Print

ဗိုက်ခဏခဏဆာတတ်တဲ့သူတွေ သိထားဖို့လိုတဲ့ နည်းလမ်းကောင်းများ

  22-Aug-2018
Preview Image

       အခုစားပြီးလည်း ခဏနေဗိုက်ဆာတာမျိူးတွေ ဖြစ်ဖူးကြာမှာပါ။ ဗိုက်ဆာလိုက် စားလိုက်နဲ့ဆိုရင်တော့ ဝိတ်ကသေချာပေါက်ကို တက်လာမှာပါ။ ဒါကြောင့် ဗိုက်ခဏခဏဆာတတ်တဲ့ သူတွေအတွက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။အစာမစားခင်မှာ ပန်းသီးနဲ့ ထောပတ်သီးကို အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို ၁၀ မိနစ်လောက် ကြိုစားထားလိုက်ပါ။ အမျှင်ဓာတ်တွေက သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို မှန်စေတဲ့အတွက် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

 

ရေသောက်နည်းရင်လည်း ဆာလောင်မှုကို ဖြစ်ပေါ်စေတယ်။ ရေခဏခဏသောက်ပေးခြင်းက ဗိုက်ခဏခဏဆာတာမျိုးကို မဖြစ်စေပါဘူး။ ဘာကိုပဲစားစား အစာမစားခင်မှာ ရေနှစ်ခွက်သောက်ပေးမယ်ဆိုရင်တော့ စားတဲ့အစာရဲ့ ကယ်လိုရီတွေကို ၇၅ ကနေ ၉၀ အထိ လျော့ကျစေပါတယ်။ဘယ်အစားအစာပဲစားစား ဟင်းသီးဟင်းရွက်နဲ့ တွဲစားပေးပါ။ ဟင်းသီးဟင်းရွက်မှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ အပြည့်အဝပါဝလို့ တွဲစားပေးရင် ဗိုက်ခဏခဏ မဆာတော့ပါဘူး။အစားအသောက်အပြင် အိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရင် ကိုယ်တွင်းက Leptin ဟော်မုန်းလျော့ကျပြီး အစာစားချင်စိတ်ကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။

 

ဗိုက်ခဏခဏဆာလာတဲ့အခါမှာ သွားတိုက်တာပဲဖြစ်ဖြစ်၊ ပီကေဝါးတာပဲဖြစ်ဖြစ်၊ ငုံဆေးငုံတာပဲဖြစ်ဖြစ်၊ သကြားလုံးစားတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ သွားတိုက်ပေးခြင်းကတော့ အစာစားချင်းစိတ်ကို စက္ကန့်ပိုင်းအတွင်း လျော့ကျစေပါတယ်။ သွားတိုက်ဆေးက ဆာလောင်မှုတွေကို ချက်ချင်းပျောက်စေပါတယ်။ ဒါ့ကြောင့် ခဏခဏဗိုက်ဆာတတ်ရင်တော့ အိတ်ဆောင်သွားတိုက်တံလေးကို သွားလေရာအမြဲယူသွားပါ။

 

Credit: My Food 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18