Print

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ

  25-Oct-2018
Preview Image


အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာမဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့အနေအထားမှာရှိနေသူတွေအနေနဲ့က အခက်အခဲရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောကျ်ားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေအတွက် ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

 

၁။ စိတ်ဖိစီးမှုများလာမယ်။

အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှုကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှုလျော့ကျသွားစေဖို့ အကြီးအကျယ်အထောက်အကူပြုပြီး နုပျိုကျန်းမာစေပါတယ်။ အတူမနေတာကြာရင်တော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေဖြစ်နိုင်ပါတယ်။ ကြားဖူးတယ်မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ်ဆိုတာလေ။

 

၂။ ကိုယ်ခံအားနည်းလာမယ်။

အတူနေတဲ့အခါ သွေးလည်ပတ်မှုအားကောင်းတာ၊ ဟော်မုန်းတွေထွက်ရှိတာက ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုရှိတာက ကိုယ်ခံအားစနစ်အတွက်ကောင်းမွန်နိုင်စေပါတယ်။ ဒါပေမယ့် အတူမနေတာကြာပြီဆိုရင်တော့ ပြောင်းပြန်ဖြစ်သွားပြီး ကိုယ်ခံအားနည်းလာမယ်၊ မကြာခဏဖျားလာတတ်လာမယ်ပေါ့။

 

၃။ စိတ်ဓာတ်ကျဆင်းမယ်။

FA တွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ အတူနေတာက ပိုမိုကျန်းမာသောဘဝနဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ရရှိစေနိုင်ပါတယ်။ ပိုမိုပျော်ရွှင်ပြီး စိတ်ဖိစီးမှုနည်းတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုမှမဟုတ်ရင်တော့ စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုမိုပြင်းထန်လာပြီး ဝမ်းနည်းတဲ့ခံစားချက်တွေ မကြာခဏဝင်ရောက်လာမယ်။ နောက်ပိုင်းမှာတော့ စိတ်ဓာတ်ကျဆင်းတာအထိပါဖြစ်လာနိုင်ပါတယ်။

 

၄။ ကိုယ်အလေးချိန်များလာမယ်။

အတူနေတာက ကယ်လိုရီတွေကိုလောင်ကျွမ်းနိုင်တဲ့ အကြောင်းရင်းခံကောင်းကောင်းတစ်ခုဆိုတာတော့ သိပြီးကြမှာပါ။ အတူနေခြင်းက နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။ ဒီတော့ အတူမနေတာကြာတဲ့အခါ လေ့ကျင့်ခန်းမှန်မှန် မလုပ်ဖြစ်သလိုမျိုးဖြစ်သွားပြီး ကိုယ်အလေးချိန် တက်လာနိုင်တာပေါ့။ နောက်တစ်ခုကတော့ စိတ်ဖိစီးမှုများမယ်။ စိတ်ဖိစီးမှုများရင် ပိုစားမယ်။ ဒီတော့ ဝိတ်တက်လာပြန်တာပေါ့။

 

၅။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကျဆင်းလာမယ်။

အတူမနေတာ ကြာလာလေလေ ယောကျ်ားရော မိန်းမမှာပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းလာလေပဲ ဖြစ်ပါတယ်။ အတူမနေတာ ကြာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာကြွက်သားတွေက အားလျော့လာပြီးဆက်ဆံတဲ့အခါမှာ တင်းပြည့်ကျပ်ပြည့် စိတ်ကျေနပ်မှုကို ရရှိမှုလျော့နည်းလာပါလိမ့်မယ်။ နောက်တစ်ခုကတော့ အတူမနေတာကြာတဲ့ အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းရင် ဘယ်နေရာမှ အလုပ်မဖြစ်ဘူးဆိုတော့ ဒီကိစ္စကလည်း အတူတူပဲပေါ့။

 

Credit: Hello ဆရာဝန်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18