Print

သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ

  15-Nov-2018
Preview Image

တကယ်လို့သင့်မှာသားအိမ်ကင်ဆာရှိနေပြီဆိုရင်ဆရာဝန်ကကုသမှုနည်းလမ်းတွေကိုသင်နဲ့ဆွေးနွေးပါလိမ့်မယ်။သင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးသင်သေချာစဉ်းစားဖို့တော့အရေးကြီးပါတယ်။ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလည်းနှိုင်းယှဉ်ပြီးစဉ်းစားသင့်ပါတယ်။


ခွဲစိတ်ကုသခြင်း

သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေအတွက်သားအိမ်ထုတ်ခြင်းခွဲစိတ်မှုလုပ်သင့်ပါတယ်။သူတို့အနေနဲ့သားအိမ်အပါအဝင် သားဥပြွန်တွေ မျိုးဥအိမ်တွေပါထုတ်တဲ့ကုသမှုဖြစ်တဲ့ Hysterectomy ကိုလုပ်ဆောင်ရပါမယ်။ Hysterectomy ကြောင့် သင်အနာဂတ်မှာကလေးမယူနိုင်တော့ပါဘူး။ ဒါ့အပြင်သားဥအိမ်တွေကိုလည်းဖယ်လိုက်တဲ့အတွက်သင်သွေးမဆုံးသေးတဲ့အရွယ်ဆိုရင်လည်း သွေးဆုံးသွားပါလိမ့်မယ်။ခွဲစိတ်မှုအတွင်းမှာ သင့်ဆရာဝန်ကသင့်သားအိမ်မှာကင်ဆာပြန့်နေတဲ့နေရာတွေကိုစစ်ဆေးပါမယ်။စစ်ဆေးမှုအတွက်ဆရာဝန်က Lymph Nodes တွေကိုလည်း ဖယ်ရှားချင်ဖယ်ရှားရပါလိမ့်မယ်။ ဒါကသင့်ကင်ဆာအဆင့်ကိုသိနိုင်ပါတယ်။


ဓာတ်ကင်ခြင်း

ဓာတ်ကင်ခြင်းက စွမ်းအားမြင့်ဓာတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ တချို့အခြေအနေတွေမှာ သင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓာတ်ကင်ခိုင်းပါလိမ့်မယ်။တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓာတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓာတ်ကင်ခြင်းတစ်ခုပဲ လုပ်နိုင်ပါတယ်။ သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓာတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။


ဓာတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်

• သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓာတ်ကင်ခြင်း၊ဒီဓာတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးကုတင်ပေါ်လှဲအိပ်နေပြီးဓာတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓာတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။

• ကိုယ်တွင်းဓာတ်ကင်ခြင်း၊ဒီဓာတ်ကင်ခြင်းမှာ ရေဒီယိုသတ္တိကြွနေတဲ့အရာတွေ(ဥပမာ – အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ) ကို သင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင် ခဏထည့်ထားပါလိမ့်မယ်။


ဟော်မုန်းကုသမှု

ဟော်မုန်းကုသမှုမှာသင့်ကိုယ်ထဲက ဟော်မုန်းတွေကိုသက်ရောက်မှုရှိစေဖို့ ဆေးတွေသောက်ရပါတယ်။ သင့်သားအိမ်ကင်ဆာက သားအိမ်အပြင်အထိပြန့်နေပြီဆိုရင်တော့ ဟော်မုန်းကုသမှုကိုရွေးနိုင်ပါတယ်။ရွေးချယ်စရာတွေကတော့

• သင့်သွေးထဲက Progesterone ကိုမြင့်စေတဲ့ဆေးများ။ Progesterone ဟော်မုန်းရဲ့အသွင်တစ်မျိုးဖြစ်တဲ့ Synthetic progestin ကသားအိမ်ကင်ဆာဆဲလ်တွေကြီးထွားမှုရပ်စေပါတယ်။

• သင့်သွေးထဲကEstrogen ကို လျှော့ချတဲ့ဆေးများ။ဟော်မုန်းကုသနည်းဆေးတွေကသင့်သွေးထဲက Estrogen ပမာဏကိုလျှော့ချပေးခြင်းဒါမှမဟုတ်သင့်ကိုယ်က Estrogen တွေကိုအသုံးပြုရခက်ခဲအောင်လုပ်ခြင်းတို့လုပ်နိုင်ပါတယ်။ကြီးထွားဖို့ Estrogen ကိုမှီခိုရတဲ့ကင်ဆာဆဲလ်တွေကဒီဆေးတွေကြောင့် သေနိုင်ပါတယ်။


ဓာတုကုထုံး

Chemotherapy ကကင်ဆာဆဲလ်တွေကိုသတ်ဖို့ဓာတုဆေးတွေကိုသုံးပါတယ်။သင့်အနေနဲ့ chemotherapy ဆေးတစ်မျိုးရမယ်ဒါမှမဟုတ်နှစ်မျိုးကနေတခြားဆေးတွေအထိပါ ပေါင်းစပ်ပြီးရရှိပါမယ်။သောက်ဆေးဒါမှမဟုတ်အကြောဆေးအနေနဲ့ပေးပါမယ်။ဒီနည်းကကင်ဆာပြန်ဖြစ်လာပြီးသားအိမ်အပြင်ဘက်ထိပြန့်နေတဲ့အမျိုးသမီးတွေအတွက်သုံးပါတယ်။ဒီဆေးတွေကသင့်သွေးတွေကတစ်ဆင့်ကိုယ်ထဲရောက်ပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။


Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18