Print

Drug Addiction (ဆေးစွဲခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အရက်သေစာနှင့် စိတ်ကို စွဲလမ်းစေတတ်သော ဆေးကို မသုံးရမနေနိုင်အောင် စွဲလမ်းနေခြင်း ဖြစ်ပါသည်။ ထိုသို့စွဲလမ်းမှုတွင် စိတ်၏စွဲလမ်းမှုလည်း ဖြစ်နိုင်သလို ခန္ဓာကိုယ်၏တောင့်တမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ 


လက္ခဏာများ

စွဲလမ်းသည့် ဆေးအမျိုးအစားပေါ်မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်။

-  စိတ်ကြွနေခြင်း

-  ထင်ယောင်ထင်မှားဖြစ်ခြင်း

- ဂယောင်ခြောက်ခြားဖြစ်ခြင်း

-  စိတ်ဓာတ်ကျခြင်း

-  သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းမြန်လာခြင်း

-  မျက်စိနီရဲခြင်း

-  ပါးစပ်ခြောက်သွေ့ခြင်း

-  မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု အားနည်းလာခြင်း

-  အစားစားချင်စိတ် များလာခြင်း

-  ကျောင်းနှင့် လုပ်ငန်းခွင်များတွင် လုပ်ဆောင်မှု ကျဆင်းလာခြင်း

-  ပေါင်းသင်းဆက်ဆံမှုတွင် အဆင်မပြေဖြစ်လာခြင်း

-  စိတ်ဝင်စားမှု အားနည်းလာခြင်း

-  မှိန်းနေခြင်း

-  စကားမပီခြင်း

- ပိုက်ဆံကို ရရာနည်းလမ်းဖြင့် ရှာဖွေလာခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် သက်ရောက်မှုများကြောင့် ဖြစ်နိုင်ပါတယ်။


ဖြစ်နိုင်ချေများသူများ

အသက်အရွယ်မရွေး ၊ ကျား မ မရွေး ဖြစ်နိုင်သော်လည်း အောက်ပါလူများတွင် အဖြစ်များပါသည်။

- မိဘ ၊ မောင်နှမများတွင် ဆေးသုံးခြင်း

- ယောက်ျားလေးဖြစ်ခြင်း

- စိတ်မကျန်းမာသောသူများ

- ပတ်ဝန်းကျင်ရှိ လူများက ဆေးသုံးရန် လှုံဆော်ခြင်း

- မိသားစုတွင်း ပြဿနာများရှိသောသူမျး

- စိတ်အလိုမကျဖြစ်ခြင်း ၊ စိတ်ဓာတ်ကျသောသူများ ၊ အထီးကျန်သောသူများ


နောက်ဆက်တွဲ ပြဿနာများ

- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်ရောဂါများဖြစ်ခြင်း

- တက်ခြင်း ၊ ဦးနှောက်သေခြင်း ၊ အသက်အန္တရာယ် ထိခိုက်ခြင်း

- မတော်တဆမှုများဖြစ်ခြင်း

- မိမိကိုယ်ကိုယ် သတ်သေခြင်း

- မိသားစုနှင့်ကျောင်းများတွင် ပြဿနာများရှိခြင်း 

- ငွေကြေး အခက်အခဲများ ပေါ်ပေါက်လာခြင်း

- ဥပဒေနှင့် မကင်းလွတ်သော အရာများပြုလုပ်ခြင်း (တရားမဝင်ဆေးဝါးများ ရောင်းခြင်း ၊ ဝယ်ခြင်း ၊ လက်ဝယ်ထားရှိခြင်း) 


စစ်ဆေးမှုများ

- စိတ်ရောဂါ အထူးကု ဆရာဝန် ၊  နှစ်သိမ့်ဆွေးနွေးတိုင်ပင်ပေးသူတို့က ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း

- သွေးနှင့်ဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်း


ကုသခြင်း

- ဆေးဓာတ်ပျယ်အောင် ပြုလုပ်ခြင်း

- နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း


ကာကွယ်ခြင်း

- ဆေးစွဲခြင်းကြောင့် ဖြစ်တတ်သည်ု ဆိုးကျိုးများကို ကလေးငယ်များကို ရှင်းပြပေးခြင်း

- မိမိကလေးရင်ဆိုင်နေရသည့် အခက်အခဲများကို နားထောင်ပေးခြင်း၊ ထိုအခက်အခဲများကို ကျော်လွှားနိုင်အောင် အကူအညီပေးခြင်း


Ref: Mayo Clinic

By Dr May Hnin Phyu




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18