Print

အေးစက်သောဆောင်းနဲ့အသားအရေ

  28-Dec-2018
Preview Image

ဆောင်းရာသီရဲ့ အေးစက်စက်လေတွေက အသားပတ်ခြင်း အပါအဝင် အသားအရေကို အက်ကွဲစေပါတယ်ဆောင်းရာသီဟာ အေးအေးချမ်းချမ်း ခြောက်ခြောက်သွေ့သွေ့နဲ့ နေလို့ကောင်းပေမယ့် ဆောင်းရာသီရဲ့ အေးစက်စက် လေတွေကတော့ အသားပတ်ခြင်း အပါအဝင် အသားအရေ ခြောက်သွေ့ အက်ကွဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။


ဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေ ပြဿနာတွေတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ့် အသားအရေ ထိန်းသိမ်းနည်းတွေကို သိထားအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။


(၁) ဆောင်းရာသီမှာ ရေချိုးတာပဲဖြစ်ဖြစ်၊ မျက်နှာသစ်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် မပူလွန်း၊မအေးလွန်းတဲ့ ရေမျိုးကို အသုံးပြုသင့်ပါတယ်။ အရမ်းပူလွန်းတဲ့ ရေဟာ အသားအရေကို ခြောက်သွေ့ အက်ကွဲစေနိုင်တဲ့အတွက် မပူလွန်း၊ မအေးလွန်းတဲ့ ရေမျိုးကို အသုံးပြုသင့်ပါတယ်။


(၂) ဆောင်းရာသီဟာ ရာသီဥတုကိုက အေးစိမ့်စိမ့်ဖြစ်တာကြောင့် ရေမသောက်မိတာမျိုးတွေ၊ ပုံမှန် ရေမချိုးမိတာမျိုးတွေ ရှိတတ်ပါတယ်။ ရေဓာတ် ခမ်းခြောက်တဲ့အခါ အသားအရေတွေ ခြောက်သွေ့ အက်ကွဲလာနိုင်သလို ခန္ဓာကိုယ်တွင်းအပူချိန် မြင့်တက်လာပြီး အပူကန်တာမျိုးတွေပါ ဖြစ်တတ်တာကြောင့် ဆောင်းရာသီမှာ တတ်နိုင်သမျှ ရေများများသောက်ပေးသင့်ပါတယ်။


(၃) ဆောင်းရာသီဟာ တခြားသော ရာသီဥတုတွေထက် အသားအရေ ပိုမိုခြောက်သွေ့တတ်တာကြောင့် အစိုဓာတ်ထိန်း ခရင်မ်တွေ ရွေးချယ်ဝယ်ယူရာမှာ သတိပြုသင့်ပါတယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေ ဖြစ်နေပေမယ့် ဆောင်းရာသီမှာတော့ အစိုဓာတ်များများပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။


(၄) ဆောင်းတွင်းမှာ အသားအရေနဲ့ပတ်သက်ပြီး နောက်ထပ်သတိထားသင့်တဲ့ အချက်တခုကတော့ မကြာခဏဆိုသလို Scrub ပြုလုပ်ခြင်းကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။


Scrub ပြုလုပ်ခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အရေပြား ပေါ်က အစိုဓာတ်ကိုပါ ခမ်းခြောက်စေတာကြောင့် ဆောင်းရာသီမှာ scrub ပြုလုပ်တော့မယ်ဆိုရင် တပတ်တကြိမ်သာ ပြုလုပ်သင့်တဲ့အပြင် ပြုလုပ်ပြီးပြီးချင်းကိုလည်း အစိုဓာတ်ထိန်းခရင်မ် တခုခု လိမ်းပေးဖို့ကို မမေ့လျော့သင့်ပါဘူး။


(၅) ဆောင်းရာသီမှာ မျက်နှာနဲ့ ခန္ဓာကိုယ် အသားအရေတင်သာမကပဲ ခြေထောက်နဲ့ခြေဖနောင့် အသားအရေတွေကိုပါ ဂရုစိုက်သင့်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီနဲ့ အစိုဓာတ်ဖြည့်ခရင်မ်တခုခုကို ခြေထောက်နဲ့ ခြေဖနောင့်သားတွေကို ဂရုတစိုက် လိမ်းပေးခြင်းအားဖြင့် ခြေဖနောင့် ကွဲအက်ခြင်းနဲ့ အသားပတ်ခြင်းတွေကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။


Ref : www.stylecraze.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18