Print

ငါးမျက်စိ

  21-Sep-2018
Preview Image

ဘယ်လိုလူတွေမှာ အဖြစ်များလဲ ??

  ငါးမျက်စိ အဖြစ်များတဲ့ အုပ်စု ( ၃ ) စု ရှိပါတယ်။

၁ ။ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များ

၂ ။ လိင်ဆက်ဆံဖက်များသူများ

၃ ။ ကိုယ်ခန္ဓာ ခုခံအားနည်းသူများ ( HIV ပိုးရှိသူများ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေသူများ )

ဘာကြောင့်ဖြစ်တတ်တာလဲ ??

 Molluscum Contagiosum Virus ( MCV ) ကူးစက်ခံရလို့ ငါးမျက်စိဆိုတဲ့ အဖုလေးတွေ ဖြစ်လာရတာပါ။


ဘယ်လိုကူးစက်လဲ ??

ငါးမျက်စိ ကူးစက်ပုံကတော့

၁။ တိုက်ရိုက်ထိတွေ့ခြင်း - ရောဂါရှိသူနဲ့ အသားခြင်းထိမိခြင်း

၂။ ရောဂါရှိသူရဲ့ တဘက်၊ ပုဝါ၊ အဝတ်အစား၊ အရုပ်တို့နဲ့ ထိတွေ့မိခြင်း

  သင်ဟာ MCV ကူးစက်ခံရပြီး အရေပြားမှာ ငါးမျက်စိတွေ ပေါ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပါ ကူးစက်နိုင်တယ်နော်။ ငါးမျက်စိဟာ အရမ်းကူးစက်လွယ် ပါတယ်။ အတူတူဆော့ကစားတတ်တဲ့ ကလေးတွေ၊ အရုပ်တွေနဲ့ အတူတူမျှဝေကစားတတ်တဲ့ ကလေးတွေမှာ ပိုပြီးကူးစက်လွယ်တာပေါ့။ ကံကောင်းတဲ့သူတွေကတော့ MCV ကိုခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ခံနိုင်ရည်ရှိနေတော့ MCV မကူးစက်ခံရနိုင်ဘူး။ ငါးမျက်စိ မဖြစ်နိုင်တော့ဘူးပေါ့။


ငါးမျက်စိဆိုတာ ဘယ်လိုလဲ ??

  ငါးမျက်စိရဲ့ အဖြစ်များတဲ့ ပုံစံကတော့ အရေပြားမှာ မာနေတယ်။ထိခိုက်မိရင် နာတယ်။ အဖုသေးသေးလေးပေါ်လာတာပဲနော်။ အဖုလေးတွေဟာ ငါးမျက်စိတွေဟာ တစ်နေရာထဲ စုပြုံပြီး ပေါ်ရင်ပေါ်လာမယ်။ ဒါမှမဟုတ်ရင်လည်း ခန္ဓာကိုယ်အန့ှံမှာ အဖုလေးတွေပေါ်လာနိုင်တယ်လေ။ ၂ - ၆ မီလီမီတာလောက်ပဲရှိတဲ့ အဖုလေးတွေဟာ အလယ်မှာ မီးခိုးရောင် အူတိုင်ရှိတတ်ပြီး ပုလဲလို ရောင်ပြေးလေးရှိတတ်ပါတယ်။ အဖုလေးတွေက ပေါက်သွားတဲ့အခါ ဝါကြန့်ကြန့်အနှစ်လေးတွေ ထွက်လာတတ်ပါသေးတယ်။ အဲဒါလေးမှာ MCV ပါတော့ ထိမိရင်ကူးနိုင်တာပေါ့။ကလေးတွေမှာဆိုရင် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ ငါးမျက်စိတွေဖြစ်တတ်ပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ပေါင်ခြံ၊ ဗိုက်၊ မျိူးပွားအဂါၤတွေနဲ့ ပေါင်တွေမှာ ဇြစ်တတ်ပါတယ်တဲ့။ လက်ဖဝါး၊ ခြေဖဝါး၊ မျက်ခွံတွေနဲ့ ပါးစပ်ထဲမှာတောင် ရှားရှားပါးပါး ပေါက်တတ်သေးတယ်တဲ့နော်။ 


ပတ်ကနေ ၁၂ ပတ်အတွင်းမှာ အဖုလေးတွေက သူ့အလိုလိုခြောက်ပြီးကောင်းသွားတတ်ပါတယ်။ အဲလို အဖုလေးတွေ ပျောက်တော့မယ်အချိန်မှာတော့ နီပြီး နဲနဲရောင်နေ တတ်တယ်။ အမာရွတ်တော့ မကျန်နိုင်ပါဘူး ။ ဒါပေမယ့် အရာလေးတွေတော့ ကျန်ခဲ့တတ်တယ်နော်။ MCV ဟာ အရေပြားတလျှောက် ပျံနှံ့တတ်တော့ အဖုတစ်ခုက ပျောက်တော့မယ့်အချိန်မှာ နောက်တစ်ဖုက ပေါ်လာတတ်ပါတယ်။ အဲဒီလိုပဲ ငါးမျက်စိလေးတွေဟာ MCV ရဲ့ အစွမ်းမကုန်မချင်းပေါ်လိုက် ပျောက်လိုက်ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့်တော့ ၁ နှစ်ခွဲအတွင်းမှာ လုံးဝအမြစ်ပြတ်ပျေက်သွားနိုင်ပါတယ်။ ဘာမှ ကုစရာမလိုပဲနဲ့ပေါ့။

  

လူ ၁၀ ယောက်မှာ ၁ ယောက်လောက် ဖြစ်တတ်တာကတော့ ငါးမျက်စိအဖုလေးတွေနားမှာ နှင်းခူ ဖြစ်လာတတ်တာပါပဲ။ နှင်းခူဖြစ်ပြီဆိုရင် အရေပြားဟာ ယားတယ်။ နီရဲနေတယ်။ အသားခြောက်ပြီး အက်ကွဲတာ၊ အရေပြားက အဖတ်လေးတွေကွာတာတွေ ဖြစ်နိုင်တယ်နော်။ အရင်ထဲက နှင်းခူဖြစ်တတ်တဲ့ သူတွေမှာ ပိုဖြစ်လွယ်တာပေါ့။လုပ်ပေးရမှာပါ။


 ငါးမျက်စိကို ကုသနိုင်တဲ့ လိမ်းဆေးတွေလည်း ရှိပါတယ်။ တကယ်တော့ အဲဒီဆေးတွေက ဝက်ခြံ၊ကြွက်နို့စတာတွေကို ကုဖို့ထုတ်ထားတဲ့ ဆေးတွေပါ။ ဒါပေမယ့် ငါးမျက်စိကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လေ။ အဲဒီဆေးတွေက ပြင်းတော့ ကလေးတွေအတွက်မသင့်တော်သလို လူကြီးတွေသုံးမယ် ဆိုရင်တောင် ဆေးရဲ့ပမာဏနဲ့ လိမ်းပုံလိမ်း နည်းတွေ သိဖို့လိုသေးတာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာတာပဲ အကောင်းဆုံးနော်။


ဘယ်လိုကာကွယ်ရမလဲ??

  ငါးမျက်စိဟာ ကူးစက်လွယ်ပါတယ်။ ကိုယ်ခံအား ကောင်းအောင်သာ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး တကိုယ်ရည်သန့်ရှင်းရေးလည်း ယားရင်လည်းသွားမကုတ်ပါနဲ့ ။ အဲလို သွားကုတ်မိရင် MCV တွေသင့်အရေပြားမှာ ပြန့်နှံ့စေပြီး ပျောက်ဖို့ ပိုပြီး ကြာနိုင် တယ်နော်။ တကယ်လို့ အဖုလေးတွေက မနေနိုင်အောင် ယားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ/


 ရှောင်ရှားရန်  

ရောင်ရမ်းမှု ကျစေတဲ့ဆေး၊ ယားနာပျောက်ဆေးနဲ့ စတီးရွိုက်ပါတဲ့ ဆေးတွေကို လိမ်းရင် ပိုဆိုးတတ်ပါတယ်။


Credit : နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18