Print

စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း

  29-Sep-2018
Preview Image

(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ

စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက်တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။


(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ

အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။


(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။


(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ

သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ်ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ရပါတယ်။


(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။


Credit : Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18