Print

ဆောင်းရာသီမှာ ဖြစ်လေ့ရှိတဲ့ရောဂါများ

  24-Nov-2018
Preview Image

ဆောင်းတွင်းဝင်လာပြီဆိုတော့ အပူချိန်တွေကျဆင်းပြီး ရာသီဥတုကလည်း အေးမြလာပါတယ်။ ဒီလိုအေးလာတာနဲ့အမျှ ကျမတို့ရဲ့ကျန်းမာရေးမှာလည်း အပြောင်းအလဲလေးတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ မကျန်းမမာဖြစ်ဖို့ ပိုပြီးအလားအလာရှိပါတယ်။ ဒီတော့ ဆောင်းရာသီဟာ ကျွန်မတို့ ခနာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလဲဆိုတာကို ကြည့်ကြရအောင်လား။

 

နှလုံးနဲ့ သွေးလှည့်အဖွဲ့

ဆောင်းတွင်းရောက်တဲ့အခါ ရာသီဥတုကအေးလာတဲ့အတွက် ကျမတို့ခနာကိုယ်မှာ ရှိရင်းစွဲအပူဓာတ်လေးတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် သွေးကြောလေးတွေက ကျဉ်းပေးပါတယ်။ Vasoconstriction ပေါ့။ ဒီလိုကျုံ့လိုက်တဲ့အတွက် သွေးထဲမှာ ဖိအားတက်လာတာကြောင့် သွေးတိုးတာ၊ သွေးပေါင်ချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခနာကိုယ်အတွက် လိုအပ်တဲ့အပူချိန်ကို ထုတ်ပေးနိုင်ဖို့အတွက် နှလုံးက ခါတိုင်းထက်ပိုပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့အတွက် နဂိုနှလုံးရောဂါအခံရှိတဲ့သူတွေဆို Heart Attack ရတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါရှိတဲ့သူတွေဆို ပိုသတိထားရပါမယ်။ ဒါကို ကာကွယ်ဖို့အတွက်ဆိုရင် သိပ်အအေးမခံဘဲ နွေးနွေးထွေးထွေးနေဖို့ အကြံပေးလိုပါတယ်။

 

ပန်းနာရင်ကြပ်

လေအေးအေးကို ရုတ်တရက်ရှူရှိုက်လိုက်ရတဲ့အခါ ကျမတို့ရဲ့လေပြွန်ဟာ ရုတ်တရက် ကျဉ်းလိုက်ပါတယ်။ ဒီအတွက် နှာချေတာ၊ အသက်ရှုမဝတာ၊ မောတာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် နဂိုကတည်းက ပန်းနာရင် ကြပ်ရှိတယ်ဆိုရင် ပိုဂရုပြုသင့်ပါတယ်။ ပုံမှန်ဆေးရှူ၊ ဆေးသောက်တာ၊ ရှုဆေးကို ကိုယ်နဲ့မကွာ ဆောင်ထားတာ၊ လည်ပင်းတဝိုက်ကို ပဝါလေးပတ်ထားတာ၊ နွေးနွေးထွေးထွေးဝတ်ဆင်တာတွေ ပြုရပါမယ်။

 

ရာသီတုပ်ကွေး

ရာသီအကူးအပြောင်းမှာ ဖျားနာတာ၊ ချောင်းဆိုး၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေကို ကြုံရတတ်ပါတယ်။ ဘယ်တုပ်ကွေးမဆို ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး များသောအားဖြင့် Anti-viral ဆေးတွေ ပေးလေ့မရှိပါဘူး။ အဲဒီအစား ရောဂါလက္ခဏာသက်သာစေမယ့် ဆေးလေးတွေပဲပေးပါတယ်။ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကိုယ်တွေလက်တွေနာတာက ထိရောက်တဲ့ အဖျားပျောက်ဆေး၊ အကိုက်ခဲပျောက် ဆေးနဲ့တင် လုံလောက်ပါတယ်။ အခုဆိုရင် ဖျားတာအပြင် ချောင်းဆိုး၊ နှာစေးတာ ကိုပါ ပျောက်တဲ့ combined drug တွေ ပေါ်နေပါပြီ လည်ချောင်းနာတာအတွက် anti-viral တွေ၊ ပဋိဇီဝဆေးတွေ သောက်ဖို့မလိုပါဘူး။ ငုံဆေးငုံတာ၊ ဆားရေနွေးနဲ့ ပလုပ်ကျင်းတာဟာ ရောင်ရမ်းတာကို သက်သာစေပြီး လည်ပင်းတလျှောက်ချောမွေ့စေပါတယ်။

 

တုပ်ကွေးဟာ ချောင်းဆိုး၊ နှာချေလိုက်တဲ့ အမှုန်အမွားတွေဟာ အသက်ရှူလမ်း ကြောင်းကနေတဆင့် ဝင်ရောက်ကူးစက် တတ်တာမို့ ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေမသွားဘဲ အိမ်မှာနားနေပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါမှာလည်း လက်ကိုင်ပဝါထက် တခါသုံးတစ်ရှူးလေးတွေကို သတိတရ အသုံးပြုသင့်ပါတယ်။ ဒါမှ ကိုယ့်မှာရှိတဲ့ ရောဂါပိုးတွေ တခြားသူတွေဆီ မကူးစက်တော့မှာဖြစ်ပါတယ်။ ဒါ့ပြင်နှာချေလိုက် တဲ့အမှုန်အမွှား တွေဟာ စားပွဲခုံလို ပစ္စည်းတွေအပေါ် တင်ကျန်နေတဲ့အခါ ကိုယ်က ကိုင်တွယ်မိလိုက်ရင်လည်း ကူးစက်တတ် ပါတယ်။ ဒါကြောင့် တစ်ခုခုကိုကိုင်ပြီးတိုင်း လက်ဆေးတဲ့အကျင့်လေးကိုမွေးပါ။

နောက်ထပ် ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်တာတစ်ခုလည်းရှိပါသေးတယ်။ အဲဒီဗိုင်းရပ်စ်ကတော့ Noro Virus ပါ။ သူက အန်တာနဲ့ ဝမ်းလျောတာကို ဖြစ်စေတာကြောင့် ဆုံးရှုံးသွားတဲ့ရေနဲက ဆားဓာတ်တွေကို ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်ဂရုတစိုက်ပြန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ဒီဗိုင်းရပ်စ်ကလည်း လူနေထူထပ်တဲ့ ကျောင်း၊ ဆေးရုံလိုနေရာတွေမှာ ပိုကူးစက်ပြန့်ပွားလွယ်ပါတယ်။

 

အဆစ်မြစ်တွေကိုက်တာ

နောက်ထပ်ဖြစ်တတ်တာတစ်ခုကတော့ အဆစ်မြစ်တွေ ကိုက်ခဲတာပါ။ အကြောင်းရင်းတိတိကျကျကို ရှာမရသေးပေမယ့် ရာသီဥုတုအေးလာတဲ့အခါ အဆစ်မြစ်တွေကိုက်ခဲလာတတ်ပါတယ်။ ဒါကြောင့် ဆေးလိမ်းပြီး နွေးနွေးထွေးထွေးနေဖို့ လိုပါတယ်။

 

စိတ်ထိုင်းမှိုင်းလေးလံတာ

အင်မတန်အေးပြီး နေရောင်တောင်မြင်ရခဲတဲ့ အနောက်နိုင်ငံတချို့မှာဆိုရင် ဆောင်းတွင်းရောက် တာနဲ့ နေရောင်ခြည်နဲ့ကင်းကွာသွားတဲ့အတွက် စိတ်ဓာတ်ကျပြီး နွေဦးရောက်လို့ နေရောင်ခြည်မြင်ရင် ပုံမှန်အတိုင်းပြန်ဖြစ်တဲ့ စိတ်ကျရောဂါတစ်မျိုးတောင်ရှိပါတယ်။ ဒါကို Seasonal Affective Disorder (SAD) လို့ခေါ်ပါတယ်။ ကျမတို့ဆီမှာလည်းဆောင်းတွင်းအေးလို့ဆိုပြီး အိမ်တွင်း အောင်းနေတဲ့အခါ စိတ်ထိုင်းမှိုင်း လေးလံနေတာမျိုး၊ မလန်းဆန်းတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက် ၁ဝ နာရီမတိုင်မီထွက်တဲ့ နေရောင်ခြည်နဲ့ ထိတွေ့ပေးမယ်ဆိုရင်ခနာကိုယ်က serotonin level တက်လာပြီး အကျဘက်ဦးတည်တဲ့ ခံစားချက်အတွေးမျိုးတွေကို ပျောက်ကင်းသက်သာစေပါတယ်။ တစ်နေ့ကိုအနည်းဆုံး ၁၅ မိနစ်လောက်တော့ နေရာင်ခြည်နဲ့ ထိတွေ့ပေးရင် လုံလောက်ပါပြီ။

 

Raynound’s Phenomenon

ဒါကတော့ သွေးကြောရောဂါရှိတဲ့သူတွေ၊ ဆီးချိုသမားတွေမှာ ပိုမြင်ရတတ်ပါတယ်။ အအေးနဲ့ထိတွေ့တဲ့အခါ ခြေလက်တွေဟာ ရုတ်ရက် ဖြူစုပ်သွားပြီး ပြာနှမ်းလာမယ်။ ပြီးတော့ နီရဲလာပြီး အင်မတန်နာကျင်လာတတ်ပါ တယ်။ ဒီအတွက် ခြေလက်တွေကိုနွေးထွေးနေအောင် လက်အိတ်ခြေအိတ်တွေ စွပ်ပေးထားပါ။

 

Cေredit: ဒါက်တာစိမ့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18