Print

ခေါင်းလျှော်ဆိုင်သွား သတိထား

  09-Aug-2018
Preview Image


ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက်ဆိုင်မှာလှျှော်ခြင်း၊ ဆံပင်နှင့်ပတ်သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှအတွက် လုပ်ဆောင်နေကြပါ တယ်။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့ပေးချင်လို့ပါ။


လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြား ရှိပါတယ်။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကို ဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက် အတွက်ကျတော့ လူု့အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အဲလိုမျိုးတွေရှိပါတယ်။


ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်းမပြု့ လုပ်သင့်ပါ။ လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့်ရှင်းရန်လည်း လိုအပ်ပါတယ်။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ပါ။ လက်သည်းရှည်ထားပြီး မသန့်ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင်လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါကူးစေတက်သည်။ခေါင်းလျှော်ပြီးလို့ နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကို မသိနားမလည်ဘဲ ခေါင်းနဲ့ဂုတ်ပိုးများကို နှိပ်နယ်ခံယူတတ်ကြပါတယ်။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်းခံကြရပါတယ်။ တစ်ချို့ကအဲလိုလုပ်မှ ကောင်းတယ်။ လူကိုပေါ့သွားတယ်အကြောတွေပြေတယ်။ ခေါင်းကြည်တယ်လို့ ပြောပါတယ်။


နားထဲကိုလည်း ရေဝင်အောင်လုပ်သည့် လုပ်ဆောင်နည်းတစ်မျိုးထပ်လုပ်ကြပါတယ်။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ်။ အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ်။ အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဦးခေါင်းပိုင်းတုန်တုန်ဖြစ်နြေင်း၊အကြားအာရုံအလွန်နည်းလာခြင်း ခေါင်းကျင်ဝေဒနာစွဲကပ်လာနိုင်ခြင်းတို့ ဖြစ်လာတက်ပါတယ်။ နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို့ ဖြစ်တက်ပါတယ်။


ဆံကေသာအရောင်ဆိုးခြင်း သင်လုပ်ဆောင်ပါက လူတစ်ချို့တွင် ဦးခေါင်းယားယံခြင်း၊ ပူစပ်သလိုခံစားမိခြင်း၊ ခေါင်းကိုက်ခေါင်းခဲသလိုခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော်ခံစားနေရလျှင် နီးစပ်ရာဆေးခန်းတစ်ခုကို ပြသပေးရန် လိုအပ်ပါသည်။ ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့်ပိုးဝင်ပြီး မှိုတက်ရောဂါ ဖြစ်လာတတ်ပါသည်။ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး ကုသမှု ကြာရှည်တက်ပါတယ်။


Ref:

Mg Mandalay

Monday, June 29, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18