Print

ရာသီလာချိန် ခေါင်းလျှော်ခြင်းနှင့် အခြားအယူအဆ အလွဲများ

  16-Aug-2018
Preview Image

ရာသီလာနေစဉ်မှာ ခေါင်းလျှော်ရင် ရာသီထိန်သွားတတ်တယ်လို့ လူကြီးတွေကပြောကြပါတယ်။ ဤအကြောင်းအရာကို မဆွေးနွေးခင်မှာ ရာသီဘာကြောင့် လာရလဲ ဆိုတာကိုသိစေချင်ပါတယ်။ တစ်လတစ်ခါ သားအိမ်နံရံ တွေက ကလေးမွေးစရာမလိုလို့ အဟောင်းနဲ့ အသစ်လဲရာမှ ကွာကျခြင်းကြောင့် ရာသီသွေးဆင်းရခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သားအိမ်နံရံရှိ ကြွက်သားတွေက ကူညှစ်ပေးရတာ ကြောင့် ရာသီလာစဉ်ကိုက်ခဲခြင်းဖြစ်ရတာပါ။ ရာသီလာတဲ့အခါမှာ လူသန့်စင်ဖို့ ရေချိုးရသလိုခေါင်းလည်းလျှော်လို့ရပါတယ်။ ခန္ဓာကိုယ်၏အစိတ်အပိုင်း ကို ရေထိတာခြင်းတူတဲ့အတွက် ဘာမှမဖြစ်ပါဘူး။ ရေအေးနှင့်ချိုးရင် ထိန်တတ်တယ်ဆိုတာလည်း မဆိုင်ပါဘူး။ ခေါင်းကိုက်တာကလည်း ရေအေးနှင့်ချိုးရင်း လျှော်ရင်းအအေးမိသွားလို့ ဖြစ်ပါတယ်။ ခါးကိုက်တတ်ရင်တော့ ရေနွေးနှင့်ချိုးတာက သွေးလည်ပတ်မှုကောင်းစေလို့ အနည်းငယ်သက်သာစေ ပါတယ်။


ရာသီလာတာ သွေးပုပ်တွေဆင်းတာ မဟုတ်သလို ကံနိမ့်လို့လည်းမဟုတ်ပါဘူး။ သဘာ၀ တစ်ခုပါဘဲ။ ပုံမှန်သွားလာ လှုပ်ရှားလို့ရပါတယ်။ ရာသီလာတုန်း ရေခဲရေမသောက်ရဘူးဆိုတာလည်း မဟုတ်ပါဘူး။ ရေခဲရေက အစာအိမ်ထဲမှာ အဆီကို ခဲစေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ရေခဲရေကို သောက်ပြီး မမြိုချသေးဘဲပြန်ထွေးထုတ်ကြည့်ပါ ရေကအေးမနေတော့ပါဘူး။ ခန္ဓာကိုယ်ရဲ့ အနွေး ဓာတ်ကြောင့်ပါ။ အစာအိမ်ထဲရောက်ရင်တောင် မအေးတော့ဘဲ ရေခဲရေက ဟိုးအဝေးက သားအိမ်ကို ဘာမှ သွားဒုက္ခမပေးနိုင်ပါဘူး။ 


ရာသီလာတဲ့အချိန်မှာလိင်ဆက်ဆံရင်လည်း ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ ၂၈ ရက်တစ်ခါ ရာသီပုံမှန် လာသူတွေအတွက်တော့ ရာသီလာစဉ် အတူနေပါက ကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။၂၈ ရက်တစ်ခါ ပုံမှန်မလာတဲ့သူ၊ စောလာတတ်တဲ့သူတွေအတွက်ကတော့ လာနေစဉ် ရက်အတွင်း အတူနေပါက ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ ရာသီလာတဲ့အချိန်မှာအတူနေလို့ရပါတယ်။ ကျန်းမာရေးရှုတောင့်အရတော့ ဘာဆိုးကျိုးမှ မရှိပါဘူး။ ရာသီလာစဉ်မှာ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ အရမ်းပြင်းပြင်းထန်ထန်တော့ မကစားပါနဲ့။ အားနည်းပြီး ခေါင်းမကြည်တာဖြစ်တတ်ပါတယ်။ ရာသီလာစဉ် ကိုက်ခဲတတ်သူတွေ အတွက်တော့ Dolfenal ဆိုတဲ့ဆေး 500 mg ကို မနက်(၁)ကြိမ်၊နေ့လည်(၁)ကြိမ်၊ ညနေ(၁)ကြိမ် ရာသီလာလို့ ကိုက်ခဲနေစဉ်အတွင်း သောက်ပေးပါ။ ၃ ရက်မှ ၅ ရက် ထိသောက်လို့ရပါတယ်။ အစာစားပြီးမှ သောက်ပေးပါ။


ဒေါက်တာခြူးမျက်ချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18