Print

နှလုံးကြွက်သားရောင်ရမ်းခြင်းရောဂါ ( Cardiomyopathy )

  15-Dec-2018
Preview Image


နှလုံးကြွက်သားရောဂါများဖြစ်ပြီး တွဲဖက်၍ နှလုံးလုပ်ငန်းဆောင်ရွက်ချက်အားနည်းနေခြင်းဖြစ်သည်။ နှလုံးကြွက်သားရောင်ရမ်းခြင်းရောဂါကို အမျိုးအစားအလိုက် နှစ်အုပ်စုခွဲခြားထားသည်။

၁။ အတိအကျဖြစ်သော နှလုံးကြွက်သားရာင်ရမ်းခြင်း ရောဂါ

၂။ နှလုံးရောဂါအခြေခံဖြစ်သော နှလုံးရောင်ရမ်းခြင်း ရောဂါ

 

၁။ အတိအကျဖြစ်သော နှလုံးကြွက်သားရာင်ရမ်းခြင်း ရောဂါ

* နှလုံးအဆို့ရှင်ရောဂါ (valvular heart disease)

* နှလုံးသွေးကြောလျှောက်နည်းခြင်း ရောဂါ (Ischemic heart disease)

* သွေးဖိအားတိုးရောဂါ (Hypertension)

* ရောင်ရမ်းခြင်းရောဂါ(Inflammation)

* ခန္ဓာကိုယ်နှင့်ပတ်သက်သောအထွေထွေရောဂါ ဥပမာ - လေးဖက်နာအဖျား (Rheumatic fever)

 

၂။ နှလုံးရောဂါအခြေခံဖြစ်သော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ

* ထူကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (hypertrophic cardiomyopathy )

* ကျယ်ပြန့်၍ ကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (dilated cardiomyopathy)

* ကန့်သတ်ထားသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (Restrictive cardiomyopathy)

* ကျယ်ပြန့်ပါးသွားသော နှလုံးညာဘက်အာက်ခန်းနှင့် နှလုံးခုန်မှုမမှန် နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ

ထူ၍ကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ သည် ဗီဇမျိုးစေ့ ကမောက်ကမဖြစ်ခြင်းကြောင့် လူထုအတွင်းထိခိုက်မှုမှာ ၅၀၀ လျှင် ၁ ယောက် ဖြစ်သည် နှလုံးဘယ်ဘက်အောင်ခန်းကြီးထွားမှုမှာ ပုံသဏ္ဌာန်အချိုးမကျခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးညာဘက်အောက်ခန်း ကို လည်းထိခိုက်စေသည်။ ၇၀ % တွင်မိသားစု ရာဇဝင်ရှိသည်။

 

အဖြစ်အများဆုံးတင်ပြလာသည့်လက္ခဏာမှာ

* မိသားစုများအတွင်း နှလုံးခုန် မူမမှန်ခြင်းကြောင့် ရုတ်တရက်သေဆုံးမှုဖြစ်သည်။

* လူနာများတွင် လက္ခဏာမပြခြင်း ရှိတတ်သည်။

* အားနည်း၊သတိမေ့မြောခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ် အလုပ်လုပ်မှုကြောင့် မောပန်းနွမ်းနယ် ခြင်းတို့ ဖြစ်သည်။

* အချိုးသောလူနာများတွင်နောက်ဆုံးလှုပ်ရှားဆောင်ရွက်မှု အစွန်းရောက်ခြင်းကြောင့် နှလုံးအလုပ်လုပ်မှု ဆုံးရှုံးသွားသည်။

ရုတ်တရက်သေဆုံးမှုအန္တရာယ်ကို လျော့နည်းသွားရန် ကာကွယ်ခြင်းသည် အရေးကြီးသည်။ ရောဂါဖော်ဆောင်ပြီးသောအခါ

* လူနာသည် ယှဉ်ပြိုင်ရသောအားကစားများကု ချက်ချင်းရပ်ဆိုင်းစေသည်။

* အားကုန်ပြုလုပ်ရသော လေ့ကျင့်ခန်းကိုရှောင်ကြဉ်ရမည်။

* နှလုံးရောဂါ အထူးကုဆရာဝန်ကြီးနှင့်တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်။

* တစ်ချို့လူနာများကို ဆေးကုသချက်ပေးရမည်။

 

Credit - ဒေါက်တာလဲ့လဲ့ဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18