Print

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း)

  21-Nov-2016
Preview Image


ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ ရုတ်တရက် ချောင်းဆိုး၊ နှာချေခြင်းတို့ပြုလုပ်ချိန်တွင် ဆီးအိမ်ထိန်းချုပ်မှုအားနည်းသောကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုသည်။ ထိုသို့ရုတ်တရက် ဆီးထွက်ကျတတ်ခြင်းကြောင့် နေ့စဉ်ဘဝတွင် အရှက်ရခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းများ ကြုံတွေ့ရလေ့ရှိသည်။


လက္ခဏာများ
ဆီးမထိန်းနိုင်ခြင်းကို
• ချောင်းဆိုးရာ၊ နှာချေရာ၊ ရယ်မောရာ၊ လေ့ကျင့်ခန်းလုပ်ရာ၊ အလေးအပင်မရာတို့တွင် ဝမ်းဗိုက်ပေါ်ဖိအားများခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း (Stress Incontinence)
• ဆီးပိုးဝင်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါရှင်များတွင် အာရုံကြောအားနည်းခြင်းကြောင့် မကြာခဏဆီးသွားလိုခြင်း၊ ညဘက်များတွင်ပါ ဆီးခဏခဏသွားခြင်း (Urge Incontienece)
• ဆီးကုန်စင်အောင်မသွားခြင်းကြောင့် ဆီးတစ်စက်စက်ကျခြင်း (Overflow incontinence)
• ကိုယ်နှင့် စိတ်ချို့ယွင်းမှုတို့ကြောင့် ဆီးအချိန်မီမသွားနိုင်ခြင်း (ဥပမာ- အသက်ကြီးသူများတွင် ဆီးသွားလိုသောအချိန်၌ ဘောင်းဘီကို အချိန်မီမချွတ်နိုင်ခြင်း (Functional incontinenece))
• အထက်တွင် ဖော်ပြထားသော အခြေအနေတစ်ခုထက်ပိုသော ဆီးမထိန်းနိုင်ခြင်း (Mixed Incontinenece) ဟူ၍ အမျိုးအစားများခွဲခြားနိုင်သည်။



ဖြစ်ပွားရသောအကြောင်းရင်းများ
ဆီးမထိန်းနိုင်ခြင်းမှာ ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်သည်။



ခဏတာဆီးမထိန်းနိုင်ခြင်း (Temporary urinary incontinenece)
• အရက်၊ ကဖင်းဓာတ်များ
• လက်ဖက်ရည်နှင့် ကော်ဖီ
• Gas ပါသောအချိုရည်များ (Carbonated drinks)
• သကြားတုများ (Artificial sweeteners)
• အချဉ်ဓာတ်ပါသောအသီးများ
• နှလုံးနှင့် သွေးတိုးရောဂါအတွက် ဆေးသောက်သုံးနေရသူများ
• ဗီတာမင် ဘီနှင့်စီများစွာစားသုံးသူများတွင် ဆီးမထိန်းနိုင်ခြင်း ဖြစ်လေ့ရှိတတ်သည်။

• ဆီးပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့်လည်း ယာယီဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်သည်။



နာတာရှည် ဆီးမထိန်းနိုင်ခြင်း (Persistent urinary incontinence)

နာတာရှည် ဆီးမထိန်းနိုင်ခြင်းကို
• ကိုယ်ဝန်ဆောင်ချိန်
• မွေးလမ်းကြောင်းမှ ကလေးမွေးထားသောမိခင်များ
• အသက်အရွယ်ကြီးခြင်းကြောင့် ဆီးအိတ်ကြွက်သား အားနည်းသွားသူများ
• သွေးဆုံးပြီး အမျိုးသမီးများ
• သားအိမ်ထုတ်ထားသူများ
• ဆီးကျိတ်ကြီးသော အမျိုးသားများ
• ဆီးကျိတ်ကင်ဆာရှိသူများ
• ဆီးလမ်းကြောင်းတစ်လျှောက် အလုံးအကျိတ်ရှိသူများ
• အာရုံကြောဆိုင်ရာ ရောဂါရှိသူများတွင် တွေ့ရလေ့ရှိသည်။



ဖြစ်နိုင်ချေများသူများ
ဆီးမထိန်းနိုင်ခြင်းမှာ
• အမျိုးသမီးများ
• အသက်ကြီးသူများ
• အဝလွန်သူများ
• အာရုံကြောဆိုင်ရာရောဂါရှိသူများတွင် အဖြစ်များသည်။



နောက်ဆက်တွဲပြဿနာများ
• စိုစွတ်မှုကြောင့် လိင်အင်္ဂါတဝိုက်တွင် ယားယံခြင်း၊ အရေပြားရောဂါပိုးများ ဝင်ခြင်းနှင့် ရောင်ရမ်းခြင်း
• ဆီးပိုးဝင်ခြင်း
• နေ့စဉ်ဘဝတွင် အဆင်မပြေခြင်းတို့ဖြစ်နိုင်သည်။



စစ်ဆေးမှုများ
• ဆရာဝန်နှင့် တိုင်ပင်ကာရောဂါ လက္ခဏာများကို စစ်ဆေးခြင်း
• ဆီးပိုးဝင်ခြင်းရှိမရှိ၊ ဆီးတွင်းသွေးပါခြင်းရှိမရှိတို့ကိုစစ်ဆေးခြင်း
• တနေ့လျှင် ရေမည်မျှသောက်သည်၊ ဆီးမည်မျှသွားသည်၊ ဆီးသွားလိုစိတ် ဘယ်နှစ်ကြိမ်ဖြစ်သည်၊ ဘယ်နှစ်ကြိမ် ဆီးမထိန်းနိုင်ဖြစ်သည် တို့ကိုမှတ်သားစေခြင်း
• ဆီးလမ်းကြောင်းတွင်း တစ်စုံတစ်ရာ ပိတ်ဆို့ခြင်းရှိမရှိ စမ်းသပ်ခြင်း
• ဆီးအိတ်၏ ညှစ်အားနှင့် ဆီးအိတ်ဝ ကြွက်သား၏ သန်မာမှုကိုစစ်ဆေးခြင်း (Urodynamic testing)
• ဆီးအိတ်တွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Cystoscopy)
• ဆီးအိတ်တွင်းဆေးထိုး၍ ဓာတ်မှန်ရိုက်ခြင်း (Cystogram)
• ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအတွင်းသို့ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။



ကုသခြင်း
• ဆီးသွားချင်လာပါကချက်ချင်းမသွားဘဲ ၁ဝမိနစ်ခန့် နေပြီးမှသွားခြင်း
• ဆီးသွားပြီးပြီးချင်း ချက်ချင်းမထဘဲ ဆီးကျန် ကုန်စေရန် နောက်တကြိမ်သွားခြင်း
• နှစ်နာရီတစ်ကြိမ် သို့မဟုတ် လေးနာရီတစ်ကြိမ် အပေါ့သွားခြင်း
• အရက်၊ ကဖင်းနှင့် အက်ဆစ်ဓာတ်များသော အစာများကိုရှောင်ခြင်း၊ အရည်လျော့သောက်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။
• ဆီးထိန်းအားကောင်းစေသော လေ့ကျင့်ခန်းအနေဖြင့်
- ဆီးသွားစဉ် ၅စက္ကန့်ခန့် ဆီးကိုရပ်လိုက် ၅စက္ကန့်ခန့်ဆီးပြန်သွားလိုက် ပြုလုပ်ပါ။
- ထို့နောက် ၁၀ စက္ကန့်သို့ တိုးလုပ်ပါ။
- လေ့ကျင့်ခန်းကိုတစ်နေ့ အနည်းဆုံးသုံးကြိမ်ပြုလုပ်ပါ။


ထို့ပြင် ကုသမှုအနေဖြင့် 
• ဆေးများသောက်ခြင်း၊
• လျှပ်စစ်သုံး၍ ကုသခြင်း
• လိုအပ်ပါက ဆီးလမ်းကြောင်းအတွင်းသို့ ပစ္စည်းထည့်ခြင်း
• ဆီးအိတ်ကို ထိန်းပေးသောကွင်းထည့်ခြင်း
• ခွဲစိတ်မှုများပြုလုပ်ခြင်း
• ဆီးပိုက်တပ်ထားခြင်း
• ဆီးခံအတွင်းခံ ဝတ်ဆင်စေခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


ဆီးတစက်စက်ကျခြင်းကြောင့် အရေပြားယားယံခြင်းကို သက်သာစေရန် 
- ရေစိုဝတ်ဖြင့် အင်္ဂါကိုသန့်ရှင်းရေးလုပ်ခြင်း
- လေဝင်လေထွက်ကောင်း၍ ခြောက်သွေ့အောင်ထားခြင်း
- Petroleum Gel ကဲ့သို့သော Cream များလိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။



Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18