Print

လေဖြတ်ခြင်းနှင့်ပတ်သက်၍ သတိထားရမည့် အချက်များ

  14-Nov-2018
Preview Image

လေဖြတ်ခြင်းဒဏ်ခံကြရသူအများစုမှာ အသက်(၆၅)နှစ်နှင့်အထက် အရွယ်များဖြစ်သော်လည်း လေဖြတ်သူများအားလုံး၏ ၁၀ ရာခိုင်နှုန်းမှာ အသက်(၄၅)နှစ်အောက် အရွယ်များဖြစ်ပြီး အမျိုးသမီးများမှာ အမျိုးသားများထက် လေဖြတ်နိုင်သည့်အန္တရာယ် ပိုများသည်။ အမျိုးသားများထက် အမျိုးသမီးများ လေဖြတ်နိုင်သည့် အန္တရာယ် ပိုများရသည့်အကြောင်းရင်း အနည်းငယ်ရှိသည်။ အဓိက အန္တရာယ်များဖြစ်သောဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်းနှင့် ဆီးချိုရောဂါရှိခြင်းတို့မှာ အမျိုးသားရော အမျိုးသမီးများကိုပါ ပို၍အန္တရာယ်များစေသော်လည်း အမျိုးသမီးများတွင် သီးသန့်အန္တရာယ်များ ရှိနေသည်။

ယင်းအန္တရာယ်များအနက် တစ်ခုမှာ ကိုယ်ဝန်ဆောင်ခြင်းဖြစ် ပြီး အထူးသဖြင့် ကိုယ်ဝန်တတိယပတ်သက်တမ်းနှင့် မီးဖွားပြီးလများ၌ လေဖြတ်လေ့ရှိသည်။ ယင်းသို့ ကြုံတွေ့ရမှုအချို့မှာ ဟော်မုန်း ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး ခုတင်ပေါ်တွင် လဲလျောင်းနေချိန် သွေးလည်ပတ်မှု နှေးကွေးသွားပြီး သွေးခဲများ ဖြစ်ပေါ်နိုင်သည့်အန္တရာယ် ပိုများလာတတ်သည်။လေဖြတ်ခြင်းအားလုံး၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ကြုံတွေ့ရမှုအများဆုံး လေဖြတ်ခြင်းအမျိုးအစား ischemin မှာ ဦး နှောက်သို့ သွေးနှင့်အောက်ဆီဂျင်ပို့ဆောင်မှုသည် သွေးခဲများ ပိတ်ဆို့ထားမှုကြောင့် မလုံလောက်ဖြစ်ချိန်တွင်ဖြစ်ပေါ်လေ့ရှိသည်။လေဖြတ်သည့်ဒဏ်ခံရလျှင် ချက်ချင်းဆေးရုံတင်သင့်ပြီး အချိန်ကြာလေလေ ကိုယ်လက်အင်္ဂါ အမြဲတမ်းပျက်စီးနိုင်သည့် အန္တရာယ်ပိုများလေလေဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများအတိုင်း နေ ထိုင်ခြင်းအပြင် ရောဂါလက္ခဏာကို စောစီးစွာ သိရှိခြင်းမှာလည်း အချိန်မီကုသမှု ခံယူနိုင်မည်ဖြစ်သဖြင့် အကောင်းဆုံးကာကွယ်မှုပင်ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း (သို့မဟုတ်)အားနည်းခြင်းခံစားနေရပါကလေဖြတ်နိုင်သည့်လက္ခဏာတစ်ခုဖြစ်နိုင်သည်။ စကားပြောရခက်ခဲခြင်း၊ စကားပြောရာတွင် ရုတ်တရက် စကားလုံးများမသဲကွဲဘဲ ဝေဝါးနေခြင်းတို့ ကြုံတွေ့ရပါကလည်း လေဖြတ် နိုင်သည့်လက္ခဏာဖြစ်နိုင်သည်။ပြင်းပြင်းထန်ထန် ခေါင်းကိုက်ပါကလည်း လေဖြတ်နိုင်သည့် လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။ အမြင်အာရုံတချို့တစ်ဝက်ဆုံးရှုံး ခြင်းမှာလည်း လေဖြတ်နိုင်ကြောင်း ဖော်ပြသည့်လက္ခဏာတစ်ရပ်ဖြစ်သည်။အကယ်၍ အထက်ပါလက္ခဏာ တစ်ခုခုပြနေပါက အရေးပေါ်ဌာနသို့ အမြန်ဆုံးတက်ရောက်၍ ကုသမှုခံယူသင့်သည်။

Ref: 
7 days daily

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18