Print

ထိခိုက်ပျက်စီးလွယ်သောအသားအရေကို ဘယ်လိုထိမ်းသိန်းကျမလဲ

  19-Jun-2018
Preview Image


အရေပြားဆရာဝန်များက အလွန်ခြောက်သွေ့၍ အဖုအပိမ့်များ အစက်အပြောက်များ အရေပြားနီမြန်းမှုများ ဖြစ်ပွားလွယ်သော အသားအရေကို ထိချုက်ပျက်စီးလွယ်သော အသားအရေအဖြစ် သက်မှတ်ကျသည်။ အလွန်တရာခြောက်သွေ့သော အသားအရေသည် အားရုံကြောများကို ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် ထိခိုက်လွယ်သော အရေပြား၌ တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ အရေပြားခြောက်သွေ့မှုအပြင် ဓာတ်မတည့်ခြင်းများ နှင်းခူနှင့် အရေပြားရောင်ရမ်းမှုများကြောင့်လည်း အထက်ပါတုံပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။နေနှင့် လေကဲ့သို့ ပတ်ဝန်းကျင်အခြေအနေများကလည်း အရေပြားပျက်စီးစေနိုင်သလို မျိုးရှိးဗီဇ အရလည်း ထိခိုက်ပျက်စီးသောအသားအရေဖြစ်ပေါ်စေနိုင်သည်။ ထိခိုက်ပျက်စီးလွယ်သော အသားအရေ ဆိုသည့်အတိုင်း ဂရုစိုက်၍ ထိမ်းသိန်းစောင့်ရှောက်ရန်လိုအပ်သည်။ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်လျှင် ချောမွေ့လှပသောအသားအရေကို ရရှိပိုင်ဆိုင်နိုင်ပါသည်။

 

၁။ သံပရာရည်နေ့စဉ်သောက်ပါ

သံပရာသီးတွင်ပါဝင်သော Vitamin C နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသားအရေပျက်စီးမှုကို တားဆီးပေးနိုင်ပြီး သံပရာရည်သည် သွေးအတွင်းမှ အဆိပ်ဓာတ်များကို ဖယ်ရှားပေးနိုင်သောကြောင့် ဝက်ခြံထွက်ခြင်း အရေပြားတွန့်ခြင်းနှင့် အခြားသော အရေပြားပြသနာများအတွက်ကောင်းမွန်သည်။

 

၂။ တစ်နှစ်တာလုံး အပြင်ထွက်လျှင်နေရောင်ကာ ခရင်မ် (sun cream) သုံးပါ

နေရောင်ကာ ခရင်မ်သည် အသားအရေကို ထိခိုက်စေသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်သည်။ သို့သော နေရောင်ကာခရင်မ် အများစုသည် ထိခိုက်လွယ်သောအသားအရေနှင့် မတည့်သည့်ဓာတ်ပစ္စည်းများ ပါဝင်တတ်သဖြင့် zinc oxide နှင့် titanium dioxide တို့ပါဝင်သည့် ပစ္စည်းများကိုသုံးသင့်သည်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည် ၉၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်သည့် နေရောင်ကာအညွှန်း SPF 30 ပါဝင်သော cream ကိုသုံးသင့်သည်။

 

၃။ Skin care များကို ဂရုစိုက်ရွေးခြယ်ပါ

ထိခိုက်ပျက်စီးလွယ်သော အသားအရေ ရှိသူများသည် Skin care များကို ဂရုစိုက်ရွေးခြယ်ရမည်း alcohol, sodium lauryl sulfate, petrochemicals များ acid နှင့် ရောင်ခြယ်ပစ္စည်းများ ပါဝင်သော Skin care များကို မသုံးပဲ လက်ဖက်စိမ်းနှင့် ရှားစောင်းလက်ပတ် စသည့် သဘာဝပစ္စည်းနှင့် ပြုလုပ်ထားသော skin care များကို သာရွေးခြယ်သုံးစွဲသင့်သည်။

 

၄။ မိတ်ကပ် အထူကြီးမပြင်ပါနှင့်

ထိခိုက်လွယ်သောအသားအရေ ရှိသူများသည် အလှပြင်ပစ္စည်းများရွေးခြယ်ရာတွင်လည်း ဂရုစိုက်သင့်ပြီး ရေစိုခံအလှပြင်ပစ္စည်းများကို မသုံးသင့်။အလှပြင် ပစ္စည်းများကို အမျာနှင့် မျှဝေသုံးစွဲခြင်းမပြုသင့်။မိတ်ကပ် အထူကြီးမပြင်သင့်။

 

၅။ နို့ရည်နှင့် ဆေးကြောပါ

နို့ရည်သည် ထိခိုက်လွယ်သော အသားအရေအတွက် အထူးကောင်းမွန်သော အစိုဓာတ်ထိန်းပေးသည့် အရာဖြစ်သည်။ ရောင်ရမ်းခြင်းကို ကျစေသောပစ္စည်းများ နှင့် အသားအရေချောမွတ်စေသော ပစ္စည်းများပါဝင်သည်။

 

၆။ ကျန်းမာရေးနှင့်ညီသော အစားအစာများကိုစားသုံးပါ

ကျန်းမားရေးနှင့် ညီသောအစားအစာများကို စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက်သာမက အသားအရေအတွက်ပါ ကောင်းမွန်စေသည်။ ဗီတာမင်နှင့် သတ္ထုဓာတ်များ၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အသားဓာတ်များ omega 3 ဓာတ်များပါဝင်သည့် အစားအစာများကို စားပေးခြင်းသည် ခြောက်သွေ့၍ ယားယံလွယ်သော အရေပြားအတွက် ကောင်းမွန်သည်။ အရောင်ကျစေသော အစားအစာများဖြစ်သည့် ကြက်သွန်ဖြူ ဂျင်း နနွင်း ဆော်လမွန်ငါး ဟင်းနုနွယ်ရွက် ကန်စွန်းဥနှင့် ထောပတ်သီး စသည် တို့ကို စားပေးခြင်းလည်း အသားအရည်ကို ကောင်းမွန်စေသည်။

 

၇။ လက်ဖက်စိမ်း

လက်ဖက်စိမ်းသည် ထိခိုက်လွယ်သောအသားအရေအတွက် အထူးကောင်းမွန်သည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်၍ အသားအရေချောမွတ်စေပြီး အရွယ်တင်နုပျိုစေသည်။ လက်ဖက်စိမ်းရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် နေရောင်ကြောင့် ဖြစ်ပေါ်သော အသားအရည်ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။

 

Dr.Aung Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18