Print

လက်မောင်းအောက် ချိုင်းသားမည်းသူများအတွက် နည်းလမ်းကောင်း

  30-May-2018
Preview Image

လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော်။ ကိုယ့် ရဲ့လက်တစ်ကမ်း မှာပဲ အလွယ် ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေ ကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့ မသေးပါနဲ့။ အချိန် နဲ့ စိတ်ရှည်မှု ပဲ လိုပါတယ်။


(၁) အာလူး က သိပ်ကောင်းတဲ့ သဘာ၀ အရောင်ချွတ်ဆေး ပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင် တာကြောင့် အရေပြား ကို မယားယံစေပါဘူး။ အာလူး ကို ပါးပါးလေးတွေ လွှာလှီး လိုက်ပြီး ချိုင်းနေရာ ကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက် ရပါမယ်။


 ပြီးရင်တော့ ရေ ကြက်သီးနွေးလေး နဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ် မလား။


(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေ ကလဲ သဘာဝကို က သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်း ပါ။ သူ့မှာ က ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန် မှာ  ပါတဲ့ အက်ဆစ် ဂုဏ်သတ္တိတွေ က တောက်ပစေခြင်း နဲ့ ဆဲလ်အသေတွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။


 ရေမချိုးခင် သံပုရာသီး ကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်း ကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသား အရေ မခြောက် သွားရအောင် moisturizer တမျိုးမျိုး လိမ်းထား လို့ ရပါတယ်။


သံပုရာရည် သုံးတဲ့ နောက် တစ်နည်း ကတော့ သံပုရာရည်+ ဆနွင်းမှုန့်+ဒိန်ချဉ်+ပျားရည် ရောပြီး အနှစ် လုပ်။ အဲဒီ အနှစ် ကို ချိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်တာပါ။ လွယ်တယ်နော် ဒီနည်း လဲ။


(၃) Baking Soda မုန့်ဖုတ်ဆော်ဒါ ကလဲ ချိုင်းသားဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ် အနံ့ ဆိုးတွေ မထွက်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ ကို ရေနဲနဲ နဲ့ ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်။ ချိုင်းမှာ လိမ်းထားပြီး အဲဒီနေရာ တစ်ဝိုက် ကို scrubbing လုပ်နေပေါ့။ 


ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ် ပုတ်ပေးပေါ့။ ဒါလဲ လွယ်တာပဲ။


(၄) သခွားသီး ကတော့ အသား အရေ အရောင် လင်းလက်စေပါတယ်။ သံပုရာသီး နဲ့ သခွားသီး ၂ မျိုး ရော လိုက်ရင် အသားအရေ မှာ မည်းကွက်နေတာတွေ ကို ကောင်းကောင်း အရောင် ချွတ်ပေးနိုင်တာပေါ့။ သခွားသီး က အသားအရေ ပျော့ပျောင်းစေသလို သံပုရာသီး က အရောင်ချွတ်ပေးတာကိုး။


သခွားသီး ကို လှီးပြီး ချိုင်းသား ကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှ မဟုတ်လဲ သခွားရည် ကို ချိုင်းက မည်းနေ တဲ့နေ ရာ လိမ်းထား လိုက်တာပါ။


သခွားရည် သုံးတဲ့ နောက်တစ်နည်း ကတော့ သခွားရည် နဲ့ သံပုရာရည် အရော ထဲ ဆနွင်းမှုန့်နဲ နဲ ရောမွှေပြီး လိမ်းတာပါ။


(၅) လိမ္မော်သီး အခွံ မှာလဲ ချိုင်းသားတွေ မည်းတာ ကို ဖြူလာအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ scrub လုပ်တဲ့နည်း ကလဲ မခက်ပါဘူး။


အရင်ဆုံး လိမ္မော်ခွံ ကို အခြောက် လှမ်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါ ကြိတ်စက် နဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်လိုက်ပါ။ အဲဒီ လိမ္မော်ခွံ အမှုန့်ရယ်+ နို့ရည်+ နှင်းဆီရည် (စူပါမားကက်တွေ အလှကုန် ဆိုင်တွေ မှာ မေး ဝယ်ပါ)။ အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်း ကို လိမ်းထား၊ ၁၀ မိနစ်လောက် scrub လုပ်။ ခပ်ဖြည်းဖြည်း ပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့လေ။


ကဲ-- လက်ပြတ် အင်္ကျ ီပဲ ဝတ်ဝတ်၊ ချိုင်းအနံ့ ဆိုးလဲ မထွက်အောင် အလွယ်သုံး အိမ်တွင်း ကုထုံးပါ။ 


အားလုံး အဆင်ပြေကြပါစေနော်။


Credit :  Lwin ko



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18