Print

Vertigo (ချာချာလည် မူးဝေခြင်း)

  21-Nov-2016
Preview Image

မူးဝေခြင်း ဆိုသည်မှာ သင်ကိုယ်တိုင် (သို့) သင့်ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေသကဲ့သို့ခံစားရခြင်း ဖြစ်သည်။ မူးဝေခြင်းသည် ရုတ်တရက် (သို့) စက္ကန့်အနည်းငယ် (သို့) ထိုထက်ပို ကြာ၍လည်း ဖြစ်နိုင်သည်။ အကယ်၍ Vertigo ရောဂါသည် ဆိုးရွားပါက ရက်ပေါင်းများစွာ ကြာအောင် ကြာတတ်ပြီး နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေနိုင်သည်။ 


 


အမျိုးအစားများ

Vertigo ၂ မျိုးရှိသည် - Peripheral vertigo နှင့် Central vertigo ဖြစ်သည်။


 


လက္ခဏာများ

Vertigo ၏ ရောဂါလက္ခဏာများမှာ 

- ခေါင်းမူးခြင်း 

- ဘက်ညီအောင် မထိန်းနိုင်ခြင်း( မတ်တပ်/လမ်းမလျှောက်နိုင်ခြင်း)

- နားအူခြင်း နှင့်

- နေထိုင်မကောင်းဖြစ်ခြင်း တို့ဖြစ်သည်။ 




ဖြစ်ပွားရသော အကြောင်းရင်း

* Peripheral Vertigo ဆိုလျှင်

- Benign paroxysmal positional vertigo (BPPV)- အဖြစ်များဆုံး ဖြစ်သည်။ မတ်တပ်ရပ်စဉ်၊ ခေါင်းငုံ့စဉ်၊ လမ်းဖြတ်ကူးစဉ်နှင့် လှဲအိပ်စဉ်တို့တွင် ဖြစ်နိုင်သည်။

- Head injury - ခေါင်းကို ထိခိုက်ဒဏ်ရာ ရခြင်း

- Labyrinthitis - နားအတွင်းဖက် ပိုးဝင်၍ အမြှေးပါး ရောင်ရမ်းခြင်း

- Vestibular neuronitis – labyrinth (နားအတွင်း အမြှေးပါး) နှင့် ဦးနှောက်ကို ဆက်သော အာရုံကြော ရောင်ရမ်းခြင်း

- Meniere’s disease တို့ဖြစ်သည်။


* Central vertigo ကိုမူ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ကျောရိုးမ ကိုထိသော 

- Multiple sclerosis

- Acoustic neuroma

- Brain tumour နှင့်

- လေဖြတ်ခြင်းတို့က ဖြစ်စေနိုင်သည်။


 


နောက်ဆက်တွဲ ပြဿနာများ

     Vertigo ၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် 

- ဒေါသထွက်လွယ်လာခြင်း

- မိမိကိုယ်ကို တန်ဖိုးထားမှု နည်းလာခြင်း

- စိတ်ကျရောဂါ ခံစားလာရခြင်းနှင့် 

- မူးဝေ၍ အမြင့်မှ ပြုတ်ကျတတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်စေတတ်သည်။


 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ


     မူးဝေခြင်း လက္ခဏာများ သက်သာခြင်း မရှိခြင်းနှင့် ထပ်ခါထပ်ခါ ပြန်ဖြစ်နေပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။ ဆရာဝန်က ရောဂါလက္ခဏာ အခြေအနေများအကြောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာကို ထိခိုက်မှုရှိမရှိ၊သက်သာစေ/ပိုဆိုးစေနိုင်သော အကြောင်းအရာများကို မေးမြန်းပါလိမ့်မည်။


 


စစ်ဆေးမှုများ

     ကျန်းမာရေး စမ်းသပ်မှုများ အနေဖြင့် နားအတွင်းသို့စစ်ဆေးခြင်း၊ မျက်လုံးစမ်းသပ်ခြင်း၊ ထိုင်ရာမှ အလျင်အမြန် လှဲအိပ်ခိုင်းခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် Audiometry test နှင့် Tuning fork test ဖြင့် အကြားအာရုံ ကောင်းမကောင်း စမ်းသပ်ခြင်း၊ Videonystagmography ဖြင့် မျက်လုံးတွင် Nystagmus ရှိမရှိစမ်းသပ်ခြင်း၊ Caloric testing နားထဲသို့ရေအေးကို စက္ကန့်၃၀ ကြာအောင် လောင်းထည့်ထားပြီး အပူချိန် ပြောင်းလဲမှု ရှိမရှိကြည့်ခြင်း၊ Posturographyနှင့်တစ်ချို့တွင် CT scan၊ MRI scan ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။


 


ကုသခြင်း

Vertigo ဖြစ်နေပါက တိတ်ဆိတ်မှောင်မဲသော အခန်းထဲတွင် လှဲလျောင်းနေပါက ပျို့အန်ခြင်းနှင့် မူးဝေခြင်းများ သက်သာစေနိုင်သည်။ ရောဂါ လက္ခဏာ ပိုဆိုးရွားစေနိုင်သည့် စိတ်ဖိစီးမှုများသော အခြေအနေများကို ရှောင်ကြဉ်ရန် လိုအပ်သည်။



       Labyrinthitis ကြောင့်ဖြစ်ပါက များသောအားဖြင့် ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်တတ်သည့်အတွက် ဆေးသောက်စရာ မလိုပဲ ပြန်ကောင်းလေ့ရှိသည်။ သို့သော် အနည်းငယ်မှာ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ပဋိဇီဝဆေးများ သောက်ရန်လိုအပ်သည်။ ထို့ပြင် Vestibular rehabilitation/ Vestibular rehabilitation training (VRT) နည်းဖြင့်လည်း ကုသနိုင်သည်။


       Vestibular neuronitis ဆိုပါက ဆေးကုုသမှု ခံယူစရာ မလိုပဲ ပြန်ကောင်းတတ်သော်လည်း အရက်သောက်ခြင်း၊ အပင်ပန်းခံခြင်းနှင့် တခြား ဖျားနာခြင်းများ ရှိပါက ရောဂါ မသက်သာနိုင်ပါ။ BPPV ဆိုလျှင်လည်း သူ့အလိုလို ပြန်ကောင်းတတ်သည်။သို့သော် လက္ခဏာများ သက်သာချိန်ထိ အိပ်ရာမှ ညင်သာစွာ ထခြင်းနှင့် ပန်းချီဆွဲခြင်း၊ ဆေးရောင်သုတ်ခြင်း၊ အမြင့်ပေါ်တွင် ပစ္စည်းရှာခြင်း စသည့် ခေါင်းကို အပေါ်မော့ခြင်းကို ရှောင်ကြဉ်ရမည်။



        Epley manoeuvre နှင့် Brandt-Daroff exercises များဖြင့်လည်း Vertigo သက်သာအောင် ပြုလုပ်နိုင်သည်။ Meniere’s disease ဆိုလျှင် ဆားလျှော့စားခြင်း၊ နားအူခြင်းကို Sound therapy နှင့် ကုသခြင်း၊ အကြားအာရုံ ဆုံးရှူံးခြင်းအတွက် နားကြားကိရိယာများ တပ်ဆင်ခြင်းနှင့် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါများကို ကုသခြင်းဖြင့် ကုသနိုင်သည်။



        သို့သော် Central vertigo နှင့် ဖြစ်ပွားစေသော အကြောင်းရင်း ရှာမတွေ့ပါက CT ရိုက်ခြင်း၊ ဦးနှောက်အာရုံကြော အထူးကု၊ နားနှာခေါင်းလည်ချောင်း အထူးကုနှင့် ဆက်လက်၍ ပြသရမည်။


 


ကာကွယ်ခြင်း

      Vertigo မဖြစ်စေရန် ကာကွယ်ရန် နည်းလမ်းမရှိပါ။သို့သော် Vertigo ရောဂါ ရှိနေလျှင်မူ လှေကားတက်ခြင်းနှင့် စက်ပြင်လုပ်ငန်းများ လုပ်ကိုင်ပါက အလုပ်အကိုင် ပြောင်းခြင်း၊အမြင့်မှ ပြုတ်ကျခြင်းမှ ကာကွယ်ရန် လိုအပ်သည်။


 


Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18