Print

Haemorrhoids or Piles (လိပ်ခေါင်း)

  19-Nov-2016
Preview Image

 

လိပ်ခေါင်းဆိုသည်မှာ စအိုအတွင်း ထဲ သို့မဟုတ် စအိုပေါက်ဝတွင် သွေးပြန်ကြောများ သွေးများပြည့်ကာ ဖောင်းနေခြင်းကိုဆိုလိုပါသည်။

 

လိပ်ခေါင်းအမျိုးအစားအဆင့်ဆင့်
အဆင့် ၁- စအို၏အတွင်းပိုင်းတွင်သာ သွေးကြောဖောင်းခြင်း၊ ပြင်ပမှ မမြင်ရပါ။
အဆင့် ၂- အဆင့် ၁တွင်ဖြစ်သော အလုံးထက်ပို၍ ကြီးပြီး အိမ်သာသွားလျှင် အပြင်သို့ထွက်လာခြင်း။
အဆင့် ၃- စအိုပြင်ပသို့ အမြဲတမ်းသွေးကြောလုံးထွက်နေခြင်း။လက်နှင့်ပြန်သွင်းလျှင် ပြန်ဝင်သေးသည်။
အဆင့် ၄- စအိုပြင်ပသို့ အမြဲတမ်း သွေးကြောလုံးထွက်နေခြင်းအပြင် ပြန်သွင်းပါကလည်း မဝင်တော့ပေ။

 

လက္ခဏာများ
- ဝမ်းသွားပြီးနောက် သွေးပါခြင်း
- စအိုဝယားခြင်း
- စအိုပေါက်ဝမှ အလုံးထွက်နေခြင်း
- ဝမ်းသွားပြီးနောက် အလုံးကိုပြန်တင်ရခြင်း
- ဝမ်းသွားလျှင် ချွဲပါခြင်း
- စအိုဝပတ်လည်တွင် ပူခြင်း၊ နာခြင်း။
လိပ်ခေါင်းမှ သွေးထောက်ပံ့မှုမပြတ်တောက်လျှင် မနာကျင်တတ်ပါ။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
တိတိကျကျဖြစ်ပွားစေသောအကြောင်းဟူ၍ ရှင်းလင်းစွာမရှိပါ။ စအိုပတ်လည်တွင်ရှိသော သွေးကြောများတွင်း ဖိအားတက်သည့်အတွက်ကြောင့် သွေးကြောများ ရောင်ရမ်းခြင်းကိုဖြစ်စေသည်။
- အများဆုံး ဖြစ်ပွားစေသော အကြောင်းရင်းမှာ ဝမ်းချုပ်တတ်သူများတွင် တွေ့ရတတ်သည်။
- ထို့အပြင် ကြာရှည်စွာ ဝမ်းလျှောနေသောသူများတွင်လည်း လိပ်ခေါင်းဖြစ်ရန် အလားအလာများပေသည်။

 

ဖြစ်နိုင်ချေများသူများ
- အဝလွန်သူများး
- အသက်ကြီးသူများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- မျိုးရိုးထဲတွင် လိပ်ခေါင်းရောဂါရှိခြင်း
- အလေးအပင်မသူများ
- နာတာရှည်ချောင်းဆိုးနေသူများ၊
- မကြာခဏအန်သူများ
- တာရှည်စွာ အထိုင်များသူများ

 

စစ်ဆေးမှုများ
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း ( လူအများသည် ဆရာဝန်နှင့် သွားရောက်ပြသပြီး စစ်ဆေးမှုခံယူရမည်ကို ရှက်ရွံ့နေတတ်ကြသည်။ ရှက်စရာဟုမယူဆဘဲ မိမိခံစားနေရသည်များကို ပွင်းလင်းစွာပြောပြ တိုင်ပင်ပြီး စမ်းသပ်မှုခံယူသင့်ပါသည်။)
စမ်းသပ်မှုများအနေဖြင့်-
Digital rectal examination- စအိုထဲသို့လက်ထဲ့ပြီးစမ်းသပ်ခြင်း
(ချောဆီဖြင့် လက်အိတ်ဝတ်ကာ စမ်းသပ်ခြင်းဖြစ်သည့်အတွက် ကသိကအောက်ဖြစ်သည်မှလွဲ၍ နာကျင်ခြင်းမရှိပါ)
Protoscopy- စအိုတွင်းထဲပစ္စည်းဖြင့်စမ်းသပ်ခြင်း

 

ကုသခြင်း
- အစားအသောက်ပြောင်းလဲခြင်းနှင့် အိမ်သာသွားလျှင် မညှစ်ရဘဲနေခြင်း စသည့်လုပ်ဆောင်ချက်သည် အရေးအပါဆုံးဖြစ်သည်။
- လိမ်းဆေးခရမ်များ၊ စအိုထဲထည့်ဆေးတောင့်များကိုလည်း အလွယ်တကူအသုံးပြုနိုင်ပါသည်။
- မည်သည့်ကုသနည်းဖြင့် ကုရမည်ဆိုသည့်အချက်သည် မိမိတွင်ဖြစ်နေသော လိပ်ခေါင်းအဆင့်ပေါ်မူတည်သည်။
- အစားအသောက်ပြောင်းလဲခြင်း- ဝမ်းချုပ်သောကြောင့် ဝမ်းညှစ်ရခြင်းသည် လိပ်ခေါင်းဖြစ်စေသော အဓိကအကြောင်းအရင်းတွင် ပါဝင်သည်။ ထို့ကြောင့်ဝမ်းပျော့စေရန် ရေများများသောက်ပါ။ အမျှင်ဓာတ်ပါသော အသီးအရွက်များများစားပါ။
ဆေးဝါးဖြင့်ကုသခြင်း
- ဆေးအနေခြင့်- နာကျင်မှုသက်သာစေရန် စတီးရိုက်လိမ်ဆေးများ၊ အနာသက်သာဆေးများ၊ နှင့် ဝမ်းပျော့စေရန် ဝမ်းပျော့ဆေးများသုံးနိုင်သည်။
- ခွဲစိတ်နည်းဖြင့်ကုသခြင်း 
- ခွဲစိတ်နည်းမဟုတ်သော အခြားနည်းလမ်းများအနေဖြင့် 

• သားရေကွင်းပစ်ခြင်း (Banding)၊ 
• ဆေးထိုး၍ ဖောင်းနေသောသွေးကြော အားရှုံ့သွားအောင်ပြုလုပ်ခြင်း (Sclerotherpy)
• လျှပ်စစ်ဖြင့်ကုသခြင်း (Electrotherapy)

 

ကာကွယ်ခြင်း
- ရေများများသောက်ပါ။
- ဝမ်းမချုပ်အောင်နေထိုင်ပါ။
- အမျှင်ဓာတ်ပါသော အစားအစာများများစားပါ။
- ကိုယ်အလေးချိိန်လျော့ချပါ။

 

Ref: NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18