Print

Urinary tract infection (ဆီးလမ်းကြောင်း ပိုးဝင်ခြင်း)

  21-Nov-2016
Preview Image

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အဖြစ်များသောရောဂါတစ်မျိုးဖြစ်သည်။ ကျောက်ကပ်၊ ဆီးအိမ်နှင့် ဆီးပြွှန်များရောင်ရမ်းခြင်းကိုဆိုလိုပါသည်။



လက္ခဏာများ
* Symptoms of lower UTI
Urethral syndrome - ဆီးသွားလျှင်ဆီးပူ၊ ဆီးကျဉ်၊ ဆီးအောင့်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးခုံနေရာတွင်အောင့်နေခြင်း။
- ဆီးနောက်ခြင်း၊ ဆီးသွားစဉ် ပြည်ပါ၊ သွေးပါခြင်း
- ဆီးအနံ့ ပုံမှန်ထက်ပို၍နံခြင်း
- ခါးနာခြင်း
- နေထိုင်မကောင်းမအီမသာ ခံစားရခြင်း
* Symptoms of upper UTI
- ချမ်းတုန်၍ အဖျားကြီးခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဝမ်းသွားခြင်း
- ဆီးသွားချိန်တွင် ဘေးအောင့်ခြင်း၊ ပေါင်ခြံအောင့်ခြင်းများသည် ပိုဆိုးတတ်ပါသည်။



ဖြစ်ပွားရသော အကြောင်းရင်းများ
အဓိကအားဖြင့် ဆီးလမ်းကြောင်းအတွင်းသို့ Escherichia coli ဘက်တီးရီးယား ပိုးဝင်သောကြောင့်ဖြစ်သည်။(အိမ်သာသွားပြီးလျှင် စအိုပေါက်မှ အရှေ့လိင်အင်္ဂါရှိသည့် ဘက်သို့ဆွဲ၍ သန့်ရှင်းရေး ပြုလုပ်သောကြောင့်ဖြစ်ပေါ်နိုင်သည်)
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အဖြစ်များသော လူအုပ်စုများမှာ-

အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ဆီးပြွန်သည် စအိုပေါက်ဝနှင့် ပို၍နီးသောကြောင့်ဖြစ်သည်။ထို့အပြင် ဆီးလမ်းကြောင်းပြွန်သည်လည်း အမျိုးသားများထက် ပို၍တိုသောကြောင့်ဖြစ်သည်။
- တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူများ
- spermaticide သုတ်ကောင်သေစေနိုင်သည့် ဓာတ်ပါဝင်သော ကိုယ်ဝန်တားအကာ diaphragm သုံးခြင်း
- ဆီးကျိတ်ကြီးနေသူများ
- ကျောက်ကပ်အတွင်းကျောက်တည်နေသူများ။
- ခန္ဓာကိုယ်ရှိခုခံအားကျနေသူများ- အေအိုင်ဒီအက်ရောဂါ၊ ဆီးချိုရောဂါနှင့် စတီးရိုက်ဆေးသောက်နေသူများ၊ကင်ဆာပျောက်ဆေးဖြင့်ကုသနေသူများ၊
- ဆီးသွားရန်အခက်အခဲရှိသူများ-အာရုံကြောကျောရိုးမထိခိုက်ထားသူများ( spinal cord injury)
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ



နောက်ဆက်တွဲပြဿနာများ
- ရောဂါပိုးဝင်ပြီး ဆီးပြွှန်ရောင်ခြင်း- Ureteritis
- ဆီးအိမ်ယောင်ခြင်း- Cystitis
- ဆီးပြွှန်ချောင်းရောင်ခြင်း- Urethratitis
- ဆီးကျိတ်ရောင်ခြင်း- Prostatitis
- ကျောက်ကပ်ရောင်ခြင်း- Pyelonephritis
- ကျောက်ကပ်ပျက်စီးခြင်း- Renal failure
- ဘက်တီးရီးယား ပိုးပျံ့နှံ့ပြီး သွေးဆိပ်တက်ခြင်း- Septicaemia



စစ်ဆေးမှုများ
ဆီးစစ်ခြင်း- dipstick ဆီးစစ်တံဖြင့် စစ်ခြင်း၊
Urinalysis - ဓာတ်ခွဲခန်းသို့ပို့၍ ဆီးပိုးရှိမရှိစစ်ဆေးခြင်း၊ အကောင်မွေးခြင်း culture and sensitivity (ဆီးဗူးအတွင်းသို့ ဆီးခံရာတွင် စစထွက်ခြင်းဆီးကိုမယူရ၊ အလယ်ဆီးကိုသာ သန့်ပြန့်စွာယူရပါမည်။ မယူမီ ဆီးသွားမည့် နေရာကိုအရင်ဆုံး သန့်ပြန့်အောင် ဆေးကြောရပါမည်)
သွေးစစ်ခြင်း
CT scan- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။
Cystoscopy- ဆီးအိမ်တွင်းသို့ သေးငယ်သည့် မှန်ပြောင်းထည့်၍ ရောဂါရှာခြင်း။
Ultrasound scan- တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း အားဖြင့် ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းမျာကို သိရှိနိုင်ပါသည်။



ကုသခြင်း
- Antibiotics ပိုးသတ်ဆေးပေး၍ကုသခြင်း- ထိခိုက်နေသည့် ဆီးလမ်းကြောင်းပေါ်မူတည်၍ ဆေးသောက်ရမည့် အချိန်ကွာခြားနိုင်ပါသည်။
- ဖျားခြင်းနှင့်နာကျင်ခြင်းအတွက် Acetaminophen or Ibuprofen
- သွေးဆုံးပြီး အမျိုးသမီးများအတွက် မိန်းမဟော်မုန်း အီစရိုဂျင်လိမ်းဆေး၊ သို့ ဆေးတောင့် သို့ ပျော့ပျောင်းသောကွင်းထည့်ခြင်း။



အိမ်တွင်းကုထုံးများ
- ရေများများသောက်ခြင်း၊ 
- အရက်၊ အချိုရည်ဗူး သောက်ခြင်းများကိုလျော့စားခြင်း၊ရှောင်ခြင်း
- ဗီတာမင်အားဆေးများသောက်ခြင်း။
- ဆေးသောက်သက်သာပြီးနောက် နောက်ထပ်ပြန်ဖြစ်ခြင်း (Recurrent UTI)လည်း ဖြစ်ပေါ်နိုင်ပါသည်။



ကာကွယ်ခြင်း
- Cranberry ဖျော်ရည်များများသောက်ခြင်း
- ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း
- ဆီးသွားချင်လျှင်မထိန်းထားဘဲ သွားခြင်း
- အိမ်သာသွားပြီးလျှင် အရှေ့မှအနောက်သို့ သန့်ရှင်းခြင်း
- တကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ခြင်း
- လိင်ဆက်ဆံမှုမပြုခင်တိုင်း မိမိ၏လိင်အင်္ဂါအား စနစ်တကျဆေးကြောခြင်း
- လိင်ဆက်ဆံပြီးတိုင်း ဆီးသွားခြင်းအလေ့အကျင့်များကို ပြုလုပ်ခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ပွားမှုကိုလျော့ကျစေနိုင်ပါသည်။



Ref: NHS Choices, UK
MedicineHealth.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18