Print

အအေးမိခြင်း (The common cold )

  14-Nov-2018
Preview Image

အအေးပတ်သည် ၊ အအေးမိသည် ဟုု ဆိုုလ ျှင် နှာခေါင်း နှင့် လည်ချောင်းရောင်ခြင်း ( nasopharyngitis, rhinopharyngitis ) ကိုု ဆိုုခြင်း ဖြစ်ပါသည် ။ အဓိက မှာ နှာခေါင်းဖြစ်ပါသည် ။ ၎င်းသည်လည်း ဗိုုင်းရပ်ပိုုးကြောင့် ဖြစ်ရပါသည် ။ ဗိုုင်းရပ်အမျိုးပေါင်း ၂၀၀ လောက် ပတ်သက်မှုရှိသော်လည်း အထင်ရှားဆုံုးက ရိုုင်နိုုဗိုုင်းရပ်( rhinoviruses)ဖြစ်ပါသည် ။ လက္ခဏာများက -- ချောင်းဆိုုးခြင်း -- လည်ချောင်းနာခြင်း -- နှာရည်ယိုုခြင်း -- နှာချေခြင်း -- နှာစေးခြင်း -- ဖျားခြင်း တိုု့ ဖြစ်ပါသည် ။ လက္ခဏာများမှာ ၁ပတ် ၁၀ရက် ကြာတတ်ပါသည် ။ တခါတရံ ၃ပတ်လောက်ထိ ကြာတတ်ပါသည် ။ တခါတရံ နမိုုးနီးယား (viral pneumonia ) ထိဖြစ်နိုုင်ပါသည် ။ ဘက်တီးရီးယား ထပ်ဆင့်ဝင်ရောက်ပါက ဘက်တီးရီးယား နမိုုးနီးယား ( secondary bacterial pneumonia ) ထိ ပြင်းထန်သွားတတ်ပါသည် ။ အအေးပတ်ခြင်းမှာ ခန္ဓာအစိတ်အပိုုင်းထိခိုုက်မှုထက် ကိုုယ်ခန္ဓာကာကွယ်ဓါတ်တုုန့် ပြန်မှု ( immune response ) သာဖြစ်ပါသည် ။


အရိုုးရှင်းဆုံုးသော ကာကွယ်နည်းမှာ လက်ပြောင်စင်အောင် ဆေးကြောခြင်းဖြစ်ပါသည် ကူးစက်ခြင်းက နှာချေ ခြင်း ခြောင်းဆိုုးခြင်း မှ ဗိုုင်းရပ်ပိုုးများ လွင့်ထွက်လာပြီး အနီး ကပ်ကူးနိုုင်သလိုု ၊ တံတွေး ချွဲ နှာရည် တိုု့ ပေကျံနေသော အရာဝတ္ထု များ ( ဥပမာ ထိုုင်ခုံုများ ၊ တံခါး လက်ကိုုင်ကွင်း လက်ကိုုင်ဘုုများ ၊ လက်ကိုုင်တန်းများ ) ဖုံုမှုန့်များ ကိုု ကိုုင်တွယ်မိ ပြီး ပါးစပ် မျက်စိ နှာခေါင်းတိုု့ နှင့် ထိတွေ့ မိခြင်းတိုု့ ဖြင့် ကူးစက်ပါသည် ။ ဗိုုင်းရပ်များသည် ပြင်ပတွင် ၁၈နာရီမ ျှကြာသည်ထိ အသက်ရှင်နိုုင်စွမ်းရှိပါသည် ။ တချို့ ဗိုုင်းရပ်များက အေးသောစွတ်စိုုထိုုင်းမှိုင်းသောရာသီတွင် ပိုုမိုုကူးစက်မှု များသဖြင့် မိုုးရာသီ ဆောင်းရာသီ တွင် တာရှည်အအေးခံ မိသောအခါမျိုးတွင် ဤအအေးမိ ဝေဒနာ အဖြစ်များလေ့ရှိပါသည် ။ ကုုသမှုမှာလည်း အကိုုက်အခဲပျောက်စေရန် ပါရာစီတမော ( acetaminophen/paracetamol ) အိုုင်ဗျူပရိုုဖင် ( ibuprofen ) ပေးပါသည် ။


ချောင်းဆိုုး ပျောက်စေရန် ဆေးဝါး များက သိပ်အကျိုးမထူးသဖြင့် ခလေးငယ်များကိုု မပေးကြပါ ။ လူကြီးတွေမှာလဲ အကျိုးပြုတာ သိပ်မရှိလှဟုု ဆိုုပါသည် ။ dextromethorphan ဆိုု သည့် ချောင်းဆိုုးပျောက်ဆေးကိုု အချို့ နိုုင်ငံများမှာ ပိတ်ပင်၍ပင် ထားပါသည် ။ လူကြီးများတွင် နှာရည်ယိုုမှု ကိုုတော့ ဘာမီတွန်လိုု first-generation antihistamines များပေးကြပါသည် ။ နှာပိတ်ခြင်း
အတွက် pseudoephedrine ပေးကြပါသည် ။ နှာရည် ယိုုခြင်းအတွက် နှာခေါင်းဖြန်းဆေး Ipratropium ပေးပါသည် ။ အရည်များများသောက်ခြင်းက အကျိုးပြု မပြု မသေချာပါ ။ ပူနွေးသောလေကလည်း အကျိုးပြု မပြု မသေချာပါ ။ ရင်ဘတ် အပူငွေ့ ပေးခြင်းက ညဖက်ချောင်းဆိုုးခြင်း ၊ နှာကြပ်ခြင်းသက်သာစေတာ မျိုး တွေ့ ရှိပါသည် ။ ပဋိဇီဝဆေး ၊ ဗိုုင်းရပ်ပိုုးသတ်ဆေး ( Antibiotics and antivirals ) များက အကျိုး မရှိပါ ။သဘာ၀ ကုုထုံုး (Alternative medicine ) ပျားရည် ၊ ဇင့် ၊ ဗီတာမင် စီ ၊ ဗီတာမင် ဒီ တိုု့ အကျိုးရှိသည် ဆိုုသော်လည်း ခိုုင်မာသည့် အထောက်အထား မရရှိသေးပါ ။ 

Ref:
ဒေါက်တာမြင့်သိန်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18