Print

Dementia (သတိမေ့ခြင်း)

  26-Oct-2016
Preview Image

Dementia ရောဂါသည် မှတ်ဉာဏ် ချို့ယွင်းခြင်း၊ စဉ်းစားတွေးခေါ်ဉာဏ် လျော့နည်းလာခြင်းဖြစ်ပြီး နေ ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်သည်အထိ လူမှုဆက်ဆံရေးအား အနှောင့်အယှက် ပေးနိုင်ပါသည်။

လက္ခဏာများ
Dementia ၏ လက္ခဏာများသည် ဖြစ်ပွားစေသော အကြောင်းရင်းကို လိုက်၍ ပြောင်းလဲတတ်သော်လည်း အဖြစ်များသော လက္ခဏာများမှာ

(၁) သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများ
. မှတ်ဉာဏ် ချို ့ယွင်းလာခြင်း
. အများသူငါနှင့် စကားပြောဆိုရာ၌ အခက်အခဲ ဖြစ်လာခြင်း
. ရှုပ်ထွေးသော ကိစ္စများအား မလုပ်ကိုင်နိုင်ခြင်း
. အစီအစဉ်ဆွဲခြင်းနှင့် စီမံခန် ့ခွဲခြင်းများတွင် အခက်အခဲဖြစ််ခြင်း
. မကြာခဏ လမ်းပျောက်တတ်ခြင်း

(၂) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
. ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲလာခြင်း
. အကြောင်းပြချက်များ မပေးနိုင်ခြင်း
. မလျော်ညီသော အမူအကျင့်များ ပြုလုပ်မိခြင်း
. စိုးရိမ်ကြောင့်ကြမှု များခြင်းနှင့်
. ကယောင်ကတမ်း ဖြစ်ခြင်း တို ့ဖြစ်ပါသည်။

ဖြစ်ပွားရသောအကြောင်းရင်းများ
Dementia ရောဂါသည် ဦးနှောက်တွင် ရှိသော အာရုံကြောဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ ဖြစ်ပွားစေသော အကြောင်းရင်းများမှာ
- Alzheimer’s disease ( အယ်လ်ဇိုင်းမားရောဂါ)
- Vascular dementia 
- Lewy body dementia
- Frontotemporal dementia
- Huntington’s disease
- Traumatic brain injury
- Parkinson’s disease များ ဖြစ်ပါသည်။ 

ဖြစ်နိုင်ချေများသူများ
Dementia ရောဂါသည်
. အသက်အရွယ် ကြီးရင့်သူများ
. မျိုးရိုးတွင် Dementia ရောဂါ ရှိသူများ
. Down syndrome ရှိသူများတွင် ဖြစ်နိုင်ချေများပြီး အခြား Risk factors များဖြစ်သော
. အရက် အလွန်အကျွံ သောက်ခြင်း
. သွေးကြောတွင်းအဆီစု ( Artherosclerosis ) ရောဂါ ရှိသူများ
. သွေးတိုးရောဂါ(သို ့) သွေးပေါင်ကျရောဂါ ရှိသူများ
. ကိုလက်စထရော များနေသူများ
. စိတ်ကျရောဂါ ခံစားနေရသူများ
. ဆီးချိုရောဂါရှင်များ
. သွေးဆုံးပြီးနောက် “မ”ဟော်မုန်းဆေး သောက်သူများ
. အဝလွန်သူများ နှင့်
. ဆေးလိပ်သောက်သူများတွင်လည်း အဖြစ်များတတ်ပြီး ထိုအချက်များကို ရှောင်ကြဉ်ခြင်းဖြင့် သတိလက်လွတ်ဖြစ်ခြင်းကို လျော့ကျစေနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
Dementia ၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် 
. အစာစားရန် မေ့လျော့လာသောကြောင့် အာဟာရ ချို့တဲ့လာခြင်း
. တစ်ကိုယ်ရည် သန် ့ရှင်းရေး နည်းပါးလာခြင်း
. ဆေးသောက်ရာ၌ အခက်အခဲရှိခြင်း
. စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာခြင်း
. ကယောင်ကတမ်းများ ဖြစ်လာခြင်း
. အိပ်စက်ခြင်း၌ အခက်အခဲဖြစ်ခြင်းနှင့် 
. အနားတွင် စောင့်ရှောက်ရန် လူလိုအပ်ခြင်း တို ့ဖြစ်စေနိုင်ပါသည်။

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
Dementia ရောဂါသည် အချိန်ကြာမြင့်လာသည်နှင့် အမျှ ပိုဆိုးလာနိုင်သည့်အတွက် ဆရာဝန်ထံသို ့ စောစီးစွာ သွားရောက်ပြသသင့်ပေသည်။

စစ်ဆေးမှုများ
ရောဂါကို တိကျစွာ သိရှိနိုင်ရန် ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် CT scan ၊MRI scan ရိုက်ခြင်း၊ သွေးစစ်ခြင်းများနှင့် စိတ်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးရမည် ဖြစ်သည်။

ကုသခြင်း
Dementia ရောဂါ အများစုကို ကုသ၍ မပျောက်ကင်းနိုင်သော်လည်း 

- လက္ခဏာများ သက်သာအောင် ဆေးများပေးခြင်း
- ကျွမ်းကျင် ပညာရှင်များက Occupational therapy ခေါ် နေ ့စဉ်လူနေမှု ဘဝ၌ အဆင်ပြေစေရန် အမူအကျင့်များအား လမ်းညွှန်ကုသပေးခြင်းများဖြင့် ကုသနိုင်ပါသည်။

ကာကွယ်ခြင်း
Dementia ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန် တိကျသော နည်းလမ်းများ မရှိသော်လည်း အောက်ပါအချက်များ ဖြစ်သော
- စိတ်ကို တက်ကြွအောင် ထားပေးခြင်း
- ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွအောင် နေခြင်း
- လူမှုဆက်ဆံရေး အဆင်ပြေအောင် နေခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- သွေးတိုးရောဂါ ရှိလျှင် စနစ်တကျ ဆေးကုသမှု ခံယူခြင်း
- အတန်းပညာများ မြင့်သထက်မြင့်အောင် သင်ယူခြင်းနှင့်
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားပေးခြင်းတို ့ကို လုပ်ဆောင်ပေးခြင်းဖြင့် Dementia ရောဂါက်ို ကာကွယ်နိုင်ပါသည်။

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18