Print

Antibiotic associated diarrhea (ပဋိဆေးဝါးပိုးသတ်ဆေးများကြောင့် ဝမ်းပျက...

  09-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

ပဋိဇီဝပိုးသတ်ဆေးများသောက်နေစဉ် တစ်နေ ့ကို သုံးကြိမ်နှင့် အထက် ဝမ်းပျော့ပျော့ သို ့မဟုုတ် အရည်ဝမ်းများသွားခြင်းကိုခေါ်သည်။

  အများအားဖြင့် ဆေးသောက်စရာမလိုတတ်ပါ။ပိုးသတ်ဆေးရက်အပြည့်သောက်ပြီး ရက်အနည်းငယ်အကြာတွင် ပြန်ပျောက်သွားနိုင်ပါသည်။

   ဝမ်းသွားတာအရမ်းဆိုးလျှင် သောက်နေသောပိုးသတ်ဆေးကို ရပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြားဆေးတစ်မျိုးပြောင်းခြင်းကို ပြုလုပ်ရာမှာဖြစ်ပါတယ်။


လက္ခဏာများ

၁။ပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဆေးစသောက်သည့်ရက်မှစ၍ ၁ပတ်လောက်ထိကြာတတ်ပါတယ်။ထိုထက်ပို၍ ကြာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

၂။ ဝမ်းသွားခြင်းအပြင် C difficile ဟုခေါ်သော ဘက်တီးရီးယားပိုးဝင်ပါက ဗိုက်အောင့်ဗိုက်နာခြင်း၊ကိုယ်အနည်းငယ်နွေးခြင်း၊ပျို ့အန်ခြင်း၊အစားအသောက်ပျက်ခြင်းများလည်းရှိနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ကိုယ်ခန္ဓာ၏အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကောင်းကျိုးပြုဘက်တီးရီးယားပေါင်းများစွာရှိပါသည်။

ပိုးသတ်ဆေးများသည် ထိုဘက်တီးရီးယားများနှင့်ဆိုးကျိုးပေးသောအကောင်များ မျှခြေပျက်သွားစေသည်။

ထိုအခါ ဝမ်းလျှောဝမ်းပျက်ဖြစ်လာသည်။


အဖြစ်များဆုံးပိုးသတ်ဆေးများမှာ Cephalosporins (cefixime, cefpodoxime),Penicillins (amoxicillin,ampicillin)


ဖြစ်နိုင်ချေများသူများ

ပိုးသတ်ဆေးသောက်သောမည်သူမဆို ဖြစ်နိူင်ချေရှိသည်။ပို၍ဖြစ်နိုင်သောသူများမှာ----

၁။အရင်ကထိုသို ့ဖြစ်ဘူးသူများ

၂။ပိုးသတ်ဆေးများကို ကာလကြာရှည်စွာ စွဲသောက်နေသူများ

၃။ပိုးသတ်ဆေးတစ်မျိုးထက်ပို၍ သောက်နေရသူများ


နောက်ဆက်တွဲ ပြဿနာများ

 မည်သည့်ဝမ်းပျက်ဝမ်းလျှောခြင်းမဆို ရေဓာတ်ခန်းခြောက်ခြင်းနှင့် သတ္တုဓာတ်များဆုံးရှုံးခြင်းသည် အဖြစ်အများဆုံး နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သည်။ ပြင်းထန်လျှင် အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

လက္ခဏာများမှာ ပါးစပ်ခြောက်ခြင်း၊ ရေငတ်ခြင်း၊ ဆီးသွားနည်းခြင်း သို ့မဟုတ် ဆီးလုံးဝမသွားတော့ခြင်း၊ နှုုံးချိခြင်း၊ သတိလစ်မေ့မြောခြင်းများဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

 ရောဂါလက္ခဏာများပြင်းထန်လာလျှင် ဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရန်အတွက် ဆရာဝန်နှင့်သွားရောက်ပြသရန်လိုအပ်ပါသည်။


ကုသခြင်း

ရောဂါလက္ခဏာများမပြင်းထန်လျှင် ပိုးသတ်ဆေးရက်ပြည့်သောက်ပြီး ရက်အနည်းငယ်အတွင်းတွင် ပျောက်သွားနိုင်ပါသည်။

C difficile ပိုးဝင်သွားပါက ပိုးသတ်ဆေးသောက်ရမည်ဖြစ်သည်။


ကာကွယ်ခြင်း

၁။ပိုးသတ်ဆေးများကို လိုအပ်မှသာ သောက်ပါ။ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာသောက်ပါ။ပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သောရောဂါများအတွက်သာဖြစ်သည်။ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သောရောဂါများကို မပျောက်ကင်းနိုင်ပါ။(ဥပမာ-အအေးမိ၊တုပ်ကွေးဖြစ်ခြင်း)

၂။လူနာနှင့် လူနာကိုပြုစုသူများပါ လက်သန် ့ရှင်းရေး၊ တစ်ကိုယ်ရည်သန် ့ရှင်းရေးကို ဂရုစိုက်ပါ။

၃။ကုသပေးသည့် ဆရာဝန်ကို မိမိတွင် ပိုးသတ်ဆေးသောက်လျှင် ဝမ်းလျှောတတ်သည့် အကြောင်းကို ပြောပြထားပါ။တစ်ခါဖြစ်ထားဖူးသည့်လူတွင် နောက်တစ်ကြိမ်ထပ်ဖြစ်ရန် အခွင့်အလမ်းများသည်။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

၁။ရေများများသောက်ပါ။သစ်သီးဖျော်ရည်များ၊ ကြက်စွပ်ပြုတ်ရည်များလည်းသောက်နိုင်သည်။အရက်၊ကော်ဖီ၊ကိုလာနှင့် အခြားဓာတုပစ္စည်းများပါဝင်သည့် အရည်များကိုရှောင်ကြဉ်ပါ။

၂။ဝမ်းလျှောနေသည့်အချိန်တွင် ပျော့ပျောင်း၍ အစာကြေညက်လွယ်သည့် အစာများကိုစားသုံးပါ။အမျှင်ဓာတ်များသောအစာများဖြစ်သည့် ပဲအမျိုးမျိုးနှင့် အသီးအရွက်များကို လျှော့၍စားပေးပါ။

၃။Probiotics များသောက်ပေးပါ။


Translated by Khin JyuJyu Ko

Ref: Mayo clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18