Print

Gastroesophageal reflux disease (GERD) ( အစာပြန်ထွက်ခြင်း )

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

GERD မှာ အစာအိမ်တွင်းမှ အစာများနှင့် အစာခြေရည်တို့ အစာရေမျိုပြွန်လမ်းကြောင်းထဲသို့ ပြန်ကန်ထွက်လာခြင်းဖြစ်သည်။ ထိုအခါ အစာရေမျိုပြွန်လမ်းကြောင်းကို တိုက်စားခံရခြင်းဖြစ်စေနိုင်သည်။အစာခြေရည် လျှံတက်ခြင်းနှင့် ရင်ပူခြင်းတို့မှာ လူအများစုခံစားရသော ရောဂါလက္ခဏာများဖြစ်သည်။တစ်ပတ်မှာ ၂ကြိမ်ထပ်ပိုပြီး ခံစားရလျှင်(သို့)တစ်နေ့တာ လုပ်ဆောင်ချက်များကိုပါ မလုပ်နိုင်တော့လျှင် ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်သည်။

လက္ခဏာများ

- ရင်ပူခြင်း ( တစ်ခါတစ်ရံတွင် လည်ပင်းထိပူလောင်ကာ ပါးစပ်ထဲတွင် ချဉ်သည့် အရသာကို ခံစားရနိုင်သည် )

- ရင်ဘတ်အောင့်ခြင်း

- အစာမျိုရခက်ခဲခြင်း၊ အစာနင်ခြင်း

- ချောင်းခြောက်ဆိုးခြင်း

- အသံအောခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်းနာခြင်း

- စားပြီး အစာများပြန်ကန်ထွက်ခြင်း၊ အစာခြေရည် လျှံတက်ခြင်း

- လည်ချောင်းထဲတွင် တစ်ဆို့ဆို့ ခံစားရခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

- စားလိုက်သော အစာကို အစာအိမ်ထဲမှ အစာရေမျိုပြွန်ထဲသို့ ပြန်မလျှံထွက်စေရန် ကာကွယ်ထားသော အဆို့ရှင်အားနည်းသောအခါ ဖြစ်လာသည်။ခဏခဏ တိုက်စားသောအခါ အစာရေမျိုပြွန်ရောင်ရမ်းကာ သွေးထွက်ခြင်း၊ ကျဉ်းခြင်း၊ ကင်ဆာအစပိုင်းဖြစ်ခြင်း Barrett's esophagus (a precancerous condition) စသည်တို့ဖြစ်လာနိုင်သည်။

ဖြစ်နိုင်ချေများသူများ

- အဝလွန်သူများ

- ရင်ခေါင်းနှင့် ဝမ်းဗိုက်ခြား ကြွက်သားထဲသို့အစာအိမ်၏ ထိပ်ဦးပိုင်း ကျွံဝင်နေသူများ

- ကိုယ်ဝန်ဆောင်အမျိုးသမီး

- ဆေးလိပ်သောက်သူ

- ပါးစပ် အာခေါင် ခြောက်ခြင်း

- ပန်းနာရင်ကျပ်ဖြစ်ခြင်း

- ဆီးချို

- အစာအိမ် လှုပ်ရှားမှုအားနည်းနေသူများ Delayed stomach emptying

- တွယ်ဆက် တစ်ရှူးရောဂါတစ်ချို့ Connective tissue disorders, such as scleroderma

နောက်ဆက်တွဲ ပြဿနာများ

- အစာရေမျိုပြွန်ကျဉ်းသွားခြင်း (esophageal stricture)

- အစာရေမျိုပြွန် အနာဖြစ်ခြင်း (esophageal ulcer)

- ကင်ဆာ ကနဦးအခြေအနေ Precancerous changes to the esophagus (Barrett's esophagus) - ဆရာဝန်နှင့်သေချာပြသပြီး အစာအိမ်မှန်ပြောင်းကြည့်သင့်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ မေးရိုးနာကျင်ခြင်း၊ လက်မောင်းနာခြင်းများ ခံစားရပါက ဆရာဝန်နှင့်သေချာပြသသင့်သည်။ နှလုံးရောဂါ၏ လက္ခဏာများဖြစ်နိုင်သောကြောင့်ဖြစ်သည်။ရင်ပူခြင်းကဲ့သို့ GERD ၏ရောဂါလက္ခဏာများကို ခဏခဏခံစားရလျှင်သော်လည်းကောင်း၊ ပိုဆိုးလာလျှင်သော်လည်းကောင်း သွားပြသင့်ပါသည်။ သောက်ဆေးများကို တစ်ပတ်ကို ၂ခါထပ်ပိုသောက်နေရပါကလည်း ဆရာဝန်နှင့်သွားရောက်ပြသသင့်ပါသည်။

စစ်ဆေးမှုများ

- ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း

- အစာရေမျိုပြွန်မှ အစာချေရည်ဓာတ် ပမာဏကို စစ်ဆေးခြင်း

- အစာအိမ်နှင့် အူလမ်းကြောင်းကို ဓာတ်မှန်ရိုက်ခြင်း

- အစာအိမ်မှန်ပြောင်းကြည့်ခြင်း

- အစာရေမျိုပြွန် လှုပ်ရှားမှုကို စစ်ဆေးခြင်း Esophageal motility testing (manometry)

ကုသခြင်း

(၁) အစာချေရည်ကို ဓာတ်ပြယ်စေသည့် ဆေးများ Antacids 

(၂) အစာချေရည်ထွက်နှုန်းကို လျော့ကျစေသည့်ဆေးများ

(၃) အစာချေရည်ထွက်ခြင်းကို တားပေးသည့်ဆေးများသောက်ပြီး အစာရေမျိုပြွန်ကို အနာသက်သာစေခြင်း

အထက်ပါဆေးများကို သောက်သုံးပြီး ၂ပတ် ၃ပတ်ကြာသော်လည်း မသက်သာပါက ဆရာဝန်နှင့်သေချာပြန်လည်ပြသသင့်သည်။

သောက်ဆေးဖြင့် မသက်သာပါက ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ခွဲစိတ်ကုသနိုင်သည်

- အစာရေမျိုပြွန်၏ အောက်ခြေရှိ ကျုံ့နိုင် ဆန့်နိုင်သောကြွက်သားကို ခွဲစိတ်ကုသခြင်း (Nissen fundoplication) များပြုလုပ်နိုင်သည်။

အိမ်တွင်းကုထုံးများ

အောက်ပါ အိမ်တွင်းကုထုံးများဖြင့်လည်း ရင်ပူခြင်းကို သက်သာအောင်လုပ်နိုင်သည်။

- ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပါ။( တစ်ပတ်ကို ၂ပေါင်ထပ်ပို၍ လျှော့အောင်မလုပ်သင့်ပါ )

- ကိုယ်ခန္ဓာကို တင်းကျပ်စေသော အဝတ်အစားများ မဝတ်ဆင်သင့်ပါ။

- ရင်ပူစေမည့် အစားအသောက်များကို ရှောင်ကြည်ပါ။ ( ဥပမာ - အရက်၊ဘီယာ၊ ချောကလက်၊ ဆီကြော်အစားအစာများ၊ ကြက်သွန်၊ ကော်ဖီ ) 

- အစာကို နည်းနည်းနှင့် ခဏခဏ စားပါ။

- စားပြီး အနည်းဆုံး ၃နာရီပြီးမှ လှဲအိပ်ခြင်းပြုလုပ်ပါ။

- လှဲအိပ်ရာတွင် ခေါင်းရင်းပိုင်းကို မြှင့်ထားပါ။၆လက်မမှ ၉လက်မထိ မြှင့်တင်ပေးရန် ကျောမှီသစ်သားပစ္စည်းကို အသုံးပြုသင့်သည်။ အပိုခေါင်းအုံးများဖြင့် မြှင့်တင်ခြင်းအလို့ငှာ မလုံလောက်နိုင်ပါ။

- ဆေးလိပ်ဖြတ်ပါ။ ( ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုပြွန်၏ အောက်ခြေရှိ ကျုံ့နိုင် ဆန့်နိုင်သောကြွက်သားကို ချောင်စေသည် )

Ref: Mayo clinic 

Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18