Print

မသိဘဲစားမိနေတာကြောင့် သင့်အသားအရေကို တဖြည်းဖြည်းပျက်စီးလာစေမယ့် အစားစာ...

  28-Aug-2018
Preview Image

 အသားအရေလှပဖို့ ဘာတွေကိုစားရမလဲလို့ လေ့လာနေတဲ့အချိန်မှာ အမှတ်မထင်ပဲစားနေမိတဲ့ အစားစာတွေကြောင့် သင့်အသားအရေတွေက ပိုပြီးတော့ပျက်စီးလာနိုင်တာကို ဘယ်သူမှာသတိမထားမိကြသေးပါဘူး။ အစားအစာတွေလည်း ကောင်းတာတွေရှိသလို တစ်နေရာရာအတွက် ဆိုးကျိုးဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။


နို့ထွက်ပစ္စည်း

 နို့ထွက်ပစ္စည်းတွေကို စားသုံးတာက အချိန်ကြာလာရင် သင့်အသားအရေအတွက် ပျက်စီးမှုဖြစ်လာနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ အဆီတွေပါနေတာကြောင့် စားသုံးလိုက်တဲ့အချိန်မှာ အဆီတွေက ခန္ဓာကိုယ်ထဲမှာစုပြီး သင့်အသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့မှုတွေဖြစ်ပြီး များလာတဲ့အချိန်မှာတော့ ဝက်ခြံတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းစားသုံးပေးတာတွေကို ရပ်လိုက်ပြီး တစ်ခါတစ်ရံလောက်ပဲ ကောင်းပါတယ်နော်။


ငန်တဲ့အစားစာ

 အငန်ဓာတ်ပါတဲ့အစားအစာကို အများအပြားစားသုံးတာကလည်း သင့်အသားအရေမှာ နီးမြန်းတာတွေကို ဖြစ်လာစေနိုင်ပါတယ်။ အသားအရေကိုလည်း ခြောက်သွေ့လာစေတတ်တာကြောင့် သင်စားနေတဲ့ အစားစာတွေကို အငန်ဓာတ်ပါဝင်တာတွေကို လျှော့ချပစ်ဖို့ကြိုးစားပါ။


အာလူးကြော်

 လူတိုင်းအရမ်းကိုကြိုက်နှစ်သက်ပြီး စားနေတဲ့ အာလူးကြော်က အသားအရေကို အိုမင်းရင့်ရော်မှုတွေ ဖြစ်လာစေတတ်ပါတယ်။ အမြဲတမ်းကြီး စားနေမယ်ဆိုရင်တော့ ဆီကြော်မုန့်လည်းဖြစ်တယ်၊ အရသာစွဲအောင်လည်း ဓာတုဆေးဝါးတွေ ထည့်ထားတာဆိုတော့ ပျိုမေတို့ရဲ့ အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါကြောင့် စားနေတဲ့ပမာဏကို လျော့ပြီး တစ်ခါတလေမှ စားပေးတာက ကောင်းဆုံးပါနော်။


ထောပတ်

 ထောပတ်ကလည်း နို့ထွက်ပစ္စည်းအစားအစာထဲမှာ ပါဝင်နေတဲ့အရာတစ်ခုပါပဲနော်။ ထောပတ်ကိုနေ့တိုင်း စားနေမယ်ဆိုရင် အသားအရေကို အရေးအကြောင်းတွေ မြန်မြန်ဖြစ်လွယ်ပြီး သင့်အသားအရေတွေကိုလည်း ပျက်စီးလွယ်စေပါတယ်။


 ဒါကြောင့် အသားအရေလှပချင်ပြီး အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နေတယ်ဆိုရင်တော့ ဒီလိုအစားအစာမျိုးတွေကို ရှောင်ဖို့တော့လိုအပ်ပါတယ်။ ဘယ်တော့မှ မစားရဘူးလို့ မဆိုလိုပေမယ့် တစ်ခါတလေလောက်ပဲ စားပေးသင့်တဲ့ အစားစာမျိုးတွေပဲဖြစ်ပါတယ်။


Credit: My Food



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18