Print

Anal fissure (စအိုကွဲနာ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

     စအိုကွဲနာသည် စအိုလမ်းကြောင်းတစ်လျှောက်ကို ဖုံးအုပ်ထားသော အလွှာပါးကွဲရာမှ ဖြစ်ပေါ်လာပါတယ်။ ဝမ်းချုပ်တဲ့အခါ၊ စမြင်းတုံးကြီးကြီးသွားတဲ့အခါမျိုးမှာ ဖြစ်လာတတ်ပါတယ်။ စအိုကွဲနာဖြစ်တတ်အခါမှာ ဝမ်းသွားလျှင် စအိုဝနာကျင်ခြင်း၊ ဝမ်းသွားလျှင် သွေးစပါခြင်းများသည် စအိုကွဲနာ၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။ စအိုကွဲနာသည် ၁နှစ်အောက်ကလေးများတွင် အတွေ့ရများသည်။သို့သော်အသက်အရွယ်အပိုင်းအခြားမရွေးဖြစ်နိုင်သည်။ စအိုကွဲနာ တော်တော်များများသည် အစားအသောက်အနေအထိုင်ပြောင်းလဲရုံ၊ ဆားကျက်ရည်ထိုင်ရုံလောက်နဲ့တင် သက်သာသွားတတ်ပါတယ်။


လက္ခဏာများ

-ဝမ်းသွားသည့်အခါ စအိုဝတွင် နာကျင်ခြင်း (ဝမ်းသွားပြီးနာရီပေါင်းများစွာကြာသည့်တိုင် စအိုဝမှာနာကျင်နေခြင်း)

-ဝမ်းသွားသည့်အခါသွေးပါခြင်း (စအိုကွဲခြင်းမှထွက်လာသောသွေးသည် ဝမ်းနှင့်မရောဘဲ ဝမ်းပြီးမှ တစ်စက်စက်ကျခြင်း)

-စအိုဝယားယံခြင်း

-စအိုဝတွင်ကွဲကြောင်းအနာကို မြင်ရနိုင်ခြင်း

-စအိုကွဲသောအနာနားတွင် အသားမာစမ်းမိတတ်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

အတွေ့ရများသောအကြောင်းရင်းများ

-စမြင်းတုံးကြီးကြီးသွားခြင်း၊ ဝမ်းမာမာသွားခြင်း

-ဝမ်းချုပ်ခြင်း

-ရက်ရှည် ဝမ်းပျက်ဝမ်းလျှောဖြစ်နေခြင်း

-အူလမ်းကြောင်း အမြှေးပါး ရောင်ရမ်းသောရောဂါများ 

-ကလေးမွေးဖွားထားသောသူများ


အတွေ့ရနည်းသောအကြောင်းရင်းများ

-စအိုကင်ဆာ

-ခုခံအားကျဆင်းမှုကူးစက်ရောဂါ

-တီဘီရောဂါ

-ကာလသားရောဂါ

-ရေယုံပေါက်ခြင်း


ဖြစ်နိုင်ချေများသူများ

-၁နှစ်အောက်ကလေးငယ်များ

-အသက်အရွယ်ကြီးသူများ

-ဝမ်းချုပ်သူများ

-ကလေးမွေးထားသူများ

-အူအမြှေးပါးရောင်ရမ်းသောရောဂါရှိသူများ(Inflammatory bowel disease)

-စအိုမှတစ်ဆင့်လိင်ဆက်ဆံသူများ


နောက်ဆက်တွဲ ပြဿနာများ

-အနာမကျက်ခြင်း(စအိုကွဲနာသည် ခြောက်ပတ်အတွင်း မကျက်လျှင်  နာတာရှည်အဖြစ်သတ်မှတ်ပြီး နောက်ထပ်ကုသမှုများကိုဆက်လုပ်ရန်လိုပါသည်)

-နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ခြင်း

-စအိုကွဲနာမှ စအိုညှစ်အားကို ထိန်းချုပ်ထားသော ကြွက်သားများထိကွဲသွားနိုင်ပြီး ဝမ်းမထိန်းနိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းစသည်တို့ဖြစ်ခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

     ဝမ်းသွားတိုင်းသွေးပါမယ်။ နာကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။


စစ်ဆေးမှုများ

-ဆရာဝန်မှ စအိုထဲသို့လက်ထည့်၍စမ်းသပ်ခြင်း

-စအိုလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း

-အူမကြီးမှန်ပြောင်းကြည့်ခြင်း (အသက် ၅၀ကျော်အရွယ်များတွင် အူမကြီးကင်ဆာကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်)


ကုသခြင်း

     ဝမ်းပျော့ပျော့သွားစေရန် အမျှင်ဓာတ်များသောအစားအသောက်များကို များများစားခြင်း၊ အနာမြန်မြန်ကျက်စေရန် ဆားကျက်ရည်ဖြင့် တစ်နေ့ကို (၁၀-၂၀)မိနစ်ခန့်ထိုင်ပေးခြင်းများ ပြုလုပ်လျှင် စအိုကွဲနာသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အလိုအလျောက်ပျောက်ကင်းနိုင်သည်။ 

     ရောဂါလက္ခဏာများသည် မပျောက်ဘဲရှိနေလျှင်

(၁)မခွဲစိတ်ဘဲကုသခြင်း

    -Nitroglycerin လိမ်းဆေးဖြင့်ကုသခြင်း( အနာကို သွေးပို့လွှတ်မှုကောင်းစေပြီး အနာကျက်မြန်စေသည်။ ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေသည်)

    -Xylocaine လိမ်းဆေး(ထုံဆေးတစ်မျိုးဖြစ်သည်၊ နာကျင်ခြင်းကို သက်သာစေသည်)

    -Botox ထိုးခြင်း(စအိုကျုံ့ကြွက်သားများကို ပြေလျော့စေရန်ဖြစ်သည်)

    -သွေးထိန်းဆေးများဖြင့်ကုသခြင်း (စအိုကျုံ့ကြွက်သားများကိုပြေလျော့စေရန်ဖြစ်သည်။ Nitroglycerin မတိုးသည့်အခါ၊ နောက်ဆက်တွဲဆိုးကျိုးများကို မခံနိုင်သည့်အခါမျိုးတွင် သုံးသည်။)

(၂)ခွဲစိတ်ကုသခြင်း

   -စအိုကျုံ့ကြွက်သား၏ အစိတ်အပိုင်းအချို့ကိုဖြတ်တောက်ဖယ်ရှားကာကုသခြင်း

   -ခွဲစိတ်ကုသခြင်းသည် ဆေးဝါးများဖြင့်ကုသခြင်းထက်ပို၍ ထိရောက်ပါသည်။

   -ခွဲစိတ်ပြီးနောက်ပိုင်း ဝမ်းမထိန်းနိုင်ခြင်း   ဖြစ်နိုင်ချေအနည်းငယ်တော့ရှိပါတယ်။


ကာကွယ်ခြင်း

-အမျှင်ဓာတ်ပါသော အစားအစာများများစားပါ (ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ထောပတ်သီး ၊ သစ်တော်သီး၊ မုန်လာဥနီ၊ ပန်းမုန်လာစိမ်း၊ ဘယ်ရီသီးအမျိုးမျိုး)၊ အမျှင်ဓာတ်ပါသောအစားအစာများသည် ဝမ်းပျော့ပျော့သွားစေသည်။

-ရေများများသောက်ပါ။

-ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ။

-ဝမ်းသွားသည့်ညှစ်၍သွားခြင်းကို ရှောင်ကြဉ်ပါ။

-ကလေးများတွင် သေးခံကို မကြာခဏလဲပေးပါ။သေးခံဝတ်ထားသောနေရာကို ညင်သာစွာဆေးကြောပေးပါ။

-ဝမ်းသွားပြီးသည့်အခါတိုင်း ကြက်သီးနွေးထရုံရေထဲတွင် ၁၀-၂၀မိနစ်ခန့်စိမ်ပေးပါ။

-အုန်းဆီ၊ ရှားစောင်းလက်ပက်ဆီ၊ သံလွင်ဆီ လိမ်းပေးပါ။


Dr.Khin Jyu Jyu Ko

Ref;Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18