမ်းခြုံလာခြင်း၊ ကျား၊ မ နှစ်ဦးစလုံး၏ ရင်သားအပါအဝင် လိင်အင်္ဂါများသည် သွေးလည်ပတ်မုှများလာပြီး တောင့်တင်းထောင်မတ ် (Erection ) လာသည်။ အမျိုးသမီးများတွင် မိန်းမကိုယ်မှ အရည်များထွက်လာခြင်း၊ ပိုမိုကြီးထွားဖောင်းကားလာခြင်းဖြင့် လိင်ဆက်ဆံခြင်းကို ပိုမိုလွယ်ကူစေပါသည်။


အမျိုးသား၏ တောင့်တင်းထောင်မတ်လာပြီဖြစ်သော လိင်တံကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်းသို့ ထိုးသွင်း ပြီး(penetration) စိတ်တူကိုယ်တူလှုှုပ်ရှားဆက်ဆံခြင်း  ဖြစ်သည်။ ဤသို့ဆက်ဆံနေချိန်တွင် ကာမသုခကို ခံစားနေရပါသည်။ခံစားမှုအရှိန်တဖြည်းဖြည်းမြင့်တက်လာပြိးအမြင့်ဆုံးလိင်ခံစားမှု အဆင့်မရောက်ခင်ခေတ္တရှိနေသောအဆင့်ကို  Plateau Phase ဟု ခေါ်ပါသည်။ Plateau Phase ကြာချိန် တစ်ဦးနှင့်တစ်ဦးမတူပါ။


ထို့နောက်တွင် လိင်ခံစားမှုအထွဋ်အထိပ် (Orgasmic Phase) သို့ရောက်ပါသည်။ ဤအဆင့်သည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော လိင်ဆက်ဆံမှုအဆင့်များ၏ အချိန်အတိုဆုံး အဆင့်ဖြစ်ပါသည်။အမျိုးသားများသည် လိင်ခံစားမှုအထွဋ်အထိပ်ကို ရရှိသည့် အခါ သုက်လွှတ်တတ်သည်။အိပ်ပျော်နေချိန်တွင်လည်းလိင်စိတ်ထကြွစေသောအိမ်မက်မက်ပြီး  သုတ်ရည် ထုတ်လေ့ထုတ်ထ ရှိပါသည်။ အမျိုးသမီးများတွင်လည်း ဖြစ်ပေါ်တတ်သည်။


လိင်ခံစားမှုအထွဋ်အထိပ်ကို ရရှိပြီးပါက ကိုယ်ခန္ဓာရှိ ကြွက်သားများပြေလျှော့ကာ စိတ်လှုပ်ရှားမှုများအားလုံး ပြန်လည် တည်ငြိမ်သွားသည့် လိင်ဆက်ဆံခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။လိင်ခံစားမှုအထွဋ်အထိပ်ရရှိခြင်းကိုလိင်မှုကိစ္စ၏ရည်မှန်းချက်ထင်မှတ်တတ်သော်လည်းအမျိုးသမီးနှင့် အမျိုးသားအများအပြားသည် ယင်းခံစားမှုကိုမရသည့်တိုင်လိင်ကိစ္စဖြင့် ပျော်ရွှင်မှုများစွာ ရနိုင်သည်။


Credit : Original Writer




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18