Print

Asthma ( ပန်းနာရင်ကျပ်ရောဂါ )

  26-Oct-2016
Preview Image

ပန်းနာရင်ကျပ်ရောဂါ ဆိုသည်မှာ ချွဲထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။

လက္ခဏာများ
- အသက်ရှူမြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရကျပ်ခြင်းကြောင့် အိပ်မရခြင်း
- တရွီှရွှီ အသံမြည်ခြင်း
- ချောင်းဆိုးခြင်း
- ချွဲကျပ်ခြင်း

အမျိုးအစားများ
. Exercise induced asthma - ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးသောအခါ ကျပ်ခြင်း၊
. Occupational asthma - လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကြောင့် ကျပ်ခြင်း၊
. Allergy induced asthma - ဓာတ်မတည့်သောအရာများ ရှူမိ၊ စားမိ၊ ထိတွေ့မိသောအခါ ကျပ်ခြင်း၊

ဖြစ်ပွားရသော အကြောင်းရင်းများ
အကြောင်းရင်း အတိအကျ မရှိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးတို့ပေါ် မူတည်၍ ခုခံအား ပြောင်းလဲမှုများကြောင့် ဖြစ်ပွားနိုင်သည်။


မိမိနှင့် ဓာတ်မတည့်သည့် အရာများနှင့် ထိတေ့ွပါက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
ဥပမာ - ပန်းဝတ်မှုံ၊ တိရိစာၦန်အမွေးများ၊ မှိုမှုန့် ၊ ဖုန်မ့ှုန်များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေအငွေ့များနှင့် ထိတွေ့ခြင်း
- အအေးမိ ဖျားနာခြင်း
- လေအေးနှင့် ထိတွေ့ခြင်း
- ပြင်းထန်စွာ လှုပ်ရှားမှု ပြုလုပ်ခြင်း၊
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်လျှင် ဥပမာ - စိတ်ဆိုးဒေါသဖြစ်ခြင်း။

ဖြစ်နိုင်ချေများသူများ
. မိဘ၊ သို့မဟုတ် ဆွေမျိုးသားချင်းထဲတွင် ပန်းနာရင်ကျပ်ရောဂါ ရှိလျှင်။
. ဓာတ်မတည့် နှာစေးခြင်း၊ ဓာတ်မတည့် အရေပြား ယားယံခြင်းများ ရှိလျှင်။
. ကိုယ်အလေးချိန် များလျှင်။
. မိမိကိုယ်တိုင် ဆေးလိပ်သောက်သူဖြစ်လျှင် သို့မဟုတ် ဆေးလိပ်ငွေ့များနှင့် အမြဲထိတွေ့နေရလျှင်။
. မည်သည့်အရာနှင့် ဓာတ်မတည့် ဆိုသည့် အချက်များသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

နောက်ဆက်တွဲ ပြဿနာများ
ပန်းနာရင်ကျပ် လက္ခဏာများ ခံစားရသည့်အတွက် အလုပ်ပျက်၊ ကျောင်းပျက်ခြင်း၊ ရောဂါအတွက် ဆေးများ စွဲသောက်ရခြင်းကြောင့် ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

စစ်ဆေးမှုများ
ဆရာဝန်မှ စမ်းသပ်ခြင်းများ အပြင်
- Spirometry - မိမိ၏အဆုတ် လုပ်ငန်းဆောင်တာ ကောင်းမကောင်း စစ်ဆေးခြင်း
- Peak expiratory flow rate- PEFR ဖြင့် စစ်ဆေးခြင်း
- CXR (chest X-ray) - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း
- သွေးစစ်ခြင်း
- Allergy test - ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို ့ပြုလုပ်နိုင်ပါသည်။

ပန်းနာရင်ကျပ်ရောဂါ အဆင့်ဆင့်
. Mild intermittent - မပြင်းထန်သော ပန်းနာရင်ကျပ် လက္ခဏာ တစ်ပတ်လျှင် ၂ ရက်နှင့် ၁ လလျှင် တစ်ရက် ခံစားရခြင်း။
. Mild persistent - တစ်ပတ်လျှင် ၂ ကြိမ်၊ သို့သော် တစ်ရက်လျှင် တစ်ကြိမ်ထက် မပိုရပါ။
. Moderate persistent - တစ်နေ့လျှင်တစ်ကြိမ် နှင့် တစ်ပတ်လျှင်တစ်ညထက် ပိုပြီးခံစားရခြင်း။
. Severe persistent - နေ့တိုင်းနီးပါး ရောဂါလက္ခဏာ ခံစားရခြင်း။

ကုသခြင်း
ကုသခြင်းတွင် မိမိနှင့် မတည့်သောအရာအား သိအောင်ပြုလုပ်၍ ရှောင်ကြဉ်ရမည်။ မတည့်သောအရာနှင့် ပြန်လည်ထိတွေ့ပါကလည်း ပြန်ဖြစ်တတ်သည်။ ဖြစ်ပေါ်ပါက ဆေးသောက်၊ ဆေးရှူခြင်း ပြန်လည်ပြုလုပ်ရမည်။ 
ကုသခြင်းနည်းလမ်းတွင် လူနာ၏ ဖြစ်စဉ်၊ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသရသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

အိမ်တွင်းကုထုံးနှင့် လူနေမှုပုံစံပြောင်းလဲခြင်း
. ပန်းနာရင်ကျပ်ခြင်းအတွက် ဆေးဝါးဖြင့် ကုသနေရုံ သာမက လူနေမှုပုံစံကိုပါ ပြောင်းလဲသင့်ပါသည်။
. လေအေးပေးစက် အဲကွန်းဖြင့် နေထိုင်ခြင်း - ထိုသို့ နေထိုင်ခြင်းအားဖြင့် သန့်စင်နေသည့်အတွက် ဖုန်၊ အမှုန်များကို ရှူရှိုက်မိခြင်းမှ သက်သာစေသည်။
. မိမိ၏အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ်များနှင့် အိပ်ယာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရမည်။
. တိရိစာၦန် အမွေးများနှင့် မတည့်ပါက မထိတွေ့အောင်ရှောင်ပါ။
. လေအေးသို့မဟုတ် ခြောက်သွေ့သောလေနှင့် ထိတွေ့ပါက ရင်ကျပ်တတ်လျှင် နှာခေါင်းစည်း ဝတ်ထားပါ။

Ref : Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18