Print

ဆံသားခြောက်သွေ့ခြင်း

  10-Jul-2018
Preview Image

ဆံသားခြောက်သွေ့ခြင်းက ဆံသားမှာ သဘာဝ အဆီ ကင်းမဲ့ခြင်းကြောင့် ဖြစ်ပြီး အချို့မှာ မျိုးရိုးဗီဇကြောင့်ဖြစ်တက်ပါတယ်။ ခြောက်သွေ့တဲ့ ဆံသားတွေကြောင့် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေပါတယ်။ဂရုစိုက် ရမယ့် အရာတွေကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာများစားခြင်းဆံပင် ပျော့ဆေးသုံးပေးခြင်း တို့လုပ်ပေးနိုင်ပါတယ်။

အသုံးဝင်နိုင်မယ့်နည်းလမ်းလေးတွေကတော့

၁။ဆံပင်ပုံစံသွင်းတဲ့ ပစ္စည်းတွေနည်းနိုင်သမျှ နည်းနည်း သုံးပါ။

ဆံပင် ပုံသွင်းတဲ့ ပစ္စည်းတွေကဆံသားခြောက်သွေ့စေနိုင်ပါတယ်။ဆံပင်ဖျန်းဆေးကတော့ ဆံသားခြောက်သွေ့စေနိုင်တဲ့ အဓိကပစ္စည်းပါ။ဆံသားရဲ့ အစိုဓာတ်ကို စုပ်ယူလိုက်တဲ့ အတွက် ဆံသားခြောက်သွေ့စေတာပါ။

၂။ဆံပင်ကို အပူနဲ့ထိတွေ့မှုနည်းပါစေ။

ဆံပင်ကို အပူပေးတာများရင်လည်း ခြောက်သွေ့စေနိုင်ပါတယ်ရေနွေးပူပူနဲ့ခေါင်းလျှော်တာမျိုး၊ ဆံသားခြောက်သွေ့အောင် ဆံပင်မှုတ်စက် အသုံးပြုတာမျိုးတွေ မလုပ်သင့်ပါဘူး။

၃။ခေါင်းနေ့တိုင်းမလျှော်ပါနဲ့။

နေ့တိုင်းခေါင်းလျှော်ဖို့မလိုပါဘူး၊ပိုကောင်းတာက သုံးရက်တစ်ကြိမ်လျှော်တာ အကောင်းဆုံးပါ။အကယ်၍နေ့တိုင်းလျှော်ချင်ရင် ခေါင်းလျှော်ရည် မသုံးဘဲ ဆံပင်ပျော့ဆေးသာ အသုံးပြုပေးပါ။

၄။ ဆံပင်ကိုနဂိုအရောင်အတိုင်းထားပါ။

ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ အခြား ဓာတုပစ္စည်းတွေက ဆံသားကိုခြောက်သွေ့စေလို့ပါ။

၅။သဘာဝပစ္စည်းများများသုံးပါ။

သဘာဝပစ္စည်းများများ ပါဝင်တဲ့ ခေါင်းလျှော်ရည် အမျိုးအစားပျောင်းသုံးခြင်းကလည်း ဆံပင်ချောက်တာကို သက်သာစေပါတယ်။

၆။သံလွင်ဆီပူပူလေးနဲ့လည်း ကုသနိုင်ပါတယ်။

သံလွင်ဆီမှာ  အန်တီအောက်ဆီးဒင့် နဲ့ ဗီတာမင် E ပါဝင်တာကြောင့်အစိုဓာတ် အပြည့်အဝပေးနိုင်ပါတယ်။အပူပေးထားတဲ့ သံလွင်ဆီကို ဆံသားကိုလိမ်းပေးပြီး နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။

၇။ ထောပတ်သီး

ထောပတ်သီး အမှည့်ကို သံလွင်ဆီ စားပွဲတင်ဇွန်း(၂)ဇွန်းနဲ့ရောပြီးကြိတ်ချေပြီး ဆံပင်ကိုသုတ်လိမ်းပေးပါ။ပြီးရင် မိနစ် (၃၀)ခန့်ထားပြီးခေါင်းလျှော် ပေးလို့ရပါပြီ။

၈။ကြက်ဥသုတ်လိမ်းပါ။

ကြက်ဥတစ်လုံးကို သံလွင်ဆီစားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရောပြီး ဆံပင်ကို သုတ်လိမ်းကာ ၁၅ မိနစ်ခန့်ထားပါ။ပြီးမှ ရေနွေးနွေးလေးနှင့် ခေါင်းလျှော်ခြင်းကလည်းကောင်းပါတယ်။


ဆံပင်အရာင်ဆိုးခြင်းအတွက် သိကောင်းစရာ

1. ဆိုးဆေးများကို ဆံပင်ပေါ်တွင်လိုအပ်သည်ထက် ကြာအောင်မထားပါနှင့်။

2. ဆိုးဆေးအသုံးပြုပြီးနောက် ဦးရေပြားကိုစင်ကြယ်အောင်ရေသေချာဆေးချပါ။

3. ဆံပင်ဆိုးဆေးကို ကိုင်တွယ်ရန်လက်အိတ်ဝတ်ပါ။

4. ညွှန်ကြားချက်အတိုင်းသေချာစွာလိုက်နာပါ။

5. အမျိုးအစားမတူတဲ့ ဆိုးဆေးများကိုမရောပါနှင့်။

6. ဆံပင်မဆိုးမီ ဘူးပေါ်တွင်ပါဝင်သောပစ္စည်းအတိုင်း ဓာတ်တည့်/မတည့် စမ်းသပ်ပါ။ အရောင်မဆိုးမီ အကြိမ်တိုင်းစမ်းသပ်ရန်မှာ အရေးကြီးလှပါသည်။ ဆိုးဆေးအနည်းငယ်ကိုယူ၍ နားရွက်နောက်တွင်တို့ပြီး နှစ်ရက်ခန့်ရေမဆေးဘဲ ထားကြည့်ပါ။ ယားယံခြင်း၊ နီမြန်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စသောဓာတ်မတည့်ခြင်းတို့မရှိပါက ဆံပင်ပေါ်တွင် စိတ်ချလက်ချဆိုးနိုင်ပါတယ်။ အကယ်၍ ၎င်းဆိုးဆေးနှင့်မတည့်ပါက အခြားဆိုးဆေးများကိုလည်း အထက်ပါအတိုင်းစမ်းသပ်၍ မိမိနဲ့အဆင်ပြေနိုင်မယ့် ဆိုးဆေးကိုရွေးချယ်နိုင်ပါတယ်။

7. အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (US FDA)မှ ဆိုးဆေးများကိုမျက်တောင်မွှေးနှင့် မျက်ခုံးမွှေးတို့တွင် သုံးစွဲခြင်းကို တားမြစ်ထားပါသည်။ ဓာတ်မတည့်မှုများကြောင့် ရောင်ရမ်းခြင်းအပြင် ပိုးဝင်ခြင်းနှင့် မတော်တဆမျက်လုံးထဲရောက်သွားပါက မျက်စိကွယ်ခြင်းများထိဖြစ်နိုင်ပါတယ်။

8. ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန်နှင့် ကလေးများအနီးတွင် မထားရှိရန် အရေးကြီးပါတယ်။

9. ဦးရေပြားစုတ်ပြဲနေပါက အသုံးမပြုပါနှင့်။

Credit : နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18