Print

တစ်ယောက်တည်းစကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား

  29-Nov-2018
Preview Image

တစ်ယောက်တည်း ကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလိုပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။ စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေကတော့ လူကြားထဲတစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့အချိန် ကိုယ့်အခန်းထဲအိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တစ်ချို့ဆို အဲလို တစ်ယေ့ာက်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက စိတ်ရောဂါဝေဒနာရှင်လား။

လေ့လာချက်တွေအရ တစ်ယောက်တည်းစကားပြောနေတတ်တဲ့ အကျင့်ရှိသူတွေဟာ စိတ်ရောဂါသည်တွေမဟုတ် (ယဉ်ယဉ်လေးရူးနေတဲ့သူတွေမဟုတ်) ပဲ ညဏ်ကြီးရှင်တွေပါတဲ့။ ကိုယ်လည်း အဲ့အထဲပါနေရင် ဝမ်းသာလိုက်တော့။ ကမ္ဘာပါ်က အကျော်အမော် သိပ္ပံညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းဆိုရင်လည်း တစ်ယောက်တည်း စကားတိုးတိုးလေး ပြောနေတတ်တဲ့ သူပါတဲ့။ ကဲအဖော်တွေ့ပြီဆိုတော့ ဝမ်းသာလိုက်တော့။ သူငယ်ချင်းတွေထဲမှာလည်း ဖွင့်မပြောကြတာသာရှိမယ်။ ကျိတ်ပြီးပြောနေတတ်တဲ့ သူတွေရှိရင်ရှိမှာ။ သူတို့တွေက ရူးနေတဲ့သူတွေ မဟုတ်ဘူးနော်။ ညဏ်ကြီးရှင်တွေ။

ခုပြောချင်တာက တစ်ယောက်တည်း စကားပြောခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်ပြောပြပေးမယ်နော်။

၁ ။ တစ်ယောက်တည်းစကားပြောခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြီးအားပေးရာရောက်တယ်။

ကြုံဖူးကြမှာပါ။ အခက်အခဲတွေကြုံနေရတဲ့အချိန်၊ အားပေးမယ့် သူတွေမရှိတဲ့အချိန်၊ တစ်ယောက်တည်းရှိနေချိန်မှာ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ် အေးဆေးပဲ” ဆိုပြီး စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲ ပါးစပ်ကပါ ထုတ်ပြောလိုက်တော့  ကိုယ့်အသံကိုယ်ပြန်ကြားပြီး အားတက်သွားတယ်ဟုတ်။

၂ ။ ဦးနှောက်ကိုလည်း အဆက်မပြတ် အလုပ်ပေးနေတယ်။

သင်ဈေးသွားဝယ်တဲ့အခါမှာ ဝယ်ရမယ့်ပစ္စည်း၊ လုပ်စရာရှိတဲ့ကိစ္စတွေကို ထပ်တလဲလဲရွတ်ဖြစ်တာမျိုး ကြုံဖူးမှာပါ။ ပြောတတ်တဲ့  ပုံစံတွေကတော့ “ပေါင်မုန့် ပေါင်မုန့် ဘယ်နားမှာလဲ ဟော တွေ့ပြီ” “ ဆပ်ပြာမှုန့်လည်း ဝယ်ရဦးမယ် တေ်ာသေးလို့ မေ့တော့မလို့” ဆိုပြီး တစ်ကိုယ်တည်းကြားရုံ တိုးတိုးပြောလိုက်တာက ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးရာရောက်တယ်။ မေ့လည်းမမေ့တော့ဖူးပေါ့။

၃ ။ မကျေနပ်ချက်များကို ဖွင့်ချနိုင်။

တစ်ယောက်ယောက်က ကိုယ့်အပေါ် အနိုင်ကျင့် ဆူဆဲတယ်ဆိုပါစို့။ အဲ့ဒီလူက ကိုယ်ပြန်ခံပြောလို့မရတဲ့ လူတစ်ယောက်လဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ကတစ်နေရာကိုသွားပြီး အဲ့လူအပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိ ပြောပစ်လိုက်တာမျိုး လုပ်ဖူးကြတယ်မလား။ အဲလို လုပ်လိုက်တာက ခံစားနေရတဲ့ မကျေနပ်ချက်တွေ လျော့သွားနိုင်ပါတယ်။

၄ ။ ကိုယ့်ခေါင်းထဲက အတွေးတွေကို ပြန်ကြားနိုင်တယ်။

တစ်ခါတစ်လေ ခေါင်းတွေရှုပ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အချိန်တွေရှိခဲ့ဖူးမှာပါ။ အဲ့အချိန်ဆို တစ်ယောက်တည်း စကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။  ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း နောက်တစ်မျိုးပြောင်းပေါ့။” အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်လာတာယ်။ ခေါင်းကိုရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလို ဖြစ်သွားတယ်။

၅ ။ ပြောရမည့်စကားတွေ အဆင်ချောသွားတယ်။ မှတ်ညဏ်ကောင်းစေတယ်။

ပွဲတစ်ခုမှာ ကိုယ်ကပြောရမယ့်သူဆိုရင် “ ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း  ကိုယ်ပြောနေရမည့်စကားတွေကို တစ်ယောက်တည်း တစ်တွတ်တွတ်ရွတ်နေရင် စင်ပေါ်ကျရင် အဆင်ချောသွားရော။ စာအသံထွက်ကျက်တာလည်း ဒီသဘောပဲပေါ့။ အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်။ ကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။

ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲပါနေရင်တော့ ဝမ်းသာလိုက်နော်။ ယဉ်ယဉ်လေးရူးနေတာမဟုတ်ဘူး ညဏ်ကြီးရှင် လေးတွေပါလို့။

 Credit: Hello Health Group

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18