Print

မှန်ကန်သောခေါင်းလျှော်နည်း (Shampooing Your Hair)

  21-Oct-2018
Preview Image


• ခေါင်းလျှော်ရာမှာ ရေပန်းနဲ့ဖြစ်စေ၊ ရေခွက်နဲ့ဖြစ်စေ ဆံပင်ပေါ်မှာရေလောင်းတဲ့နည်းဟာ အကောင်းဆုံးပါပဲ။

• ခေါင်းလျှော်ရည်ကို အမြှပ်ထွက်အောင်လျှော်ပါ။ ဒီဆပ်ပြာအမြှပ်ကမှှဆံပင်မှာ တွယ်ကပ်နေတဲ့အညစ်အကြေးနဲ့ အဆီပိုတွေကိုဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ ဆပ်ပြာအမြှပ်နဲ့ဦးရေပြားကို အစသာအယာ နှိပ်နယ်ပေးပါ။

• လက်သည်းအရှည်ကြီးများနဲ့ ဦးရေပြားဆံပင်သားကို ကုတ်ခြစ်ပြီး လျှော်ခြင်း

မျိုးကိုရှောင်ပါ။ ဆံပင်သားများဆံပင်သားများ လုံးထွေးခြင်းနှင့်အတူ ပြတ်ထွက်၊ ကျွတ်ထွက်ခြင်းများ ဖြစ်စေလို့ပါ။

• ခေါင်းလျှော်ရာမှာ ဆံပင်သားကို ပွတ်ချေတာမျိုးမလုပ်ဘဲ ဦးရေပြားကို အသာအယာ နှိပ်နယ်ပြီး ဆံပင်အရင်းမှ အဖျားထိ ဆပ်ပြာအမြှပ်ဖြင့်  နေရာနှံ့အောင် လက်ဖြင့်ပွတ်သပ်ပေးရုံဖြင့်ရပါတယ်။

• ရေနဲ့ဆေးချတဲ့အခါမှာတော့ ဆပ်ပြာအမြှပ်များ ကုန်စင်အောင်လျှော်ပေးပါ။ ဆပ်ပြာရည်မစင်တဲ့အခါ ခေါင်းလျှော်ရည်တွင်ပါဝင်သည့် ဓာတုဆေးများက ဆံသားကိုပျက်ဆီးစေလို့ပါ။

• ခေါင်းလျှော်ပြီးတဲ့ အခါမှာလည်း မျက်နှာသုတ်ပဝါနဲ့ ခပ်ကြမ်းကြမ်းမသုတ်ဘဲ ဆံပင်မှရေများကိုအသာညစ်လိုက်ပြီး ငါးမိနစ်ခန့်မျက်နှာသုတ်ပဝါဖြင့်ပတ်ထားပေးပါ။

 

Credit : နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18