Print

Kidney cancer (ကျောက်ကပ် ကင်ဆာ)

  27-Oct-2018
Preview Image

ခန္ဓာကိုယ်၏ ဘေးတစ်ဖက်တစ်ချက်တွင်တည်ရှိနေသော ကျောက်ကပ်မှ ဖြစ်ပေါ်လာသောကင်ဆာဖြစ်သည်။


လက္ခဏာများ

ကျောက်ကပ်ကင်ဆာသည် အစောပိုင်းတွင်မည်သည့် လက္ခဏာမှ မပေါ်တတ်ပါ။ နောက်ပိုင်းတွင် ဖြစ်ပေါ်ခံစားရနိုင်သော လက္ခဏာများမှာ-

- ဆီးထဲတွင် သွေးပါခြင်း

- ကျောအောင့်ခြင်း၊ ခါးနာခြင်း

- ကိုယ်အလေးချိန်ကျသွားခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အဖျား တက်လိုက်ကျလိုက်ပုံစံ ဖျားခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းအရင်းဟူ၍ အတိအကျမသိသေးပါ။ သို့သော် ဖြစ်ပွားဖို့များသည့် အခြေအနေများမှာ-

- အဝလွန်ခြင်း

- ဆေးလိပ်သောက်ခြင်း

- မိဘမျိုးရိုးထဲတွင် ကင်ဆာမျိုးရိုးရှိခြင်း သို့  ဖြစ်ဖူးခြင်း။


စစ်ဆေးမှုများ

- သွေးစစ်ခြင်း

- ဆီးစစ်ခြင်း

- အာထရာဆောင်းရိုက်ခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- Biopsy – အသားစယူ၍ စစ်ဆေးခြင်း


ကုသခြင်း

ဖြစ်ပေါ်နေသည့် ကင်ဆာအဆင့် (stage) နှင့်ကင်ဆာ အမျိုးအစားတို့ပေါ်မူတည်၍ ကုသနည်းကိုစဉ်းစားရသည်။

- ခွဲစိတ်ကုသခြင်း- ဤနည်းလမ်းသည် ကျောက်ကပ်ကင်ဆာကုသခြင်းတွင်အဓိကကျသော ကုထုံးဖြစ်သည်။

- Partial nephrectomy (Nephron sparing surgery)- tumor ကင်ဆာ အလုံးသာထုတ်ခြင်းနှင့်

- Total nephrectomy- ကင်ဆာဖြစ်ပွားနေသည့် ကျောက်ကပ်တစ်ခုလုံးထုတ်၍ ကုသခြင်းတို့ဖြစ်သည်။


အချို့သူများတွင် ခွဲစိတ်ကုသရန်မဖြစ်နိုင်ပါက ပြုလုပ်နိုင်သောနည်းလမ်းများမှာ-

- Cryoablation- အအေးချောင်းဖြင့် ကင်ဆာအလုံးကိုတို့၍ ကုသခြင်း

- RFA(Radio frequency ablation)- electrical လျှပ်စစ်စီးကြောင်းဓာတ်ကို အသုံးပြု၍ ကင်ဆာအလုံးကိုသတ်ခြင်း။


ကုသပြီးနောက်ပြန်၍ ဖြစ်သောကင်ဆာများနှင့် ကင်ဆာအဆင့်မြင့်နေပါက ကုသနိုင်သောနည်းလမ်းများမှာ-

ဖြစ်ပွားနေသည့် ကင်ဆာအလုံးကို အရှင်းသက်သာအောင်မပြုလုပ်နိုင်သော်လည်း ဖယ်နိုင်သမျှ ဖယ်ပစ်ရမည်။

Biological therapy- ကင်ဆာဖြစ်ပေါ်ခြင်းကို ပြန်တိုက်နိုင်သည့် ခုခံအားဓာတ်ကို မြှင့်တင်ခြင်း ဆေးများပေး၍ ကုသခြင်း။

Targeted therapy- ကင်ဆာအလုံးကြီးထွားမှုကိုရပ်တန့်စေသည့် ဆေးဝါးများဖြင့်ကုသခြင်း

Radiation therapy- ဓာတ်ရောင်ခြည်သုံး၍ ကုသခြင်း


ကာကွယ်ခြင်း

- ဆေးလိပ်ဖြတ်ခြင်း

- ကိုယ်အလေးချိန်ထိန်းခြင်း

- သွေးပေါင်ချိန်လျော့ချခြင်းတို့ ပြုလုပ်နိုင်ပါသည်။


Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18