Print

အသည်းရောင်အသားဝါ စီပိုး

  16-Aug-2018
Preview Image

အသည်းရောင်အသားဝါ စီပိုးသည် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အသည်းကိုထိခိုက်ပျက်စီးစေပါသည်။ရောဂါလက္ခဏာပြသမှုမှာ အချိန်ကာလပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Acute Hepatitis C virus infection 

အသည်းရောင်အသားဝါ စီပိုးနှင့်ထိတွေ့ကူးစက်ပြီး ၆လအတွင်း အချို့သောလက္ခဏာများ ဖြစ်ပေါ်လာတတ်ပါတယ်။၇၀-၈၀% သောသူများကတော့ လက္ခဏာမပြတတ်ကြပါ။

လက္ခဏာများ

- ဖျားနာခြင်း

- မောပန်းနွမ်းလျလွယ်ခြင်း

- အစားအသောက်ပျက်ခြင်း

- ပျို့အန်ခြင်း

- ဗိုက်အောင့်ခြင်း

- ဆီးအရောင်ရင့်ရင့်သွားခြင်း

- ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း

- အဆစ်အမြစ်များ နာကျင်ခြင်း

- မျက်လုံးနှင့်အသားများ ဝါလာခြင်း

Chronic Hepatitis C infection 

အသည်းရောင်အသားဝါ စီပိုးသည် မကုသပဲထားပါက ဖြည်းဖြည်းချင်းနာတာရှည် အသည်းကိုထိခိုက်ပျက်စီးစေကာ အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ပွားစေခြင်းအထိ ဖြစ်နိုင်ပါတယ်။နှစ်ပေါင်းများစွာ စီပိုးကူးစက်ခံထားရသူများတွင်လည်း အသည်းပျက်စီးသော လက္ခဏာများ မပြမခြင်း စီပိုးရှိမှန်း သတိမထားတတ်ကြပေ။အသည်းပျက်စီးမှသတိထားမိတတ်ကြသည်။ထို့ကြောင့်အထက်ပါ Acute Hepatitis C infection လက္ခဏာများပေါ်ပေါက်လာပါက မပေါ့ဆင့်ပေ။

ဖြစ်ပွားရသော အကြောင်းရင်းများ

အသည်းရောင်အသားဝါ စီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။Type 1 နှင့် Type 2 ဆိုပီးနှစ်မျိုးရှိပါသည်။ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါ်မူတည်၍ကုသပုံမှာလဲ ကွဲပြားနိုင်ပါသည်။

ဖြစ်နိုင်ချေများသူများ

- အသည်းရောင်အသားဝါစီပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း၊ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမိခြင်း

- မူးယစ်ဆေးသုံးစွဲသူများ (မသန့်ရှင်းသောအပ်များဖြင့် သွေးကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်းခြင်း)

- နှစ်ပေါင်းများစွာ ကျောက်ကပ်သန့်စင်နေရသူများ

- မသန့်ရှင်းသော အပ်များဖြင့် တက်တူးထိုးခြင်း၊နားဖောက်ခြင်း

- HIV ရောဂါပိုးရှိသောသူများ

- ကျန်းမာရေးဝန်ထမ်းများ (ရောဂါပိုးရှိသူ၏ အပ်စူးမိခြင်း)

- မသန့်ရှင်းသော ဆေးထိုးအပ်၊ဆေးထိုးပြွန်၊အပ်တို့မှတစ်ဆင့်ကူးစက်ခြင်း

- စီပိုးရှိသော မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်ခြင်း

- စီပိုးရှိသောသူ အသုံးပြုထားပြီးသော သွားတိုက်တံ၊မုတ်ဆိတ်ရိတ်ဓားတို့ကို   အသုံးပြုမိခြင်း

- စီပိုးရှိသောသူနှင့် လိင်ဆက်ဆံမိခြင်း 

နောက်ဆက်တွဲ ပြဿနာများ

- အသည်းခြောက်ခြင်း

- အသည်းကင်ဆာဖြစ်ခြင်း

- အသည်းပျက်စီး၍အလုပ်မလုပ်တော့ခြင်း

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

စစ်ဆေးမှုများ

- သွေးစစ်ခြင်း (အသည်းရောင်အသားဝါစီပိုးဖြစ်နိုင်ချေများသူများအနေဖြင့် စစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါသည်။)

- စီပိုးရှိခဲ့ပါက ပိုးကောင်ရေစစ်ဆေးခြင်း

ကုသခြင်း

- Antiviral ဆေးဝါးများဖြင့် ကုသခြင်း

- အသည်းအစားထိုးကုသခြင်း (စီပိုးကြောင့် အသည်းမှာ နောက်ဆက်တွဲပြဿနာများပေါ်ပေါက်လာပါက အသည်းအစားထိုးကုသကြသည်။အသည်းအစားထိုးခြင်းဖြင့် သွေးထဲတွင် စီပိုးပျောက်ကင်းသွားမည်မဟုတ်ပါ။ကျွမ်းကျင်သော အသည်းဆရာဝန်နှင့်တိုင်ပင်၍ ဆေးဝါးများဖြင့်ကုသမှုများပြုလုပ်ရန်လိုအပ်ပါသည်။

- အသည်းရောင်အသားဝါစီပိုး အတွက်ကာကွယ်ဆေးမှာ မတွေ့ရှိသေးပါ။သို့သော် အေပိုးနှင့်ဘီပိုးအတွက် ကာကွယ်ဆေးများကတော့ တွေ့ရှိပြီးဖြစ်ပါသည်။

အခြားသိသင့်သောအချက်များ

အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရပါက 

- အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။

- ဆရာဝန်မှညွှန်ကြားချက်မပါသော ဆေးများသောက်သုံးခြင်း၊မိမိသဘောနှင့်မိမိဘာသာ ဆေးများသောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ပါ။

- မိမိခန္ဓာကိုယ်တွင် ဒဏ်ရာများ၊အနာများကို သူတစ်ပါး၏သွေးနှင့်မထိမိစေရန် ကာကွယ်ပါ။သွားတိုက်တံနှင့်မုတ်ဆိတ်ရိတ်ဓားများ မျှမသုံးမိပါစေနှင့်။

- ရောဂါပိုးရှိနေလျှင် သွေးလှူခြင်းမပြုလုပ်ရပါ။

- မိမိ၏အမျိုးသမီးနှင့်ဖြစ်စေ၊အမျိုးသားနှင့်ဖြစ်စေ အတူတူနေသည့်အခါတွင် ကွန်ဒုံးအသုံးပြုပါ။မိမိတွင်ရောဂါရှိကြောင်း မိမိ၏ပါတနာကို အသိပေးပါ။

ကာကွယ်ခြင်း

- တရားမဝင်သော မူးယစ်ဆေးဝါးများထိုးခြင်း၊သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

- တက်တူးထိုးခြင်း၊မသန့်ရှင်းသောအပ်များဖြင့် အရေပြားဖောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

- အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ။


Ref : Mayo Clinics

Writer : Dr Toe




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18