Print

အပူလောင်ခြင်း

  25-Jan-2019
Preview Image


၁။ ပူလောင်နာကျင်မှု သက်သာသည်အထိ ဒဏ်ရာပေါ်သို့ ရေအေးဖြင့် ဖြည်းညင်းစွာလောင်းပါ။ဒဏ်ရာကို အေးအောင်ပြုလုပ်ခြင်းသည် နာကျင်ခြင်း၊ ဒဏ်ရာပို၍ ကြီးမားလာခြင်း၊ အမာရွက် တင်ကျန်စေခြင်းတို့ လျော့နည်းစေနိုင်ပြီး ဒဏ်ရာပိုမဆိုးစေရန် ကာကွယ်ပေးပါသည်။ 

၂။ ဆေးဝါးအကူအညီလိုအပ်ပါက ဒဏ်ရာကို သန့်ရှင်းသော ပလတ်စတစ်စ၊ ပိတ်စဖြင့် ခပ်ဖွဖွအုပ် ပေးပါ။ ဆေးအကူအညီရယူရန်မလိုပါက ပလတ်စတစ်စ၊ ပိတ်စဖြင့် ဖုံးအုပ်ရန်မလိုအပ်ပါ။ ပလတ်စတစ်စ၊ ပိတ်စဖြင့် အုပ်ထားပေးခြင်းသည် ဒဏ်ရာရထားသော နေရာတဝိုက်ကို သန့်ရှင်းစေသဖြင့် အနာပိုးဝင်ခြင်းမှလည်း ကင်းဝေးနိုင်ပါသည်။ မီးလောင်ဒဏ်ရာတွင် ကပ်မနေခြင်း၊ နာကျင်မှုသက်သာစေခြင်းများ ရရှိနိုင်သည်။

၃။ လိုအပ်ပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ ကလေးတစ်ယောက် မီးလောင်ခံရလျှင်သော်လည်းကောင်း၊ မီးလောင်ဒဏ်ရာကြောင့် အရေပြားတွင် အရည်ကြည်ဖုများ ထလျှင်သော်လည်း၊ ခန္ဓာကိုယ်၊ လက်၊ ခြေထောက်၊ အဆစ်များနှင့် မျက်နှာတွင် ဒဏ်ရာတစ်နေရာထက် ပို၍သော်လည်းကောင်း၊ အရေပြားအောက် အသားများ မြင်သည့်အထိ လောင်ကျွမ်းခံရလျှင်သော်လည်းကောင်း နီးစပ်ရာဆေးရုံဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

မီးလောင်ဒဏ်ရာပေါ်တွင် ထောပတ် (သို့) ခရမ်သုတ်လိမ်းပေးသင့်ပါသလား။ 
ထိုကဲ့သို့ သုတ်လိမ်းပေးခြင်းက သက်သာစေတယ်လို့ ကြားဖူးပါတယ်။ မဟုတ်ပါ။ ထောပတ်သည် မီးလောင်ထားသောနေရာကို မအေးစေပါ။ ဆီအားလုံးသည် အပူကိုထိန်းထားနိုင်သောကြောင့် အေးအောင်ပြုလုပ်ခြင်းနှင့် ဆန့်ကျင်ဘတ်ဖြစ်နေပါလိမ့်မည်။ ဒဏ်ရာပေါ်တွင်တစ်ခုခုဖုံးအုပ်ထားပါက ဆေးရုံရောက်လျှင် ဖယ်ရှားရန်လိုအပ်ပါသည်။ မဖယ်မိပါက ဒဏ်ရာပိုဆိုးစေနိုင်ပါသည်။

ဒဏ်ရာကို အေးစေရန် ရေခဲသုံးသင့်ပါသလား။

မသုံးသင့်ပါ။ ရေကိုသာသုံးသင့်ပါတယ်။ ရေခဲသုံးခြင်းသည် အရေပြားကို ပို၍ ပျက်စီးစေပါသည်။ 

ဆေးရုံသွားသင့်သောအချိန်ကို မည်ကဲ့သို့သိနိုင်ပါသနည်း။
ကလေးတစ်ယောက် မီးလောင်ခံရလျှင်သော်လည်းကောင်း၊ မီးလောင်ဒဏ်ရာကြောင့် အရေပြားတွင် အရည်ကြည်ဖုများထလျှင် သော်လည်းကောင်း၊ ခန္ဓာကိုယ်၊ လက်၊ ခြေထောက်၊ အဆစ်များနှင့် မျက်နှာတွင် လောင်ကျွမ်းလျှင်သော်လည်းကောင်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

မီးလောင်ဒဏ်ရာပေါ်တွင် ကော်ပတ်တီးစည်းပေးသင့်ပါသလား။
မစည်းပေးသင့်ပါ။ ကော်ပါသောပတ်တီးများသည် အရေပြားကို စေးကပ်စေပြီး ဒဏ်ရာကို ပိုဆိုးစေနိုင်ပါသည်။ ဒဏ်ရာပေါ်တွင် သန့်ရှင်းသော ပလတ်စတစ် (သို့) ပိတ်ပါးစကိုသာ ဖုံးအုပ်ပေးပါ။

မီးလောင်ဒဏ်ရာပေါ်တွင် အဝတ်စများကပ်နေပါက မည်ကဲ့သို့ ဖယ်ရှားမည်နည်း။
မီးလောင်ဒဏ်ရာအနီးတဝိုက်ရှိ အဝတ်စနှင့် လက်ဝတ်လက်စားများကို ဖယ်ရှားပြီး ဒဏ်ရာပေါ်တွင် ကပ်နေသောအရာများကို ဖယ်ရှားခြင်းမပြုရပါ။ ဖယ်ရှားလိုက်ပါက ပို၍ဆိုးသွားစေနိုင်ပါသည်။ 

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18