Print

အော်တဇင်(Autism spectrum disorder)

  13-Aug-2018
Preview Image

အော်တဇင်ဆိုတာ ဦးနှောက်တစ်နေရာရာက ဖွံ့ဖြိုးမှု အရှိန်လွန်ပြီး ဦးနှောက်ရဲ့အခြားနေရာတွေနဲ့ စည်းကိုက်ဝါးကိုက် လိုက်လျောညီထွေမပြုမူနိုင်တော့တဲ့ ပြဿနာပါ။မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုမရှိကြောင်းတွေ့ရပါတယ်။ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့မသက်ဆိုင်ပါ။ရောဂါဖြစ်ရခြင်း အခြားအကြောင်းရင်းများကိုရှာဖွေနေဆဲပါ။


လက္ခဏာများ

အော်တဇင် တစ်ယောက်နဲ့တစ်ယောက် ပုံမှန်မဟုတ်တာခြင်း မတူပါဘူး။ ဒါပေမယ့် သူတို့လေးတွေက အချက် (၃) ချက်မှာ ချို့ယွင်းမှု ဖြစ်နေတာခြင်းတော့ တူပါတယ်။


(၁) စိတ်ခံစားမှု ပုံမမှန်ခြင်း

ဥပမာများ-

နေ့စဉ်ကြားနေကျအသံများကို အလွန်အကျွံကြောက်ရွံ့ခြင်း

လှုပ်ရှားနေသော အရာဝတ္ထုများကိုမှ နှစ်ခြိုက်ခြင်း

အပူဓာတ်နှင့် နာကျင်ခြင်းကို သူများထက် ခံနိုင်ရည်ရှိခြင်း (ဥပမာ-ချော်လဲ ခေါင်းပေါက်တာတောင် မငိုခြင်း)

စိတ်ဆိုး ဒေါသထွက်လွယ်ခြင်း

ကလေးပီပီ အရုပ်မျိုးစုံကို မနှစ်သက်ဘဲ တစ်မျိုး နှစ်မျိုးကိုပဲ စွဲလမ်းနှစ်ခြိုက်ခြင်း

လုပ်နေကျ အရာတစ်ခုမှ သွေဖယ်ရမှာကို လုံးဝလက်မခံခြင်း


(၂) အပြုအမူ ပုံမမှန်ခြင်း

ဥပမာများ-

တစ်စုံတရာကို ထပ်ခါတလဲလဲ လှည့်နေခြင်း

တစ်စုံတရာကို ထပ်ခါတလဲလဲ စီတန်းနေခြင်း

လက်ဖဝါးကို မှောက်လိုက်လှန်လိုက် တစ်ချိန်လုံးလုပ်နေခြင်း

လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ဖွင့်လိုက် အချိန်တိုင်းလုပ်နေခြင်း


(၃) စကားပြောနှင့် ပေါင်းသင်းဆက်ဆံရေး ပုံမမှန်ခြင်း

ဥပမာများ-

၁၂ လထိ လက်ညှိုးမထိုးတတ်ခြင်း

၁၂ လထိ တာ့တာ မလုပ်တတ်ခြင်း

၁၂ လထိ သူ့အမည်ခေါ်လျှင် လုံးဝ မတုံ့ပြန်ခြင်း

၁၈ လထိ စကားတစ်လုံးမှ မပြောခြင်း

၂ နှစ်အထိ စကားလုံးတွဲများ လုံးဝမပြောခြင်း

ပြောတတ်ပြီးသား စကားလုံးများ မပြောတော့ခြင်း

စကားလုံးတစ်လုံးကို အကြိမ်ကြိမ်ပြောခြင်း

ပြုံးပြရင် ပြန်မပြုံးခြင်း

အခြားကလေးတွေကို စိတ်မဝင်စားခြင်း

သူ့ကိုစကားပြောရင် အဝေးတစ်နေရာကို ငေးကြည့်နေတတ်ခြင်း

တစ်ယောက်ထဲ ကစားရတာကိုမှ နှစ်သက်ခြင်း

သူ့အကြိုက် သူစိတ်ဝင်စားတာကို သူများကို မပြောပြခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- မျိုးရိုးဗီဇနှင့်သက်ဆိုင်မှုရှိကြောင်းတွေ့ရသည်။ရောဂါဖြစ်ရခြင်းအကြောင်းရင်းများကို 

  ရှာဖွေနေဆဲပါ။


ဖြစ်နိုင်ချေများသူများ

- ယောကျ်ားလေး

- မျိုးရိုးရှိသောသူများ

- အခြားသော ဖွံဖြိုးမှုနောက်ကျတတ်သော ရောဂါများနှင့်တွဲနေခြင်း

- ၂၆ ပတ်နှင့်စော၍မွေးသော လမစေ့သည့်ကလေးများ

- မိဘများ၏အသက်အရွယ်နှင့်လဲဆိုင်ပါသည်။မိဘများ အသက်ကြီးလျှင် ဖြစ်နိုင်ချေ

  ပိုများပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

မိဘများအနေနှင့် အော်တဇင်၏လက္ခဏာများကို များသောအားဖြင့် အသက်တစ်နှစ်ပတ်ဝန်းကျင်အရွယ်တွင် သတိထားမိတတ်ကြသည်။ကလေးငယ်၏အပြုအမူ၊အပြောအဆိုနှင့် ပေါင်းသင်းဆက်ဆံရေး ပုံမမှန်ခြင်းဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကလေးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။


သတိထားရမည့်အချက်များ

- အသက် ၆ လအရွယ်အထိ မပြုံးပြတတ်ခြင်း

- အသက် ၉ လအရွယ်အထိ အသံဖြင့်သော်လည်းကောင်း၊  မျက်နှာမူဟန်ဖြင့်သော်လည်းကောင်း ခံစားမှုကိုမဖော်ပြတတ်ခြင်း

- အသက် ၁ နှစ်အရွယ်ထိ ခိုးခိုးခစ်ခစ်ရယ်သံပြုလုပ်မှုမရှိခြင်း

- အသက် ၁ နှစ်နှင့် ၂ လအရွယ်ထိ ခြေဟန်လက်ဟန်ဖြင့်မဖော်ပြတတ်ခြင်း ဥပမာ 

   လက်ညှိုးထိုးခြင်း၊တာ့တာပြခြင်း

- အသက် ၁ နှစ်နှင့် ၄ လအထိ စကားတစ်ကြောင်းကိုပြီးပြည့်စုံစွာ မပြောနိုင်ခြင်း

- အသက် ၂ နှစ်အထိ စကားစုနှစ်ခုကို ဆက်၍မပြောတတ်ခြင်း

- သင်ကြားထားသော အပြောအဆို၊ပေါင်းသင်းဆက်ဆံရေးများ အသက်အရွယ်မရွေး 

  မေ့သွားနိုင်ခြင်း


စစ်ဆေးမှုများ

- အထက်ဖော်ပြပါ လက္ခဏာများဖြစ်ပေါ်ပါက ကလေး   ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါတယ်။


ကုသခြင်း

အော်တဇင်တိုင်းက ဉာဏ်ရည်မမှီသူများ မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့အခါ အများနည်းတူ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ရာ အတွက် စကားသင်ဖို့နဲ့ ပညာသင်ကြားရေးမှာ အထူး အကူအညီလိုပါတယ်။


ကိုယ့်ကလေးမှာ အော်တဇင် ရှိတယ်လို့ သံသယရှိရင် မိသားစုဆရာဝန်မှတဆင့်ဖြစ်စေ ကလေးဆရာဝန်နဲ့တိုက်ရိုက်ဖြစ်စေ အမြန် ဆွေးနွေးတိုင်ပင်ပါ။ ရောဂါရှိမရှိဆုံးဖြတ်ဖို့ ဆရာဝန်အပြင် စိတ်ပညာရှင်, ကလေး စိတ္တဇဆရာဝန် အစရှိသူတို့ အဆင့်ဆင့်စစ်ဆေးပြီး တိုင်ပင်ဆွေးနွေးရပါတယ်။ မြန်မာ အော်တဇင် အသင်းနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။ အော်တဇင်ကို ကုသတဲ့ ဆေးဝါးမရှိပါ။ ဒါပေမယ့် ရောဂါရှိတာသိရင် လိုအပ်တဲ့ အထောက်အကူအများကြီးပေးခြင်းဖြင့် ကလေးရဲ့ အနာဂတ် အဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါတယ်။


ကာကွယ်ခြင်း

အော်တဇင်ကို ကာကွယ်နိုင်သော နည်းလမ်းမရှိပါ။လိုအပ်တဲ့ အထောက်အကူအများကြီးပေးခြင်းဖြင့် ကလေးရဲ့ အနာဂတ် အဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါတယ်။


Ref: Mayo Clinics 

Credit: Dr Toe 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18