Print

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

  21-Aug-2018
Preview Image

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။


(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက်များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင်ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်း စတဲ့လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။


(၂) အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီးဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါးပါတယ်။


(၃) ဆားလျှော့စားပါ
လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုးစေနိုင်သလို လေပွစေနိုင်ပါတယ်။ ဆားပါဝင်မှုများတဲ့ အဓိက ရန်သူက တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင်ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကိုသုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများသောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။


(၄) အစာကို နည်းနည်းနှင့် မကြာခဏစားပါ
ညစာကို များများစားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။


(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ
ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။


Credit : Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18