Print

သင် စိတ်ဖိစီးမှု များနေကြောင်း ပြသသည့် လက္ခဏာ ငါးမျိုး

  26-Jul-2018
Preview Image


(၁) ခေါင်းကိုက်ခြင်း

ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်းအလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှု များခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်း ကိုက်ကာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာနဲ့ခေါင်းတစ်ခြမ်းကိုက် တာတွေလည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်းတည်ငြိမ်မှုရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာလန်းဆန်းစွာ ဖြတ်သန်းပါ။


(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆို ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ် ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ ကို လျော့ပါးသက်သာစေပါတယ်။


(၃) ပါးစပ် နာနေခြင်း

စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားကြိတ်တတ် ပါတယ်။ အဲဒီအခါ မေးရိုးနာကျင်မှုဖြစ်တတ်ပါ တယ်။ မနက်အိပ်ရာထချိန် ပါးစပ်နာနေရင် သွား ကြိတ်တာကြောင့်ဖြစ်တတ်တဲ့အတွက် သွားစွပ် (Mouth Guard) တပ်ဆင်ပြီး အိပ်ရာဝင်ပါ။


(၄) အိပ်မက်ဆိုးများ မက်ခြင်း

စိတ်ဖိစီးမှုများနေရင် အိပ်မက်ဆိုး မက်နိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်စက်မှုစက်ဝန်း ကို အဟန့်အတားဖြစ်စေတဲ့အတွက် အိပ်မပျော်နိုင် လည်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ် နဲ့ အယ်လ်ကိုဟောကို အိပ်ချိန်နဲ့ ကပ်ပြီး မသောက် သုံးပါနဲ့။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ သီချင်း အေး အေးနားဆင်တာနဲ့ စာဖတ်တာတို့ ပြုလုပ်ရင်း စိတ်ဖိစီးမှုကိုဖြေလျှော့ပေးပါ။


(၅) သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီစောမြင့် တက်တာ က ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေပြီး သွားဖုံးထဲ ကို ဘက်တီးရီးယားတွေ ကျူးကျော်ဝင် ရောက်ဖို့ ခွင့်ပြုသလို ဖြစ်သွား ပါတယ်။ သွားနဲ့ သွားဖုံး ကျန်းမာ ရေးကောင်းအောင် သွားတိုက်တံနဲ့တစ်နေ့ နှစ်ကြိမ်တိုက်ပါ။စိတ်ဖိစီးမှု လျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ် ပြီး အိပ်ရေးဝဝ အိပ်စက်အနားယူ ပေးရပါမယ်။ 


Ref :

ကြယ်စင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18