Print

Febrile Seizure (အပူကြီး၍ တက်ခြင်း)

  27-Oct-2016
Preview Image


အပူကြီး၍တက်ခြင်းကို ကလေးအယောက် ၂၀ တွင် တစ်ယောက်နှုန်းတွေ့ရသည်။ အသက် ၆လမှ ၃နှစ်အတွင်း ကလေးများတွင် အဖြစ်များပြီး အများအားဖြင့် မပြင်းထန်ကြပါ။ အပူကြီးပြီးတက်လျှင် တကိုယ်လုံးတောင့်တင်းပြီး ခြေလက်များကောက်ကွေးသွားတတ်သည်။ တခါတရံ သတိပါလစ်သွားတတ်ပါသည်။ ယောကျာ်းလေးများတွင် ပို၍ အဖြစ်များသည်။



လက္ခဏာများ

- ကလေးအသက် ၆လ နှင့် ၅နှစ်အတွင်းဖြစ်ခြင်း
- ဖျားပြီး ၂၄နာရီအတွင်းတွင် တက်ခြင်း
- အဖျား ၃၉ ဒီဂရီနှင့် အထက်ရှိခြင်း
- တကိုယ်လုံးတောင့်တင်း၍ တက်ခြင်း။ (လက်၊ခြေတဖက်တည်း၊ ကိုယ်တခြမ်းတည်း တက်ခြင်းမျိုး မဟုတ်ပါ)
- တက်သည့်စုစုပေါင်းကြာချိန် ၁၅မိနစ်ထက်မပိုခြင်း
- တက်ပြီးလျှင်လည်းအိပ်ချင်သလို ဖြစ်နေတတ်ပြီး အိပ်ပျော်၍နိုးလာလျှင် မှိန်းနေခြင်း၊ ကိုယ်လက်များမလှုပ်ရှားနိုင်ခြင်း မရှိဘဲ အကောင်းအတိုင်း ဆော့နိုင် သွားနိုင်ခြင်း
- မိသားစုတွင် အဖျားကြီး၍တက်ဖူးသူရှိခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ
- ရေဓာတ်ခန်းခြောက်ခြင်း၊ တုပ်ကွေးဖျားနာ၊ နားပိုး ဝင်ခြင်းနှင့် အာသီးရောင်ခြင်း တို့ကဲ့သို့သော ရောဂါများကြောင့် ကိုယ်အပူချိန် ၁၀၀.၄ ဖာရင်ဟိုက် (၃၈ ဒီဂရီ ဆဲလ်ဆီးရပ်စ် ) ထက်ကျော်အောင် ဖျားခြင်း
- မိသားစုဆွေမျိုးများထဲတွင် အပူကြီး၍ တက်တတ်သူရှိခြင်း (မျိုးရိုးလိုက်ခြင်း)
- အလွန်ရှားရှားပါးပါးအနေဖြင့် ကလေးအချို့တွင် ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း တက်တတ်ပါသည်။



စစ်ဆေးမှုများ
အပူကြီး၍တက်ခြင်းနှင့် ရောဂါတခုခုကြောင့်တက်ခြင်းတို့ကို ခွဲခြားနိုင်ရန် ရောဂါလက္ခဏာများကို သေချာစွာ စောင့်ကြည့်ရန်လိုအပ်ပါသည်။
အပူကြီး၍တက်ခြင်းမှာ အန္တရာယ်မရှိနိုင်သော်လည်း ရောဂါတခုခုကြောင့် တက်ခြင်းဖြစ်ပါက စိုးရိမ်ရသောကြောင့် သွေးစစ်ခြင်း၊ ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ ခါးရိုးဆစ်မှလိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။

ကုသခြင်း
- ကလေးငယ်များတက်လျှင် အသက်ရှူလမ်းကြောင်း မပိတ်စေရန် တဖက်သို့ စောင်း၍ထားပါ။
- ဘေးတွင် ထိခိုက်မိနိုင်သောအရာများရှိပါက ဖယ်ရှားပေးပါ။
- တက်နေစဉ် လက်နှင့် အခြားပစ္စည်းများ ပါးစပ်ထဲသို့မထည့်ရ။ ဆေးမတိုက်ရ။
- တက်သည့်ကြာချိန်ကို မှတ်သားထားရမည်။
- ပထမဆုံးအကြိမ်တက်ခြင်း၊ ၅မိနစ်ထက်ပိုကြာအောင်တက်ခြင်းတို့ဖြစ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါသည်။
- အပူကြီး၍တက်တတ်ပါက ဖျားလျှင်အပူမကြီးအောင် ပါရာစီတမောကဲ့သို့သော အဖျားကျဆေးတိုက်ပါ။
- ရေပတ်တိုက်ပေးပါ။ ပွပွချောင်ချောင် အဝတ်အထည်များကို ဝတ်ပေးပါ။
- ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ရန် ရေများများတိုက်ပါ။
- အသက် ၁၈လအောက် အရွယ်တွင် အပူကြီး၍ တက်ဖူးသူများနှင့် မိသားစုတွင် အတက်ရောဂါမျိုးရိုးရှိသူများမှာ မကြာခဏ ပြန်တက်နိုင်ပါသည်။


Ref: NHS choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18