Print

သံပယို ဖျော်ရည် မနက်စောစော သောက်သင့်တဲ့ ကောင်းကျိုးများ

  24-Jan-2019
Preview Image


လူတစ်ယောက်ယောက်က သင့်ကို မနက်ပိုင်းမှာ အစောဆုံး အစားအစာအဖြစ် သံပယိုရည် နွေးနွေးလေး (Warm Lemon Water) ကို သောက်သုံးသင့်တယ်လို့ ပြောလာခဲ့ရင်တော့ အဲဒါဟာ မမှားပါဘူး။ သံပယို (Lemon) ဟာ အရသာရှိသလိုပဲ အာဟာရဖြစ်စေတဲ့ ဓါတ်တွေလည်း အများကြီးပါဝင်ပါတယ်။ သင်အိပ်ရာကနိုးနိုးချင်းမှာတင် သံပုယိုရည်ကို သောက်သုံးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်လာစေမှာပါ။

၁။ အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်
သံပယိုမှာ သတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေ များစွာပါဝင်တဲ့အတွက် အစာချေဖျက်ခြင်းကရတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ကျွမ်းကျင်သူတွေက သံပယိုရည်နွေးနွေးလေးကို မနက်စောစောမှာ သောက်တာဟာ အစာအိမ်ရဲ့ လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။

၂။ ကိုယ်အလေးချိန်လျော့ကျစေပါတယ်
သံပယိုနဲ့ ပျားရည်ကို နွေးနွေးလေး ဖျော်စပ်ပြီး မနက်စောစောမှာ သောက်သုံးတာဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ နည်းလမ်းကောင်းပါ။ သံပယိုမှာပါဝင်တဲ့ ဖိုင်ဘာတွေဟာ အစာအိမ်အတွင်းက ဗိုက်ဆာစေတဲ့ အရည်တွေကို ဖယ်ရှားပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက်လည်း အသုံးဝင်ပါတယ်။

၃။ အသားအရေ ကိုကြည်လင်စေပါတယ်
သံပယိုဟာ သွေးကြောထဲက အဆိပ်အတောက်တွေကိုသာ ဖယ်ရှားပေးရုံတင်မကပဲ သွေးကြောဆဲလ် အသစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ပျားရည်နဲ့သာရောစပ်ပြီး သောက်သုံးမယ်ဆိုရင်တော့ သင့်အရေပြားတွေကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယား တွေကို ကင်းစင်စေပါတယ်။

၄။ ကိုယ်ခံအား ကောင်းစေပါတယ်
သံပယိုမှာ ဗီတာမင်စီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ ချွဲ ၊ သလိပ် ပမာဏကို လျော့နည်းသွားစေပြီး ပိုတက်ဆီယမ် ပါဝင်တဲ့အတွက်လည်း အာရုံကြောစနစ်နဲ့ သွေးဖိအား ထိန်းချုပ်မှုတွေကို ကူညီပေးနိုင်ပါတယ်။

၅။ အဆိပ်အတောက်ပြေစေပါတယ်
အစောက ပြောခဲ့သလိုပဲ သံပယိုဟာအစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတဲ့အပြင် သင့်ရဲ့ ဆီးသွားခြင်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သံပယိုမှာပါဝင်တဲ့ Citric Acid ဟာ အသည်းကို လှုံ့ဆောင်ပေးနိုင်တဲ့အတွက်လည်း အဆိပ်အတောက်တွေ ကင်းစင်စေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Ref
Mario

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18