Print

သန္ဓေသားကြီးထွားခြင်း

  27-Oct-2018
Preview Image

သန္ဓေအောင်ပြီးနောက် မျိုးဥသည် သားအိမ်တွင်းသို့ ဆင်းသွားပြီးသားအိမ်နံရံတွင်နေရာယူ တွယ်ကပ်လိုက်သည်။ ၎င်းသည် ကိုယ်ဝန်ရှိခြင်း၏ မူလအစဖြစ်သည်။ ဆဲလ်များသည် အကြိမ်ထောင် ပေါင်းများစွာ အဆင့်ဆင့် ပွားများကြပြီးနောက်ဆုံးတွင် သန္ဓေသားလောင်းဖြစ်လာသည်။ သန္ဓေအောင်ပြီး ရက်သတ္တပတ် ၉ပတ်မှ မွေးဖွားသည်အထိကြာမြင့်သော သန္ဓေအောင်အဆင့်တွင် ဆဲလ်များသည် ပွားများ ခြင်း။ ရှည်လျားခြင်းနှင့်ပြောင်းလဲခြင်းတို့ဖြင့်ကြီးထွားဖွံ့ဖြိုးမှု ဆက်လက်သွားသည်။ သန္ဓေအောင်သည်ရေမြွာရေအိတ်အတွင်းရှိ ရေမြွာရေထဲတွင် မျောပါနေသည်။


သန္ဓေအောင်သည် မိခင်၏ သွေးထဲမှ အောက်ဆီ ဂျင်နှင့်အာဟာရများကို အချင်းမှတဆင့် ရရှိသည်။ အချင်းဆိုသည်မှာ ဓါတ်ပြား သဏ္ဍာန်အင်္ဂါဖြစ်ပြီး သားအိမ် ၏အတွင်းနံရံကိုတွယ်ချိတ်ထား၍ သန္ဓေသားကိုလည်း ချက်ကြိုးမှတဆင့် ဆက်သွယ်ထားသည်။ ကိုယ်ဝန်ဆောင်ခြင်းသည် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၂၈ဝ- ၉ လ ခန့်ကြာမြင့်သည်။


Ref:
ကျန်းမာရေးစေတမာန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18