Print

မိတ္ထီလာခရိုင်အတွင်း ကလေးငယ် ၂ဝ ကျော် သွေးလွန်တုပ်ကွေးဖြစ်၊ ၃ ဦး သေဆုံ...

  23-Aug-2018
Preview Image

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေငံရွာမှာ ကလေးငယ် ၂ဝ ကျော် သွေးလွန်တုပ်ကွေးဖြစ်ပြီး ကလေး ၃ ဦး သေဆုံးသွားပါတယ်။ေ ဒသခံကျန်းမာရေးမှူးတဦးက “ကလေးငယ် သွေးလွန်တုပ်ကွေးဖြစ်နေတာကို ဆေးရုံကြီးကို မသွားဘဲ ကြိတ်ကုနေတာက လွန်သွားပြီး အသက်ဆုံးရှုံးသွားကြတာပါ” လို့ ပြောပါတယ်။


ရေငံရွာမှာ သြဂုတ် ၁၈ ရက်က အသက် ၁ နှစ် ၈ လအရွယ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦးနဲ့ အသက် ၄ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးတို့ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားတာပါ။


ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မင်းက “ရေငံရွာရဲ့ ပတ်ဝန်းကျင် အခြေအနေတွေက သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေများနေတယ်။ အခု သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေက ဆေးရုံမှာ သေဆုံးတာ မဟုတ်ပါဘူး။ အဲဒီကလေးတွေရဲ့ ရွာမှာ သေဆုံး သွားကြတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ အဲဒီရွာကိုသွားပြီး စောင့်ရှောက်မှု ပေးနေပါတယ်” လို့ ပြောပါတယ်။


သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံ ရောက်လာတဲ့ စာရင်းအနေနဲ့ သြဂုတ်လ ၁၉ ရက် မနက်အထိ ကလေး ၉ ယောက်ရှိပြီး ကလေးငယ်တွေဟာ ရေငံရွာ၊ မလှိုင်ဆည်တိုရွာနဲ့ ဝမ်းတွင်းဘုရားစုရွာက ကလေးတွေဖြစ်တယ်လို့ မိတ္ထီလာခရိုင် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းတဦးက ပြောပါတယ်။


မိတ္ထီလာမြို့နယ်၊ ရေငံရွာမှာ သြဂုတ် ၁၈ ရက်အထိ ကလေးငယ် အယောက် ၂ဝ သွေးလွန်တုပ်ကွေးဖြစ်ပြီး ၃ ဦးသေဆုံးကာ သြဂုတ် ၁၉ ရက်မှာ ကလေး ၂၂ ဦး၊ မလှိုင်ဆည်တိုရွာက ကလေးငယ် ၃ ဦးနဲ့ ဝမ်းတွင်းဘုရားစုရွာက ကလေးငယ် ၁ ဦး စုစုပေါင်း ကလေး ၂၆ ဦး သွေးလွန်တုပ်ကွေးဖြစ်နေပါတယ်။


သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18