Print

Sleep diorders (အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ)

  12-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

လူတစ်ယောက်အတွက်အိပ်စက်ခြင်းသည် အလွန်အရေးကြီးပါတယ်။ကောင်းစွာမအိပ်စက်နိုင်ပါက ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။အိပ်စက်ခြင်းဆိုင်ရာပြဿနာများတွင် နေ ့ဘက်အလွန်အမင်းအိပ်ငိုက်ခြင်း၊ အိပ်နေစဉ်အသက်ရှူပုံမမှန်ခြင်း၊ အိပ်နေစဉ်ပုံမမှန် ကိုယ်ခန္ဓာလှုပ်ရှားမှုများခြင်း၊အိပ်ပျော်ရန်ခက်ခဲခြင်းတို ့ပါဝင်ပါတယ်။


အဖြစ်များသောအိပ်စက်ခြင်းဆိုင်ရာပြဿနာများမှာ

(၁) အိပ်မပျော်ခြင်း

(၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း

(၃)ခြေထောက်ပုံမမှန်လှုပ်ရှားခြင်း သို ့မဟုတ် အငြိမ်မနေခြင်း

(၄)အလွန်အမင်းအိပ်ခြင်း


(၁)အိပ်မပျော်ခြင်း (Insomnia)

 အိပ်မပျော်ခြင်းသည် အတွေ ့ရများသောအိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။အိပ်ပျော်ရန်ခက်ခဲခြင်း၊ တရေးနိုးလာပြီးပြန်အိပ်ပျော်ရန်ခက်ခဲခြင်း၊ အစောကြီးနိုးနေခြင်း၊ နေ ့ခင်းဘက်တွင် နုံးချိခြင်း၊အိပ်ငိုက်ခြင်း၊ စိုးရိပ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊အိပ်စက်ခြင်းနှင့် ပတ်သက်၍စိုးရိမ်ပူပန်နေရခြင်းများသည် အိပ်မပျော်ခြင်း၏ လက္ခဏာများဖြစ်သည်။အရွယ်ရောက်ပြီးလူတစ်ယောက်သည် တစ်နေ ့ကိုအိပ်ချိန် ၇-၈နာရီခန် ့့ရှိရန်လိုအပ်ပါတယ်။


အိပ်မပျော်ခြင်းကိုဖြစ်စေနိုင်သောအကြောင်းရာများစွာရှိပါတယ်၊

၁။စိုးရိမ်စိတ်များခြင်း၊စိတ်ကျခြင်း 

၂။ခရီးသွားရခြင်း(ဥပမာ-နိုင်ငံရပ်ခြားသို ့ခရီးသွားရလျှင် ဇီဝနာရီပြောင်းလဲမှုဖြစ်ခြင်းကြောင့်ဖြစ်နို်င်ပါတယ်)

၃။အအိပ်အနေနည်းခြင်း( အိပ်ချိန်မမှန်ခြင်း၊ နေ ့လည်ဘက်အိပ်ခြင်း၊အိပ်ယာထဲတွင် ကွန်ပျူတာသုံးခြင်း၊ဖုန်းအသုံးပြုခြင်း)

၄။ညနေနှောင်းပိုင်းတွင် အစားအလွန်အကျူးစားခြင်း၊ကော်ဖီနှင့်အခြားကဖင်းဓာတ်ပါသောအစားအသောက်များစားခြင်း၊အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း

၅။ဆေးဝါးများသောက်သုံးခြင်း(ဥပမာ- စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အကိုက်အခဲပျောက်ဆေးများ၊နှာစေးပျောက်ဆေးများ၊ အဆီကျဆေးများ၊ ကဖင်းဓာတ်ပါသောဆေးများ)

၆။ရောဂါဒေနာများ (နာတာရှည် နာကျင်မှုဝေဒနာကိုခံစားနေရသူများ၊ ကင်ဆာရောဂါ၊ ဆီးချို၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်အက်ဆစ်များသောရောဂါ၊ သွိုင်းရွိုက်ဟော်မုန်းများသောရောဂါ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါများ)

၇။အသက်အရွယ်ကြီးသူများ


နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် အလုပ်နှင့်ကျောင်းများတွင် စွမ်းဆောင်ရည်လျော့ကျခြင်း၊ ကားမောင်းနေစဉ်မတော်တဆမှုအဖြစ်များခြင်း၊ စိတ်ကျန်းမာရေးပြဿနာများဖြစ်ခြင်း၊နာတာရှည်ရောဂါများဖြစ်ပွားလာနိုင်ခြင်း(ဥပမာ- သွေးတိုး၊နှလုံးရောဂါ)များဖြစ်လာနို်င်ပါတယ်။

ရောဂါဖြစ်ပွားသည့် အကြောင်းရင်းများကို ကုသရန်လိုအပ်ပါတယ်။ဆေးဝါးများဖြင့်ကုသခြင်း၊ အပ်စိုက်ကုခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းစသည့်ကုထုံးပေါင်းများစွာရှိပါတယ်။

ကာကွယ်ခြင်းများအနေဖြင့် အိပ်ချိန်သတ်သတ်မှတ်မှတ်ထားပါ၊ သင့်တော်သောကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊သောက်နေသောဆေးများကိုစစ်ဆေးပါ၊

နေ ့လည်ဘက်အိပ်ခြင်းကိုရှောင်ကြဉ်ပါ၊ကော်ဖီနှင့်ကဖင်းဓာတ်ပါသောအစားအသောက်များကိုရှောင်ပါ၊ဆေးလိပ်၊အရက်ရှောင်ပါ၊အိပ်ခါနီးအစားစားခြင်းကိုရှောင်ပါ။အိပ်ခါနီး ရေနွေးဖြင့်ရေချိုးပေးခြင်း၊စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းများပြုလုပ်ပေးနိုင်ပါတယ်။


(၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း (Sleep apnea)

 အိပ်ပျော်နေစဉ်ရုတ်တရက်အသက်ရှူရပ်သွားခြင်းသည် မပေါ့ဆသင့်သောအိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ကျယ်လောင်စွာဟောက်တတ်သောသူများတွင် အသက်ရှူရပ်ခြင်းဖြစ်နိုင်ပါတယ်။ထိုသူများတွင် မနက်အိပ်ယာထလာသည့်အချိန်တွင် ပင်ပမ်းနွမ်းနယ်နေတတ်ကြသည်။

  အဓိကအမျိုးအစား ၃မျိုးရှိသည်။


(၁) Obstructive sleep apnea-----------လည်ပင်းကြွက်သားများအားလျော့ခြင်းကြောင့်ဖြစ်သည်။အိပ်နေစဉ်လည်ပင်းကြွက်သားများအားလျော့လာပါက  အသက်ရှူလမ်းကြောင်းကျဉ်းမြောင်းကာ                                                                                     အသက်ရှူမဝခြင်းများဖြစ်လာနိုင်ပါတယ်။ ထိုအခါ ဦးနှောက်ထဲရှိအောက်ဆီဂျင်ပမာဏတဖြည်းဖြည်းလျော့ကျလာပြီး ရုတ်တရက်လန် ့နိုးလာခြင်းဖြစ်သည်။ထိုသို ့လန် ့နိုးလာခြင်းသည်                                                   အချိန်ခဏတာမျှသာကြာပြီး အများအားဖြင့်မမှတ်မိတတ်ပါ။ ဖြစ်စေနိုင်သောအကြောင်းရာများထဲတွင်အဝလွန်ခြင်း၊                                                                                                                                 လည်ပင်းအရွယ်အစားကြီးခြင်း၊ ပုံမှန်ထက်အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ အမျိုးသားဖြစ်ခြင်း၊ အသက်ကြီးသူများ၊ မျိုးရိုးရှိသူများ၊ အရက်၊ဆေးလိပ်သောက်သုံးသူများပါဝင်ပါတယ်။


(၂) Central sleep apnea-----------------အသက်ရှူကြွက်သားများကိုထိန်းချုပ်သည့် အချက်ပြမှုများကို ဦးနှောက်မှ မထုတ်ပေးနိုင်သောကြောင့်ဖြစ်သည်။ဖြစ်စေနိုင်သောအကြောင်းရာများထဲတွင် အသက်အရွယ်ကြီးခြင်း၊နှလုံးရောဂါရှိသူများ၊မူးယစ်ဆေးဝါးသုံးသူများ၊လေဖြတ်ထားသူများပါဝင်ပါတယ်။


(၃) Complex sleep apnea symdrome--အထက်ဖော်ပြပါအကြောင်းရာနှစ်မျိုးပေါင်းဖြစ်တာဖြစ်ပါတယ်။

ရောဂါလက္ခဏာများမှာ ကျယ်လောင်စွာဟောက်ခြင်း၊ အိပ်နေစဉ်အသက်ရှူရပ်ခြင်းများကို ဘေးနားအိပ်နေတဲ့သူမှသတိထားမိခြင်း၊ အသက်ရှူကျပ်၍နိုးလာခြင်း၊ အာခေါင်ခြောက်၊ လည်ချောင်းများနာ၍နိုးလာခြင်း၊   မနက်အိပ်ထထချင်း ခေါင်းကိုက်နေခြင်း၊နေ ့လည်ဘက်အိပ်ငိုက်ခြင်း၊အာရုံမစိုက်နိုင်ခြင်းများဖြစ်နိုင်ပါတယ်။

နေ ့လည်ဘက်အိပ်ငိုက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးရောဂါများ၊ ဆီးချိုရောဂါ၊ဇီဝရုပ်ဖျက်ပျက်မှုပုံမမှန်ခြင်း၊ ခွဲစိတ်ကုသခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ၊ အသည်းရောဂါများနှင့့်လည်း   ဆက်စပ်နေတတ်ပါတယ်။

အသက်ရှူအထောက်အကူပြုကိရိယာများတပ်ဆင်ကုသခြင်း၊ အသက်ရှူလမ်းကြောင်းကျဉ်းစေသောအရာများကို ခွဲစိတ်ကုသခြင်းများဖြင့်ကုသနိုင်သည်။

 နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ကိုယ်အလေးချိန်ကိုလျှော့ချပါ၊ကို်ယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ဘေးတစောင်းအိပ်ပါ၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်းကိုရှောင်ပါ၊နှာစေးနှာပိတ်ဖြစ်နေပါကစောစီးစွာကုသပါ၊ပြင်းထန်လာပါကဆရာဝန်နှင့်အမြန်ဆုံးပြပါ။


(၃)ခြေထောက်ပုံမမှန်လှုပ်ရှားခြင်း (Restless leg symdrome)

 Restless leg syndrome သည်  သက်တောင့်သက်သာမရှိသောကြောင့် အလိုအလျောက်ခြေထောက်လှုပ်နေလိုခြင်းဖြစ်သည်။ညနေပိုင်းနှင့် ညပိုင်းများ၊ ထိုင်နေသောအချိန်များ၊လဲလျောင်းနေသောအခြေအနေများတွင်အဖြစ်များသည်။ညဘက်အိပ်နေသောအချိန်ခြေထောက်လှုပ်ရှားမှုနှင့်လည်းဆက်စပ်မှုရှိသည်၊လူတော်တော်များများသည် ခြေထောက်များတွင် ပုံမှန်မဟုတ်သောခံစားမှုများ ခံစားနေရသည် ဟုသာပြောတတ်ကြသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းကိုအတိအကျမသိရပေ။ဦးနှောက်ရှှိ dopamine ဟုခေါ်သောပစ္စည်းများမညီမမျှဖြစ်လာသောအခါ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ခြင်းပုံမမှန်မှုများကြောင့်ဖြစ်တယ်ဟု ပညာရှင်များကယူဆကြပါတယ်။မျိုးရိုးလိုက်တတ်သည်၊ကိုယ်ဝန်ဆောင်သည်များတွင်အဖြစ်များပါတယ်။

အာရုံကြောအားနည်းခြင်း၊သံဓာတ်ချို ့တဲ့ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းများနှင့်တွဲတတ်ပါတယ်။

နောက်ဆက်တွဲအနေဖြင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊အိပ်ရေးပျက်ခြင်းဖြစ်နိုင်ပါသည်။ထို ့ကြောင့် နေ ့ဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်းများခံစားရနို်င်ပါတယ်။

ဖြစ်ပွားသည့်အကြောင်းရင်းကိုကုသရန်လိုအပ်ပါတယ်၊

လိုအပ်လျှင် သံဓာတ်အားဖြည့်ဆေးများ၊ဦးနှောက်ရှိ dopamine အထွက်များစေသောဆေးများ၊calcium channel ကိုသက်ရောက်စေသောဆေးများ၊opiodများ၊အိပ်ဆေးများနှင့်ကုသရတတ်ပါတယ်။

 ရေနွေးနှင့်ရေချိုးပေးပါ၊ခြေသလုံးကိုုနှိပ်နယ်ပေးပါ၊ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ၊တရားထိုုင်ခြင်း၊ယောဂကျင့်ခြင်းများလုပ်ပေးပါ၊အိပ်ချိန်သတ်သတ်မှတ်မှတ်ထားပေးပါ၊ကော်ဖီနှင့်ကဖင်းဓာတ်ပါသောအစားအစာများကိုရှောင်ကြဉ်ပါ။


(၄) အအိပ်လွန်ခြင်း ( Narcolepsy)

နာတာရှည်အိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး၊နေ ့ဘက်တွင် ရုတ်တရက်အိပ်ပျော်သွားခြင်း၊နှုံးခြင်းများဖြစ်နို်င်ပါတယ်။

Narcolepsy သည် Cataplexyဟုခေါ်သောရုတ်တရက်ကြွက်သားများအကြောသေသွားခြင်းနှင့်တွဲတတ်ပါတယ်။ပြင်းထန်သောစိတ်ခံစားမှုများကြောင့်လည်း အကြောသေခြင်းများဖြစ်စေနိိုင်သည်။(ဥပမာ ရယ်မောခြင်း၊စိတ်လှုပ်ရှားခြင်း၊ကြောက်ရွံ ့ခြငး်)

## ရောဂါလက္ခဏာများသည် အသက်၁၀-၂၅အရွယ်တွင် စတွေ ့ရတတ်သည်။ရောဂါရှိသူများသည် နေ ့ဘက်တွင် မည့်သည့်နေရာ၊မည့်သည့်အချိန်တွင်မဆို အိပ်ပျော်သွားတတ်ကြသည်။စကားပြောနေရင်း၊အလုပ်လုပ်နေရင်းလည်းအိပ်ပျော်သွားတတ်ကြသည်။အိပ်ပျော်ခြင်းသည် မိနစ်အနည်းငယ်၊နာရီဝက်ခန် ့ကြာသွားတတ်သည်။ပြီးလျှင်ရုတ်တရက်ပြန်နိုးလာပြီး ခဏကြာလျှင်ပြန်အိပ်ပျော်သွားပြန်သည်။လူနာမှာတစ်နေ့တာလုံးလန်းဆန်းမှုမရှိဘူးဟုခံစားနေရတတ်ပါတယ်။

ရုတ်တရက်ကြွက်သားများအကြောသေသွားခြင်းများနှင့်လည်းတွဲတတ်ပါတယ်။စကားပြောလေးလာခြင်း၊ခြေလက်များလေးလာခြင်းအပြင်၊လုံးဝလှုပ်လို ့မရတော့သည်အထိလည်းဖြစ်တတ်ပါတယ်။ဒါပေမယ့်ထိုသို ့့ဖြစ်ခြင်းသည် စက္ကန် ့ပိုင်း ၊မိနစ်ပိုင်းလောက်ပဲကြာတတ်ပါတယ်။ပြင်းထန်သောစိတ်ခံစားချက်များဖြစ််ပေါ်လာသောအချိန်တွင်လည်းအကြောသေခြင်းများဖြစ်သွားနို်င်ပါတယ်။ဥပမာ-ရယ်မောခြင်း၊စိတ်လှုပ်ရှားခြင်း၊ကြောက်ရွံ ့့ခြင်း၊အံ့သြခြင်း၊ဒေါသထွက်ခြင်း။ရယ်မောနေရင်း ရုတ်တရက်ခြေထောက်များပျော့ခွေကျသွားခြင်း၊ခေါင်းငိုက်စိုက်ကျသွားခြင်းများဖြစ်တတ်သည်။

အိပ်နေရင်းခြေလက်လှုပ်ရှားလို ့မရခြင်း၊အိပ်ယာနိုးသည့်အချိန်တွင် ခေတ္တမျှစကားပြော၍မရခြင်းများသည်လည်းတွဲ၍ဖြစ်တတ်သည်။ထိုသို ့ဖြစ်ခြင်းသည်စက္ကန် ့ပိုင်းမျှသာကြာတတ်သည်။ REMအဆင့်အိပ်စက်ခြင်းတွင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှား၍ မရခြင်းနှင့်လည်းမှားတတ်ပါတယ်၊

ဖြစ်ပွားရသည့်အကြောင်းရင်းမှာ အတိအကျမသိပေ။ဖြစ်နိုင်သောအကြောင်းရင်းအများအပြားရှိပါတယ်။ရောဂါဖြစ်ပွားသည့်လူတော်တော်များများတွင် ဦးနှောက်မှထွက်သော Hypocretin ပမာဏနည်းနေသည်ကိုတွေ ့့ရတတ်သည်။Hypocretin သည်လူတစ်ယောက်နိုးထခြင်းနှင့် REMအဆင့်အိပ်စက်ခြင်းကိုထိန်းညှိပေးသောပစ္စည်းဖြစ်သည်။Hypocretin ဘာကြောင့်နည်းသွားလဲကိုတော့ အတိအကျမသိရပေ။ပညာရှင်များကတော့ ကိုယ်ခန္ဓာ၏ခုခံအားစနစ်ပုံမမှန်တုန် ့ပြန်မှုများကြောင့်ဖြစ်သည်ဟုယူဆကြပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပတ်ဝန်းကျင်၏ အမြင်မှားခြင်းကိုခံရနိုင်သည်။သင့်အလုပ်နှင့် ကျောင်းတွင် အနှောင့်အယှက်ဖြစ်နို်င်ပါတယ်။စွမ်းဆောင်ရည်ကျနိုင်ပါတယ်။မတော်တဆမှုများဖြစ်််နိုင်ပါတယ်။အဝလွန်ခြင်းများနှင့်တွဲ၍ဖြစ်နိုင်ပါတယ်။အိမ်ထောင်ရေးသုခကျဆင်းနိုင်ပါတယ်။

ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းကိုကုသရန်လိုအပ်သည်။ဆေးဝါးများဖြင့်ကုသခြင်း၊လူနေမှုပုံစံပြောင်းလဲရန်လိုအပ်သည်။(အိပ်ချိန်သတ်သတ်မှတ်မှတ်ထားခြင်း၊နေ ့ခင်းဘက်တရေးတမောအိပ်ခြင်း၊အရက်နှင့် ဆေးလိပ်ရှောင်ခြင်း၊ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်းများပြုလုပ်ပေးပါ)


Translated by Khin JyuJyu Ko

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18