Print

Breast Cancer (ရင်သားကင်ဆာ)

  26-Oct-2016
Preview Image

ရင်သားကင်ဆာဆိုသည်မှာ ရင်သားဆဲလ်များမှ ကင်ဆာဖြစ်ခြင်းဖြစ်သည်။

လက္ခဏာများ
- ရင်သား အလုံးအကျိတ်ပေါ်လာခြင်း
- နို့သီးခေါင်းမှ သွေးအရည်ထွက်ခြင်း
- ရင်သား၏ ပုံစံပြောင်းလဲလာခြင်း
- ရင်သား အရေပြားပြောင်းလာခြင်း။ ဥပမာ- အရေပြားပေါ်တွင် အချိုင့်များပေါ်လာခြင်း
- နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း
- နို့သီးခေါင်းနှင့် အရေပြားပတ်လည်တွင် အဖတ်များကွာခြင်း
- ရင်သားအရေပြားနီရဲခြင်း၊ ချိုင့်ဝင်ခြင်းတို့ကြောင့် လိမ္မော်သီးအခွံကဲ့သို့ ဖြစ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားစေသောအကြောင်းရင်းမှာ ရှင်းလင်းတိကျစွာမရှိပါ။

မျိုးရိုးဗီဇပါ ပါက ဖြစ်ပွားနိုင်ချေရှိသည်။

ဖြစ်နိုင်ချေများသူများ
- အမျိုးသမီးများ
- အသက်ကြီးခြင်း
- ရင်သားကင်ဆာ တစ်ဖက်ဖြစ်ဖူးလျှင် နောက်တစ်ဖက်လည်းဖြစ်နိုင်သည်။
- မျိုးရိုးရှိခြင်း
- မွေးရာပါ ရင်သားကင်ဆာဖြစ်စေနိုင်သည့် မျိုးရိုးဗီဇ ပါလာခြင်း
- ဓာတ်ရောင်ခြည်ထိတွေ့နေရသူများ
- အဝလွန်ခြင်း
- အပျိုဖော်ဝင်ချိန်စောခြင်း
- သွေးဆုံးချိန်နောက်ကျခြင်း
- ကိုယ်ဝန်မဆောင်ခြင်း
- အသက်ကြီးမှကလေးရခြင်း
- ကလေးနို့မတိုက်ခြင်း
- သွေးဆုံးပြီးနောက် ဟော်မုန်းကုသမှုခံယူနေခြင်း
- အရက်သောက်ခြင်း

စစ်ဆေးမှုများ
- ဆရာဝန်မှ ရင်သားစမ်းသပ်ခြင်း
- ရင်သားဓာတ်မှန်ရိုက်ခြင်း ( Mammogram)
- ရင်သား အာထရာဆောင်းရိုက်ခြင်း ( Breast ultrasound)
- အကျိတ်ရှိရာနေရာကို အသားစယူ၍ စစ်ဆေးခြင်း
- ရင်သားသံလိုက်ဓာတ်မှန်ရိုက်ခြင်း
- ရင်သားကင်ဆာ အဆင့်ခွဲစမ်းသပ်နည်းများပြုလုပ်ခြင်း

ကုသခြင်း
Surgery - ရင်သားအကျိတ်အားခွဲစိတ်ကုသခြင်း( ရင်သားကင်ဆာ၏ အဆင့်ပေါ်မူတည်၍ ခွဲစိတ်မှုကွာခြားနိုင်သည်)
Chemotherapy - ကင်ဆာဆေးသွင်း၍ ကုသခြင်း
Radiation therapy - ဓာတ်ကင်ကုသခြင်း
Hormonal therapy - ဟော်မုန်းဆေးများဖြင့်ကုသခြင်း

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18