Print

Rainbow ဆံပင်ကာလာကို ကာလာဆန်းတွေ မဆိုးခင် မဖြစ်မနေသိထားရမယ့် အချက်များ

  21-Jul-2018
Preview Image


သက်တန့်ရောင်လို ဆံပင်ကို ကာလာစုံဆိုးချင်သူတွေ၊ အပြာ၊ ခရမ်းလို ကာလာအဆန်းဆိုးချင်သူတွေအတွက် ဆံပင်မဆိုးခင် သိထားရမယ့် အချက်တွေ ရှိနေပါတယ်။ ကိုယ်မြင်နေတဲ့ နိုင်ငံတကာက မော်ဒယ်တွေ၊ အဆိုတော် မင်းသမီးတွေလို ဆံပင်ကာလာမျိုး ထွက်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း သိထားရမှာဖြစ်ပြီး ဆံပင်ဆိုးပြီးတဲ့အခါမှာရော ကာလာအတွက် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာတွေကိုပါ သိထားရမှာဖြစ်ပါတယ်။ ဒီတော့ ဒီလို ကာလာအဆန်းတွေ မဆိုးခင် သင်ပြုလုပ်ရမှာက

၁။ ဆံပင်ညှပ်ဆရာဆီ သေချာသွားပြီး မေးမြန်းပါ။

ဆံပင်ညှပ်ဖို့တန်းမသွားသေးပဲ ကိုယ်ညှပ်မယ့် ဆံပင်ညှပ်ဆရာရဲ့ လက်ရာတွေကို သေချာလေ့လာပါ။ ပြီးမှ အဲ့ဒီဆံပင်ညှပ်စရာဆီသွားပြီး သင်ညှပ်မယ့်၊ ဆိုးမယ့် အရောင်၊ ပုံစံ စတာတွေကို ပြောပြပြီး အဆင်ပြေမပြေ မေးမြန်းပါ။

၂။ ဆံပင်သားနဲ့ပတ်သက်ပြီး အတိအကျမေးမြန်းပါ။ သူမေးတာကိုလည်း အမှန်အတိုင်းဖြေပါ။

ဆံပင်ညှပ်ဆရာနဲ့ တွေ့တဲ့အခါ သင်လိုချင်တဲ့ ဆံပင်ကာလာနဲ့ ဆံပင်ပုံစံက ဘယ်လိုဆိုတာ ဓာတ်ပုံနဲ့တကွ ပြသဖို့ လိုပါတယ်။ သင်ဘယ်လို ဆံပင်အရောင်ကိုတော့ဖြင့် လုံးဝမလိုချင်ဘူးဆိုတာကိုလည်း ပွင့်လင်းစွာ ပြောပြပါ။ သင့်ဆံပင်သားနဲ့ ကာလာဆိုးဖို့ အဆင်ပြေမပြေ သူ့ကိုမေးပါ။ သူက သင့်ကိုပြန်မေးတဲ့ သင့်ဆံပင်သား အကြောင်းကိုလည်း အမှန်အတိုင်း ဖြေပါ။ ဥပမာ သင့်ဆံပင်က ဘယ်နှစ်ခါ ချွတ်ထားဖူးသလဲ၊ ကာလာအနက်ကို ဘယ်တုန်းက ပြန်ဆိုးထားသလဲ စတဲ့ မေးခွန်းတွေကိုလည်း သေချာဖြေဖို့ လိုပါတယ်။ ဒီလိုမှသာ အရောင်ထွက်နိုင် မထွက်နိုင် သူလည်းပြောပြပေးနိုင်မှာပါ။

၃။ ဆံပင်ချွတ်ဖို့သွားတဲ့အခါ ခေါင်းမလျှော်လည်း ကိစ္စမရှိပါဘူး။
သင့်ခေါင်းကထွက်တဲ့ အဆီတွေက ဆံပင်ချွတ်တဲ့အခါ သင့်ဦးရေပြားကို ကာကွယ်ပေးနိုင်တာကြောင့် ဆံပင်ဆိုးဖို့ သွားတဲ့အခါ မချွတ်ခင် ခေါင်းမလျှော်လည်း ကိစ္စ မရှိပါဘူး။ ခေါင်းလျှော်ပြီး ဒုတိယနေ့ တတိယနေ့မှ သွားရင်တောင် အဆင်ပြေပါတယ်။

၄။ဆံပင်ချွတ်တဲ့အခါ ဈေးကြီးပေးရရင်တောင် ဆံပင်သားအတွက် အကောင်းဆုံးရွေးချယ်ပါ။

ဆံပင်ချွတ်ပြီဆိုတာနဲ့ ဆံပင်သား အနည်းငယ်တော့ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်ဆံပင်သားအတွက် ချွတ်ဆေးမှာ အကောင်းဆုံးနဲ့ ဆံပင်သားမထိခိုက်မယ့် ပစ္စည်းကိုသာ ရွေးသင့်ပါတယ်။ ကျန်တာကိုတော့ ဆံပင်ညှပ်ဆိုင်က အဆင့်ဆင့် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။

၅။ ဆံပင်ဆိုးပြီးတဲ့အခါ ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။
ဆံပင်ဆိုးပြီးသွားချိန် ခြောက်ပတ်လောက် နေပြီးရင် သင့်ဆံပင်ကာလာဟာ နည်းနည်းမှိန်သွားပါလိမ့်မယ်။ ဒီတော့ ဆံပင်ကာလာ မြန်မြန်မပြောင်းချင်ရင် ခေါင်းခဏခဏ မလျှော်ပါနဲ့။ ဒါ့အပြင် ခေါင်းလျှော်ရင်လည်း ကာလာရောင်မကျတဲ့ ရှန်ပူအမျိုးအစားကို ရွေးချယ်သုံးပါ။ ပျော့ဆေးကိုလည်း တွဲသုံးပေးဖို့ လိုပါတယ်။

Healthcare.com.mm
Credit : Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18